Connect with us

Hi, what are you looking for?

LuduNwayOo

News

ရေကြီးမှုနဲ့ လေပြင်းဆိုင်ကလုန်းတွေကြောင့် မြန်မာပြည်သူ ၁ ဒသမ ၆ သန်းအထိ ဘေးအန္တရာယ်ခံစားရနိုင်တယ်လို့ ကုလသတိပေး

မြန်မာ့မိုးလေဝသနှင့်ဇလဗဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းဆက်ရှိနေပြီး လာမယ့်အောက်တိုဘာမတိုင်ခင်အထိ ဆက်ရှိလိမ့်မယ်လို့ ဆိုပါတယ်။

(ပြီးခဲ့သည့် ဇူလိုင်လက ​မြဝတီမြို့၌ ​ရေကြီး​ရေလျှံမှု ဖြစ်​နေစဥ်၊ ဓါတ်ပုံ - CJ)

မြန်မာနိုင်ငံမှာ ရေကြီးမှုနဲ့ လေပြင်းဆိုင်ကလုန်းတွေကြောင့် ပြည်သူ ၁ ဒသမ ၆ သန်းအထိ ဘေးဒုက္ခ အန္တရာယ်ခံ စားရနိုင်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(OCHA)က ခန့်မှန်းပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် တတိယပတ်ကစလို့ မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် မြန်မာပြည်အောက်ပိုင်းဒေသတွေဟာ မုတ်သုန်ရာသီရေလွှမ်းမိုးမှုကို ရင်ဆိုင်နေရပြီး ရှမ်း(အရှေ့)၊ ကရင်၊ မွန်၊ ရခိုင်၊ မန္တလေးနဲ့ တနင်္သာရီဒေသတွေမှာ ထောင်နဲ့ချီတဲ့လူနေအိမ်တွေ ရေကြီးမှုဒဏ်ခံစားခဲ့ရပါတယ်။

(ပြီးခဲ့သည့် ဇူလိုင်လက ​မြဝတီမြို့၌ ​ရေကြီး​ရေလျှံမှု ဖြစ်​နေစဥ်၊ ဓါတ်ပုံ – CJ)

မြန်မာ့မိုးလေဝသနှင့်ဇလဗဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းဆက်ရှိနေပြီး လာမယ့်အောက်တိုဘာမတိုင်ခင်အထိ ဆက်ရှိလိမ့်မယ်လို့ ဆိုပါတယ်။

(ပြီးခဲ့သည့် ဇူလိုင်လက ​မြဝတီမြို့၌ ​ရေကြီး​ရေလျှံမှု ဖြစ်​နေစဥ်၊ ဓါတ်ပုံ – CJ)

ဒါ့အပြင် ဘင်္ဂလားပင်လယ်အော်ကနေစတင်တဲ့ ဆိုင်ကလုန်းတွေ မြန်မာ့ကမ်းရိုးတန်းမှာ ဖြစ်ပေါ်လေ့ရှိပြီး ဧပြီ ကနေ မေလအထိနဲ့ အောက်တိုဘာကနေ နိုဝင်ဘာအထိ ဆိုင်ကလုန်းရာသီတွေရှိတတ်ပါတယ်။ ဒါကြောင့် တစ် ပြိုင်တည်းဖြစ်ပေါ်လာမယ့် ဘေးအန္တရာယ်တွေကို အချိန်မီနဲ့ ထိထိရောက်ရောက် တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ MRCS(မြန်မာကြက်ခြေနီအသင်း)ကို ကူညီထောက်ပံ့ဖို့ အရေးတကြီးလိုအပ်တယ်လို့ OCHA က အကြံပေးပါ တယ်။

လက်ရှိမှာ မြန်မာပြည်သူတွေဟာ အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းမှုဒဏ်၊ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု တွေသာမက စီးပွားရေးကျဆင်းမှုဒဏ်တွေကိုလည်း တစ်ပြိုင်တည်းခံစားရပါတယ်။