Connect with us

Hi, what are you looking for?

LuduNwayOo

News

အမေရိကန်၊ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်တို့ရဲ့ QUAD အဖွဲ့အစည်းအဝေးမှာ မြန်မာ့အရေးထည့်သွင်းဆွေးနွေး

လွတ်လပ်ပွင့်လင်းနဲ့ အင်ဒို-ပစိဖိတ်ဒေသ အဆင့်မြှင့်တင်ရေး QUAD အဖွဲ့ အကြံပြုချက်များ အစိတ်အပိုင်းအဖြစ် အမေရိကန်၊ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်တို့မှ အကြီးတန်းအရာရှိကြီးတွေ ဟာ အွန်လိုင်းကတစ်ဆင့် ဩဂုတ် ၁၂ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

အမေရိကန်၊ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန် တို့ပါဝင်တဲ့ ထိပ်သီးလေးနိုင်ငံ(QUAD)အဖွဲ့ရဲ့ အကြီးတန်းအရာရှိကြီးများအစည်းအဝေးမှာ မြန်မာ့အရေးကို ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

လွတ်လပ်ပွင့်လင်းနဲ့ အင်ဒို-ပစိဖိတ်ဒေသ အဆင့်မြှင့်တင်ရေး QUAD အဖွဲ့ အကြံပြုချက်များ အစိတ်အပိုင်းအဖြစ် အမေရိကန်၊ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်တို့မှ အကြီးတန်းအရာရှိကြီးတွေ ဟာ အွန်လိုင်းကတစ်ဆင့် ဩဂုတ် ၁၂ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

အဲဒီဆွေးနွေးပွဲမှာ ထိုင်ဝမ်အရေးနဲ့ ဖြစ်ပေါ်နေဆဲ မြန်မာ့အကျပ်အတည်းတို့ရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး အရေးပါမှုကို ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံရဲ့ဗဟိုအချက် အချာကျမှုကို QUAD က အခိုင်အမာထောက်ခံကြောင်း ထပ်လောင်းအတည်ပြုခဲ့ပြီး အင်ဒို-ပစိဖိတ်ဒေသအပေါ် အာဆီယံရဲ့ သဘောထား အမြင်ကို ထိပ်သီးလေးနိုင်ငံက ဆွေးနွေးခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဦးဆောင်မှုနဲ့ အိန္ဒိယ၊ ဩစတြေးလျ၊ ဂျပန်ဝန်ကြီး ချုပ်တွေ တက်ရောက်တဲ့ QUAD အဖွဲ့ရဲ့ သမိုင်းဝင်အွန်လိုင်းထိပ်သီးဆွေးနွေးပွဲ ကျင်းပခဲ့ပြီး အဲဒီတုန်းကလည်း မြန်မာ့အရေးကို ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

အဲဒီထိပ်သီးဆွေးနွေးပွဲအပြီးထုတ်ပြန်တဲ့ QUAD ခေါင်းဆောင်တွေရဲ့ ပူးတွဲကြေညာချက်မှာ မြန်မာနိုင်ငံနဲ့ ပြည်သူလူထုကို ကာလရှည်ကြာရပ်တည်ထောက်ခံကြသူတွေအနေနဲ့ ၎င်းတို့ဟာ ဒီမိုကရေစီပြန်လည်အသက်သွင်းရေး အရေးပေါ်လိုအပ်မှုနဲ့ ဒီမိုကရေစီခံနိုင်ရည်ရှိရေး ဦးစားပေးဖို့တို့ကို အလေးထားတယ်လို့ ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အစ္စ္စရေးနဲ့ အီရန်တို့ဟာ ခါးသီးရန်ဘက်တွေအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့ပေမယ့် နှစ်နိုင်ငံကြား အတိအလင်း ကိုယ်ထိလက်ရောက် စစ်ပြုတိုက်ခိုက်တာမျိုးကတော့ ဧပြီ ၁၃ ရက်ဖြစ်စဉ်ဟာ ပထမဆုံးလို့ သိရပါတယ်။

သတင်း

ကွတ်ခိုင်ရှိ KIA ဆက်ဆံရေးရုံးနှင့် KIA တပ်ဖွဲ့ဝင်များ ဧပြီ ၁၅ရက် ယနေ့ နောက်ဆုံးထား ဖယ်ရှားရန် TNLAဘက်က ဧပြီ ဒုတိယပတ်အတွင်း နှစ်ကြိမ်လာရောက်ပြောဆိုခဲ့မှု အပေါ် နှစ်ဖက်အရာရှိများ ဆွေးနွေးညှိနှိုင်းခဲ့ကြခြင်းဖြစ်သည်ဟုဆိုသည်။