Connect with us

Hi, what are you looking for?

News

လှိုင်သာယာကပြည်သူတွေကို အမေရိကန်သံရုံး စားနပ်ရိက္ခာနဲ့ ဆေးဝါးလှူဒါန်းပေးအပ်

မြန်မာနိုင်ငံတစ်လွှားကလိုအပ်နေတဲ့ ပြည်သူတွေအတွက်အကူအညီတွေပေးဖို့ ပူးပေါင်းကြိုးပမ်းအား ထုတ်ဆောင်ရွက်ပေးကြတဲ့ သံရုံးဝန်ထမ်းတွေအတွက်လည်း ဂုဏ်ယူဝမ်းမြောက်ရပါတယ်လို့ သံအမတ်ကြီးက ဆိုပါတယ်။

လှိုင်သာယာမြို့နယ်အတွင်းက ပြည်သူတွေကို စားနပ် ရိက္ခာနဲ့ ဆေးဝါးတွေကို အမေရိကန်သံရုံးကပေးအပ်လှူဒါန်းခဲ့တယ်လို့ သံရုံးက ဒီနေ့ထုတ်ပြန်ပါတယ်။

“လှိုင်သာယာမြို့နယ်အတွင်းကပြည်သူတွေကိုအကူ အညီပေးဖို့အတွက် Myanmar Kitchen ရဲ့ကြိုးပမ်းအားထုတ်မှုကို ကူညီပံ့ပိုးတဲ့အနေနဲ့ အစားအသောက်၊ စားသုံးဆီနဲ့ ဆေးဝါးတွေကို အမေရိကန်သံရုံးကိုယ်စား ကျွန်တော်နဲ့ကျွန်တော်ရုံးက လုပ်ဖော်ကိုင်ဖက်တွေက ပေးအပ်လှူဒါန်းခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ လိုအပ်နေသူတွေကို အကူအညီပေးဖို့အတွက် ပစ္စည်းတွေကို လာရောက်ယူ‌ဆောင်ပေးတဲ့ Myanmar Kitchen ကိုလည်းကျွန်တော်တို့ကျေးဇူးတင်ပါတယ်။ လူမှုအသိုက်အဝန်းတစ်ခုအတွင်းမှာ သင်ကိုယ်တိုင်နှစ်မြှုပ်ပြီး ကမ္ဘာကြီးကိုပိုမိုကောင်းမွန်တဲ့နေရာဖြစ်ဖို့အတွက် စိတ်ရောကိုယ်ပါလုပ်ဆောင်နေကြသူတွေနဲ့အတူပူးပေါင်းဆောင်ရွက်မှုဟာအရေးကြီးပါတယ်”လို့ အမေရိကန်သံအမတ်ကြီးသောမတ်စ်ဗိုက်ဒါက ပြောပါတယ်။

မြန်မာနိုင်ငံတစ်လွှားကလိုအပ်နေတဲ့ ပြည်သူတွေအတွက်အကူအညီတွေပေးဖို့ ပူးပေါင်းကြိုးပမ်းအား ထုတ်ဆောင်ရွက်ပေးကြတဲ့ သံရုံးဝန်ထမ်းတွေအတွက်လည်း ဂုဏ်ယူဝမ်းမြောက်ရပါတယ်လို့ သံအမတ်ကြီးက ဆိုပါတယ်။

မကြာသေးမီက အမေရိကန်ဟာ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီအဖြစ် ဒေါ်လာ သန်း၅၀ ကူညီထောက်ပံ့မယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးရဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ F-16 တိုက်လေယာဉ် တစ်စီးဟာ လူနေအိမ်တွေကြား မြက်ခင်းပေါ် ပျက်ကျပြီး အပြင်းအထန် မီးလောင်ကျွမ်း ပျက်စီးသွားခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ စစ်ဖြစ်နေပေမယ့်လည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ဖို့အတွက် အီရန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို အမေရိကန်က ပြည်ဝင်ခွင့် ပြုသွားမယ်လို့ သိရပါတယ်။