Connect with us

Hi, what are you looking for?

News

ရေကြီးမှုနဲ့ လေပြင်းဆိုင်ကလုန်းတွေကြောင့် မြန်မာပြည်သူ ၁ ဒသမ ၆ သန်းအထိ ဘေးအန္တရာယ်ခံစားရနိုင်တယ်လို့ ကုလသတိပေး

မြန်မာ့မိုးလေဝသနှင့်ဇလဗဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းဆက်ရှိနေပြီး လာမယ့်အောက်တိုဘာမတိုင်ခင်အထိ ဆက်ရှိလိမ့်မယ်လို့ ဆိုပါတယ်။

(ပြီးခဲ့သည့် ဇူလိုင်လက ​မြဝတီမြို့၌ ​ရေကြီး​ရေလျှံမှု ဖြစ်​နေစဥ်၊ ဓါတ်ပုံ - CJ)

မြန်မာနိုင်ငံမှာ ရေကြီးမှုနဲ့ လေပြင်းဆိုင်ကလုန်းတွေကြောင့် ပြည်သူ ၁ ဒသမ ၆ သန်းအထိ ဘေးဒုက္ခ အန္တရာယ်ခံ စားရနိုင်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(OCHA)က ခန့်မှန်းပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် တတိယပတ်ကစလို့ မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် မြန်မာပြည်အောက်ပိုင်းဒေသတွေဟာ မုတ်သုန်ရာသီရေလွှမ်းမိုးမှုကို ရင်ဆိုင်နေရပြီး ရှမ်း(အရှေ့)၊ ကရင်၊ မွန်၊ ရခိုင်၊ မန္တလေးနဲ့ တနင်္သာရီဒေသတွေမှာ ထောင်နဲ့ချီတဲ့လူနေအိမ်တွေ ရေကြီးမှုဒဏ်ခံစားခဲ့ရပါတယ်။

(ပြီးခဲ့သည့် ဇူလိုင်လက ​မြဝတီမြို့၌ ​ရေကြီး​ရေလျှံမှု ဖြစ်​နေစဥ်၊ ဓါတ်ပုံ – CJ)

မြန်မာ့မိုးလေဝသနှင့်ဇလဗဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းဆက်ရှိနေပြီး လာမယ့်အောက်တိုဘာမတိုင်ခင်အထိ ဆက်ရှိလိမ့်မယ်လို့ ဆိုပါတယ်။

(ပြီးခဲ့သည့် ဇူလိုင်လက ​မြဝတီမြို့၌ ​ရေကြီး​ရေလျှံမှု ဖြစ်​နေစဥ်၊ ဓါတ်ပုံ – CJ)

ဒါ့အပြင် ဘင်္ဂလားပင်လယ်အော်ကနေစတင်တဲ့ ဆိုင်ကလုန်းတွေ မြန်မာ့ကမ်းရိုးတန်းမှာ ဖြစ်ပေါ်လေ့ရှိပြီး ဧပြီ ကနေ မေလအထိနဲ့ အောက်တိုဘာကနေ နိုဝင်ဘာအထိ ဆိုင်ကလုန်းရာသီတွေရှိတတ်ပါတယ်။ ဒါကြောင့် တစ် ပြိုင်တည်းဖြစ်ပေါ်လာမယ့် ဘေးအန္တရာယ်တွေကို အချိန်မီနဲ့ ထိထိရောက်ရောက် တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ MRCS(မြန်မာကြက်ခြေနီအသင်း)ကို ကူညီထောက်ပံ့ဖို့ အရေးတကြီးလိုအပ်တယ်လို့ OCHA က အကြံပေးပါ တယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာ မြန်မာပြည်သူတွေဟာ အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းမှုဒဏ်၊ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု တွေသာမက စီးပွားရေးကျဆင်းမှုဒဏ်တွေကိုလည်း တစ်ပြိုင်တည်းခံစားရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ မူးမြစ်ရေကြီးမှုကြောင့် ကျေးရွာ ၁၄ ရွာထက်မနည်း နေရာရွှေ့ပြောင်းနေရပါတယ်။

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက ကမ္ဘာလှည့် ခရီးသွားတွေကြား လူသိများရာ ရှုမျှော်ခင်းကြည့် နေရာ တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုတွေကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်းထိ များပြားလာခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။