Connect with us

Hi, what are you looking for?

News

အမေရိကန်၊ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်တို့ရဲ့ QUAD အဖွဲ့အစည်းအဝေးမှာ မြန်မာ့အရေးထည့်သွင်းဆွေးနွေး

လွတ်လပ်ပွင့်လင်းနဲ့ အင်ဒို-ပစိဖိတ်ဒေသ အဆင့်မြှင့်တင်ရေး QUAD အဖွဲ့ အကြံပြုချက်များ အစိတ်အပိုင်းအဖြစ် အမေရိကန်၊ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်တို့မှ အကြီးတန်းအရာရှိကြီးတွေ ဟာ အွန်လိုင်းကတစ်ဆင့် ဩဂုတ် ၁၂ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

အမေရိကန်၊ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန် တို့ပါဝင်တဲ့ ထိပ်သီးလေးနိုင်ငံ(QUAD)အဖွဲ့ရဲ့ အကြီးတန်းအရာရှိကြီးများအစည်းအဝေးမှာ မြန်မာ့အရေးကို ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

လွတ်လပ်ပွင့်လင်းနဲ့ အင်ဒို-ပစိဖိတ်ဒေသ အဆင့်မြှင့်တင်ရေး QUAD အဖွဲ့ အကြံပြုချက်များ အစိတ်အပိုင်းအဖြစ် အမေရိကန်၊ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်တို့မှ အကြီးတန်းအရာရှိကြီးတွေ ဟာ အွန်လိုင်းကတစ်ဆင့် ဩဂုတ် ၁၂ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

အဲဒီဆွေးနွေးပွဲမှာ ထိုင်ဝမ်အရေးနဲ့ ဖြစ်ပေါ်နေဆဲ မြန်မာ့အကျပ်အတည်းတို့ရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး အရေးပါမှုကို ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံရဲ့ဗဟိုအချက် အချာကျမှုကို QUAD က အခိုင်အမာထောက်ခံကြောင်း ထပ်လောင်းအတည်ပြုခဲ့ပြီး အင်ဒို-ပစိဖိတ်ဒေသအပေါ် အာဆီယံရဲ့ သဘောထား အမြင်ကို ထိပ်သီးလေးနိုင်ငံက ဆွေးနွေးခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဦးဆောင်မှုနဲ့ အိန္ဒိယ၊ ဩစတြေးလျ၊ ဂျပန်ဝန်ကြီး ချုပ်တွေ တက်ရောက်တဲ့ QUAD အဖွဲ့ရဲ့ သမိုင်းဝင်အွန်လိုင်းထိပ်သီးဆွေးနွေးပွဲ ကျင်းပခဲ့ပြီး အဲဒီတုန်းကလည်း မြန်မာ့အရေးကို ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

အဲဒီထိပ်သီးဆွေးနွေးပွဲအပြီးထုတ်ပြန်တဲ့ QUAD ခေါင်းဆောင်တွေရဲ့ ပူးတွဲကြေညာချက်မှာ မြန်မာနိုင်ငံနဲ့ ပြည်သူလူထုကို ကာလရှည်ကြာရပ်တည်ထောက်ခံကြသူတွေအနေနဲ့ ၎င်းတို့ဟာ ဒီမိုကရေစီပြန်လည်အသက်သွင်းရေး အရေးပေါ်လိုအပ်မှုနဲ့ ဒီမိုကရေစီခံနိုင်ရည်ရှိရေး ဦးစားပေးဖို့တို့ကို အလေးထားတယ်လို့ ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ F-16 တိုက်လေယာဉ် တစ်စီးဟာ လူနေအိမ်တွေကြား မြက်ခင်းပေါ် ပျက်ကျပြီး အပြင်းအထန် မီးလောင်ကျွမ်း ပျက်စီးသွားခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ စစ်ဖြစ်နေပေမယ့်လည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ဖို့အတွက် အီရန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို အမေရိကန်က ပြည်ဝင်ခွင့် ပြုသွားမယ်လို့ သိရပါတယ်။