Connect with us

Hi, what are you looking for?

News

ဒီဒေးက ဒီနေ့လည်းဖြစ်နိုင်၊ မနက်ဖြန်လည်းဖြစ်နိုင်၊ ရက်တိုင်းကဒီဒေးဟု NUG ပြော

တိုက်ပွဲဟုဆိုရာတွင် စစ်ကောင်စီ၏ စစ်ရေးအရ ထိုးနှက်မှုကို ခုခံရန် ပြင်ဆင်မှုများ လုပ်ဆောင်နေသကဲ့သို့ သံတမန်အရေးအရ တိုက်ပွဲ၊ ဘဏ္ဍာရေးအရ တိုက်ပွဲနှင့် ဆက်သွယ်ရေးအရ တိုက်ပွဲ စသည့် တိုက်ပွဲများ လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

People's Spring
People's Spring

အာဏာသိမ်းစစ်ကောင်စီက ပြည်သူလူထုအပေါ် အကြမ်းဖက်တိုက်ခိုက်နေမှု လုပ်ရပ်များကို ကာကွယ်ရန်အတွက် တိုက်ပွဲများကို ပုံစံမျိုးစုံဖြင့် ဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ(NUG)က ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးက ပြောသည်။

တိုက်ပွဲဟုဆိုရာတွင် စစ်ကောင်စီ၏ စစ်ရေးအရ ထိုးနှက်မှုကို ခုခံရန် ပြင်ဆင်မှုများ လုပ်ဆောင်နေသကဲ့သို့ သံတမန်အရေးအရ တိုက်ပွဲ၊ ဘဏ္ဍာရေးအရ တိုက်ပွဲနှင့် ဆက်သွယ်ရေးအရ တိုက်ပွဲ စသည့် တိုက်ပွဲများ လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ပြင်ဆင်မှုအားလုံးကို ဆောင်ရွက်နေသော်လည်း ဒီဒေးအတွက် အထူးတလည် ရက်သတ်မှတ်ချက်မရှိကြောင်း ဦးမိုးဇော်ဦးက ပြောသည်။

“ကျွန်တော်တို့ မြန်မာစကားပေါ့ ကုသိုလ်ကောင်းမှုလုပ်ဖို့အတွက်ဆိုရင် ရက်တိုင်းက ရက်ရာဇာပဲလို့ ပြောတဲ့စကား ရှိသလိုပဲပေါ့လေ ကျွန်တော်တို့က မတရားမှုတွေကို ဖိနှိပ်မှုတွေကို တွန်းလှန် တိုက်ခိုက်တဲ့အခါမှာတော့ ရက်တိုင်းကတော့ ဒီဒေးပဲပေါ့။ ဒီဒေးဆိုတာ ဒီနေ့လည်း ဖြစ်နိုင်တယ် မနက်ဖြန်လည်း ဖြစ်နိုင်တယ်။ အထူးတ လည်တော့ သတ်မှတ်ထားတာမရှိပါဘူး။ ရက်တိုင်းက ကျွန်တော်တို့အတွက် ဒီဒေးတွေပါပဲလို့ ပြောချင်ပါတယ်”ဟု ဦးမိုးဇော်ဦးက ပြောကြားသည်။

Public Service Announcement

Public Service Announcement

မကြာသေးမီကပင် NUG ယာယီသမ္မတ ဒူဝါလရှီးလက စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် အကြမ်းဖက်သတ်ဖြတ်နေမှုကို ကာကွယ်ရန် မလွှဲမသွေတိုက်ပွဲဆင်နွှဲရမည်ဖြစ်ကြောင်း၊ တိုက်ပွဲစတင်မည့်ရက်ကို ညှိနှိုင်းသတ်မှတ်ပြီး ၀ိုင်းဝန်းဆုံးဖြတ်ရမည်ဖြစ်ကြောင်း ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook