Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ဆက်တိုက်ပစ်ပြီး ထပ်မံထိုးစစ်ဆင်ရန် ပြင်ဆင်နေဟု MNDAAထုတ်ပြန်

ဖောင်းဆိုင်ဒေသ၌လည်း စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှု ပိုများလာပြီး စစ်ကြောင်း ၂ကြောင်းက ဖောင်းဆိုင် ဘောလုံးကွင်း နှင့် နယ်စပ်ဒေသ၌ လှု ပ်ရှားနေသည်ဟုဆိုသည်။

(စစ်ကောင်စီတပ်မှ သိမ်းဆည်းရမိသည့် လက်နက်များကို MNDAAက သြဂုတ်၃၁ရက်တွင် ထုတ်ပြန်ထားစဥ်)

ရှမ်းပြည်နယ် မူဆယ်မြို့နယ် မုံးကိုးဒေသ၌ ယနေ့ စက်တင်ဘာ ၂ရက်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုများ ဆက် တိုက်ပြုလုပ်ခဲ့ ကြောင်း ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)က ထုတ်ပြန်သည်။

MNDAA ၏ The Kokang မီဒီယာမှ မုံးကိုးခရိုင်၊ဖောင်းဆိုင်ဒေသ စစ်ရေးအခြေနေကို MNDAA အရာရှိတစ်ဦးအား ဆက်သွယ်မေးမြန်းထားသည့် အမေးအဖြေကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

မုံးကိုးခရိုင်၌ စက်တင်ဘာ ၁ရက် ညနေပိုင်းမှ စက်တင်ဘာ ၂ရက် နံနက်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားမှုမရှိကြောင်း၊ သို့ရာတွင် တာဟိန်းတောင်ကုန်း နှင့် လုံခါဒေသရှိ စစ်ကောင်စီ အမြောက်တပ်များက ယမန်နေ့ညက MNDAA တပ်ရှိရာဒေသများသို့ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ လက်နက်ကြီးကျည်ဆန်များ လူရင်းထန်တောင်ကုန်း နှင့် ရှီးကျန်တောင်ကုန်းတစ်ဝိုက်ကျရောက်ပေါက်ကွဲပြီး ၇လုံးခန့်မှာ လူရန်းထန်ကျေးရွာအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း MNDAA အရာရှိက ပြောကြားခဲ့သည်။

ဖောင်းဆိုင်ဒေသ၌လည်း စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှု ပိုများလာပြီး စစ်ကြောင်း ၂ကြောင်းက ဖောင်းဆိုင် ဘောလုံးကွင်း နှင့် နယ်စပ်ဒေသ၌ လှု ပ်ရှားနေသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကြောင်းတစ်ခုလျင် အင်အား ၃၀မှ ၄၀အထိ ရှိသည့် အဆိုပါ စစ်ကြောင်း ၂ကြောင်းသည် MNDAAကို အလစ်တိုက်ခိုက်နိုင်ကြောင်း အဆိုပါ အရာရှိက သုံးသပ်ပြောကြားခဲ့ပြီး ပြန်လည်ခုခံတိုက်ခိုက်သွားရန် ပြင်ဆင်ထားသည်ဟုဆိုသည်။

MNDAAနှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင်လကတည်းက မုံးကိုးဒေသ၌ တိုက်ပွဲများဖြစ်ပွားနေပြီး ဩဂုတ်လကုန်နှင့် စက်တင်ဘာ ၁ရက် တိုက်ပွဲများ၌ စစ်ကောင်စီတပ်များ ထိခိုက်သေဆုံးမှုများခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။