Connect with us

Hi, what are you looking for?

သတင်း

အသက်ပေးဆပ်ခဲ့ရသည့် ကရင်နီပြည်၏အာဇာနည် သူရဲကောင်းများကိုအောက်မေ့ ဦးညွှတ်ဂုဏ်ပြုကြောင်း NUGကာကွယ်ရေး ကရင်နီတပ်မတော်နေ့သို့သဝဏ်လွှာပို့

ယနေ့ (ဩဂုတ် ၁၇ရက်)တွင် ကျရောက်သော (၇၄) နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့သို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့ခြင်းဖြစ်သည်။

ကရင်နီတပ်မတော်နေ့ အခမ်းအနားကျင်းပနေစဉ်၊ ဓာတ်ပုံ - KnlC
ကရင်နီတပ်မတော်နေ့ အခမ်းအနားကျင်းပနေစဉ်၊ ဓာတ်ပုံ - KnlC

ကရင်နီပြည်နှင့် ကရင်နီပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်များကို ကာကွယ်ရန် အသက်၊ သွေး၊ ချွေးများစွာ စွန့်လွှတ်ပေးဆပ်ခဲ့သော ကရင်နီပြည်တပ်မတာ်နှင့်တကွ ကရင်နီပြည်၏ အာဇာနည် သူရဲ ကောင်းများ၊ကရင်နီပြည်သူများအားလုံးကို လေးနက်စွာဖြင့်အောက်မေ့ ဦးညွှတ်ဂုဏ်ပြုကြောင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေး ဝန်ကြီးဌာနက ကရင်နီတပ်မတော်နေ့သို့ သဝဏ်လွှာပေး ပို့သည်။

ယနေ့ (ဩဂုတ် ၁၇ရက်)တွင် ကျရောက်သော (၇၄) နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့သို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့ခြင်းဖြစ်သည်။

ကရင်နီပြည်တပ်မတော်သည် ကရင်နီတော်လှန် ရေး သမိုင်းတစ်လျှောက် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ကျရာတာဝန်များကို မမှိတ်မသုန် ယုံကြည်သော စိတ်ဓာတ်ဖြင့် ကျေပြွန်စွာထမ်းရွက်ခဲ့ပြီး သမိုင်းဂုဏ်ရောင်ပြောင်သည့် တပ်မတော်ဖြစ်ကြောင်း သဝဏ်လွှာ၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက် စစ်တပ်မှ မတရားအာဏာသိမ်းပြီး နောက်ပိုင်းတွင်လည်း ကရင်နီပြည်တပ်မတော်သည် နိုင်ငံရေး၊စစ်ရေး ရပ်တည်ချက်ခိုင်မာစွာဖြင့် ဘုံရန်သူဖြစ်သော စစ်ကောင်စီကို ရွပ်ရွပ်ချွံချွံ ခုခံတွန်းလှန်လျက်ရှိကြောင်း ဖော်ပြထားသည်။

ကရင်နီပြည်တပ်မတော်သည် ကရင်နီပြည်သူ များနှင့်တကွ ပြည်ထာင်စုဖွား ပြည်သူများအားလုံး မျှော်မှန်း တောင့်တလျက်ရှိသော စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်နှင့် တရားမျှတရေး၊ တန်းတူရေးတို့ကို အပြည့်အဝအာမခံသော အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် လက်တွဲညီစွာဖြင့် ဝိုင်းဝန်းကြိုးပမ်းအားထုတ် အောင်မြင်နိုင်ပါစေဟု ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့ ဆုတောင်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရွေးကောက်ပွဲမှာ မဲမပေးဖို့ အပါအဝင် တားမြစ်ချက် ၈ချက်ကို ချင်းပြည်ကောင်စီ ထုတ်ပြန်

သတင်း

အရပ်သားတွေအပေါ် စစ်တပ်ရဲ့ ရက်စက်မှုအပေါ် နှုတ်ဆိတ်နေခြင်း အဆုံးသတ်ဖို့ ၊ နိုင်/ကျဉ်းအားလုံး လွှတ်မြောက်ရေးတောင်းဆိုဖို့ နိုင်ငံတကာကို တိုက်တွန်း

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ယာယီသမ္မတဒူဝါလရှီးလနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းတိ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ယာယီသမ္မတနဲ့ KNUဗဟိုက ဒီကနေ့ စက်တင်ဘာ ၂၅ရက်ညပိုင်းမှာ သတင်းထုတ်ပြန် အသိပေးခဲ့ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအနေနဲ့ အရပ်သား ပြည်သူတွေကို အကာအကွယ်ပေးရမှာ ဖြစ်ပြီး လူသားဆန်စွာနဲ့ လေးစားစွာ ဆက်ဆံဖို့လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထပ်မံ နှိုးဆော်လိုက်ပါတယ်။