Connect with us

Hi, what are you looking for?

News

သူရဲကောင်းမလေးပန်းသီးကို ကန့်သတ်ချက်တွေနဲ့ သင်္ဂြိုဟ်ခွင့်ရ

နာမည်တွေနဲ့တကွထုတ်ပြန်တာမဟုတ်လို့ မပန်းသီး (ခ) မဝေဝေမြင့်နဲ့ အတူ သေဆုံးသွားတဲ့လူငယ်က ဘယ်သူဖြစ်တယ်ဆိုတာနဲ့ ဒဏ်ရာတွေနဲ့ ဆေးရုံတင်ထားရတဲ့လူငယ်တွေက ဘယ်သူတွေဖြစ်တယ်ဆိုတာမသိရသေးပါဘူး၊ အသက် ၂၉ နှစ်အရွယ် မပန်းသီးမှာ ခင်ပွန်းနဲ့ အတူ ၅ နှစ်အရွယ်သမီးငယ်လေးတစ်ဦးကျန်ရစ်ခဲ့ပါတယ်။

၄၄ လမ်းတိုက်ပေါ်က ခုန်ချကြွေလွင့်သွားခဲ့တဲ့ သူရဲကောင်းမလေးပန်းသီး ကို ဒီနေ့ပဲ မီးသင်္ဂြိုဟ်လိုက်ပြီလို့ ခင်ပွန်းဖြစ်သူက အသိပေးထားပါတယ်။

ကွယ်လွန်သူတွေရဲ့ နောက်ဆုံးခရီးကို မိသားစုဝင်တွေဟာ ကောင်းမွန်စွာ နှုတ်ဆက်ခွင့်မရခဲ့ဘဲ အရိုးပြာကောက်ခွင့်နဲ့ ဓာတ်ပုံရိုက်ခွင့်တောင် မရရှိခဲ့ဘူးလို့ ဆိုပါတယ်။

“ဓာတ်ပုံရိုက်ခွင့်မရှိ၊ အရိုးပြာကောက်ခွင့်မရှိလို့ ရသလောက်မှတ်တမ်းတင်ခဲ့ပါတယ်” လို့ ခင်ပွန်းဖြစ်သူရဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးထားပြီး မီးခိုးခေါင်းတိုင်ပုံနဲ့ ဝိညာဥ်ခေါ်လာတဲ့ ပန်းလေးတွကို ဓာတ်ပုံရိုက်တင်ထားပါတယ်။

ဇနီးသည်ကို နောက်ဆုံးအနမ်းလေးနမ်းခွင့်ရအောင် ကူညီပေးသူတွေအားလုံးကို ကျေးဇူးတင်တယ်လို့လည်း ရေးထားပါတယ်။

Public Service Announcement

Public Service Announcement

မနေ့က စစ်ကောင်စီတပ်တွေ ၄၄ လမ်းမှာ ရှိတဲ့ တိုက်တစ်တိုက်ကို ဝင်းစီးရာမှာ သူရဲကောင်းမလေး ပန်းသီး (ခ) မဝေဝေမြင့် က အခြားလူငယ်လေးဦးနဲ့အတူ ခုန်ချသွားခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီထုတ်ပြန်ချက်အရတော့ ခုန်ချသွားတဲ့ လူငယ် ၅ ဦးအနက် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး ကျန် ၃ ဦးကတော့ စစ်ဆေးရုံမှာ တင်ထားတယ်လို့ ဆိုပါတယ်။

အခန်းထဲမှာ ကျန်ခဲ့တဲ့ အမျိုးသား ၂ဦးနဲ့ အမျိုးသမီး၁ဦးကိုလည်းဖမ်းဆီးရမိတဲ့အကြောင်း ပုံနဲ့တကွ ထုတ်ပြန်ထားပါတယ်။

နာမည်တွေနဲ့တကွထုတ်ပြန်တာမဟုတ်လို့ မပန်းသီး (ခ) မဝေဝေမြင့်နဲ့ အတူ သေဆုံးသွားတဲ့လူငယ်က ဘယ်သူဖြစ်တယ်ဆိုတာနဲ့ ဒဏ်ရာတွေနဲ့ ဆေးရုံတင်ထားရတဲ့လူငယ်တွေက ဘယ်သူတွေဖြစ်တယ်ဆိုတာမသိရသေးပါဘူး၊ အသက် ၂၉ နှစ်အရွယ် မပန်းသီးမှာ ခင်ပွန်းနဲ့ အတူ ၅ နှစ်အရွယ်သမီးငယ်လေးတစ်ဦးကျန်ရစ်ခဲ့ပါတယ်။

မပန်းသီးဟာ စစ်အာဏာရှင်တော်လှန်ရေးအတွင်း ပြီးခဲ့တဲ့ ဧပြီက ကျောက်မြောင်းမှာ လူငယ် ၁၈ ဦး ဖမ်းဆီးခံရတုန်းက သူပါဝင်ခဲ့ပါတယ်။ သို့သော် နောက်တစ်ရက်တွင် ဖမ်းဆီးခံရသူ အချို့ကို ပြန်လွှတ်ပေးရာမှာ မပန်းသီး ပါဝင်လာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

သာမာန်သူတွေအတွက် အိပ်ယာထ၊မျက်စိနှစ်လုံးပွင့်တာဟာ အသေးအမွှားကိစ္စလိုဖြစ်နေပေမယ့် ဒီစင်တာထဲမှာတော့ လူနာ တွေ လမ်းပြန်လျှောက်နိုင်တာ၊ လက်ကလေးဖြန့်နိုင်တာ ၊ အသက်ရှင်လျှက် နိုးထရတာတွေဟာ စင်တာအတွက်တော့ တန်ဖိုး ဖြတ်မရနိုင်တဲ့ အရာတွေဖြစ်နေပါတယ်။

ဆောင်းပါး

ကိုနိုင်ဝင်းပါဝင်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ဆောင်းရာသီက တိုက်ပွဲတစ်ခုဟာ ဒေသခံပြည်သူတွေနဲ့ ကာကွယ်ရေးရဲဘော်တွေကြားမှာ ဒီနေ့အထိ ပြောစမှတ်တွင်နေဆဲပါ။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ယခုနှစ်တွင် စစ်ကောင်စီကို စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးအပါအဝင် ဘက်ပေါင်းစုံမှ ထိုးစစ်ဆင်တိုက်ခိုက်ပြီး တော်လှန်ရေး အဆုံးအဖြတ်ကို ဖော်ဆောင်သွားမည်ဟု အသိပေးထားသည်။

သတင်း

ယနေ့ (ဩဂုတ် ၁၇ရက်)တွင် ကျရောက်သော (၇၄) နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့သို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့ခြင်းဖြစ်သည်။