Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးအတွင်း သူရဲကောင်းများအသက် ပေးဆပ်ခဲ့ရမှုအတွက် အလုပ်ဖြင့်သက်သေပြမည်ဟု NUG ကာကွယ်ရေးသစ္စာပြု

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ယခုနှစ်တွင် စစ်ကောင်စီကို စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးအပါအဝင် ဘက်ပေါင်းစုံမှ ထိုးစစ်ဆင်တိုက်ခိုက်ပြီး တော်လှန်ရေး အဆုံးအဖြတ်ကို ဖော်ဆောင်သွားမည်ဟု အသိပေးထားသည်။

(ကြာအင်းဆိပ်ကြီးတိုက်ပွဲတွင် ကျဆုံးခဲ့ရသော PDFများအား သင်္ဂြိုလ်နေစဉ်၊ ဓာတ်ပုံ - CJ)
(ကြာအင်းဆိပ်ကြီးတိုက်ပွဲတွင် ကျဆုံးခဲ့ရသော PDFများအား သင်္ဂြိုလ်နေစဉ်၊ ဓာတ်ပုံ - CJ)

နွေဦးတော်လှန်ရေးအတွင်းပေးဆပ်ခဲ့သော သူရဲကောင်းများ၏ တာဝန်ကျေပွန်ခဲ့မှုများအတွက် အမှတ်ရနေမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး သူရဲကောင်းများကျဆုံးမှုနှင့် တကွမလွတ်လပ်သေးသော နိုင်ငံတော်အတွက် အလုပ်ဖြင့်သက်သေပြမည်ဖြစ်ကြောင်း သစ္စာပြုသည်ဟု ဖော်ပြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက နွေဦးတော်လှန်ရေးတွင် အသက်ပေးသွားခဲ့ကြသော သူရဲကောင်းအာဇာနည်များအပေါ် ပြောကြားသည့် ဂါရ၀စကားအား ဇန်နဝါရီ ၂၇ရက်တွင် ထုတ်ပြန်ခဲ့ရာ ကာကွယ် ရေးဝန်ကြီးဌာနက ယာယီသမ္မတ၏ စကားကို ပြန်လည်မျှဝေကာ အလုပ်ဖြင့်သက်သေပြမည် ဟု သစ္စာပြုခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

ယာယီသမ္မတ၏ ဂါရ၀စကားတွင် “ကျွန်ုပ်တို့သည် နွေဦးတော်လှန်ရေးတွင် အသက်ပေးသွားခဲ့သော သူရဲကောင်း အာဇာနည်များ၏ မိသားစုဝင်များနှင့် တသွေးတသားတည်း ထပ်တူ ကြေကွဲဝမ်းနည်း နှမြေတသ ဖြစ်ရပါသည်။ အားလုံးမျှော်မှန်းတန်ဖိုးထားသည့် ဖက်ဒရယ်ဒီမိုကရေစီအတွက် ကိုယ်ကျိုးစွန့်ခဲ့သော သူရဲကောင်းတို့၏ မြင့်မြတ်သော စိတ်ထားနှင့် ရဲစွမ်းသတ္တိ တို့ကို မြန်မာပြည်သူများက လေးစားစွာဖြင့် ဦးညွတ်ဂါရ၀ပြုပါသည်။ သူရဲကောင်းတို့၏ စွန့်လွှတ်အနစ်နာခံမှုကို ကျွန်ုပ်တို့၏ နှလုံးသားတွင် အစဉ်ထာ၀ရ မော်ကွန်းထိုး မှတ်တမ်းတင်ထားမည်ဖြစ်သည်”ဟု ရေးသားထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ယခုနှစ်တွင် စစ်ကောင်စီကို စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးအပါအဝင် ဘက်ပေါင်းစုံမှ ထိုးစစ်ဆင်တိုက်ခိုက်ပြီး တော်လှန်ရေး အဆုံးအဖြတ်ကို ဖော်ဆောင်သွားမည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။