Connect with us

Hi, what are you looking for?

News

NUGရဲ့ နွေဦးထီကံထူးရှင်တွေကို ဒီလတတိယပတ်မှာ အကြောင်းကြားမယ်လို့ထုတ်ပြန်

‘အောင်လံလွှင့်ချီ နွေဦးထီ’ကို လုံခြုံရေးမြှင့်တင်ပြီး ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့အတူ ဒီနေ့ညနေ ၄ နာရီမှာ ပြန်လည်စတင်ရောင်းချမယ်လို့ မနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

People's Spring
People's Spring

အမျိုးသားညီညွတ်ရေးအစိုးရရဲ့‘အောင်လံလွှင့်ချီနွေဦးထီ’ရဲ့ ကံထူးရှင်များကို ဒီလတတိယပတ်အတွင်း အကြောင်းကြားပေးသွားမယ်လို့ နွေဦးထီမိသားစုက ဒီနေ့ထုတ်ပြန်ပါတယ်။

‘အောင်လံလွှင့်ချီ နွေဦးထီ’ကို လုံခြုံရေးမြှင့်တင်ပြီး ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့အတူ ဒီနေ့ညနေ ၄ နာရီမှာ ပြန်လည်စတင်ရောင်းချမယ်လို့ မနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

‘အောင်လံလွှင့်ချီ နွေဦးထီ’ဟာ CDM ဝန်ထမ်းတွေကို အဓိကထောက်ပံ့ပေးဖို့အတွက်ရည်ရွယ်ပြီး ရောင်းရ ငွေ စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းကို CDM ဝန်ထမ်းတွေအတွက်၊ ကျန် ၃၀ရာခိုင်နှုန်းကို ဆုကြေးငွေအတွက် သတ်မှတ်ထားပါတယ်။

NUG ဟာ ‘အောင်လံလွှင့်ချီ နွေဦးထီ’ကို ဩဂုတ် ၁၅ ရက်မှာ စတင်ရောင်းချခဲ့ပြီး စမ်းသပ်အရောင်းကာလ ၅ ရက်တာမှာ လူထုစိတ်ဝင်စားမှုများပြားခဲ့ကာ အချိန်တိုအတွင်း ထီလက်မှတ်တွေ ရောင်းကုန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူသိန်းချီအကူအညီလိုအပ်နေတဲ့ စစ်ကိုင်းတိုင်းရေဘေးကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ-NUG နဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ "အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)" ကို ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။