Connect with us

Hi, what are you looking for?

News

ဗြိတိန်ရဲ့ ဒဏ်ခတ်အရေးယူမှုကို သဘောမတူဘူးလို့ ဦးတေဇရဲ့ Htoo ကုမ္ပဏီထုတ်ပြန်

သတင်းထုတ်ပြန်ချက်နဲ့ ဒဏ်ခတ်အရေးယူမှုချမှတ်ခြင်းတွေကို တုံ့ပြန်နိုင်ရေး အခြေခံအကြောင်းရင်းနဲ့ အချက်အလက်သက်သေတွေနဲ့ ရှင်းလင်းဖို့ Htoo Group of Companies ဟာ သူ့ရဲ့ရှေ့နေတွေနဲ့ လက်ရှိမှာ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ပါတယ်။

ဗြိတိန်ရဲ့ ဒဏ်ခတ်အရေးယူမှုမှာ ဖော်ပြထားတဲ့ အကြောင်းပြချက်တွေနဲ့ သတင်းထုတ်ပြန်ချက် မှာပါဝင်တဲ့အကြောင်းအချက်တွေကို သဘောမတူဘူးလို့ ဦး​တေဇရဲ့ ထူးစီးပွားရေးအုပ်စုက ဒီနေ့သတင်း ထုတ်ပြန်ပါတယ်။

ဗြိတိန်ဟာ စက်တင်ဘာ ၂ ရက် ခရိုနီဦးတေဇနဲ့ သူ့ကုမ္ပဏီ Htoo Group of Companies ကို ဒဏ်ခတ်အရေးယူတဲ့စာရင်းမှာ ထည့်သွင်းကြောင်းကြေညာခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး ဒိုမိနစ်ရက်ဘ်ရဲ့ထုတ်ပြန်ချက်မှာ အခုအရေးယူမှုတွေဟာ စစ်ကောင်စီရဲ့အဓိကစီးပွားရေးမိတ်ဖက်ကို ပစ်မှတ်ထားတာဖြစ်ကြောင်းနဲ့ ဦးတေဇရဲ့ကုမ္ပဏီတွေက စစ်တပ်ကို ငွေကြေးပိုင်းဆိုင်ရာ၊ လက်နက်တွေကို ပံ့ပိုးပေးနေကြောင်း ဖော်ပြပါတယ်။

အဲဒီထုတ်ပြန်ဖော်ပြချက်တွေကို Htoo Group of Companies က ငြင်းဆိုခဲ့ပြီး နောက်ပိုင်းမှာ အသေး စိတ်တုံ့ပြန်သွားမယ်လို့လည်း ဆိုပါတယ်။

သတင်းထုတ်ပြန်ချက်နဲ့ ဒဏ်ခတ်အရေးယူမှုချမှတ်ခြင်းတွေကို တုံ့ပြန်နိုင်ရေး အခြေခံအကြောင်းရင်းနဲ့ အချက်အလက်သက်သေတွေနဲ့ ရှင်းလင်းဖို့ Htoo Group of Companies ဟာ သူ့ရဲ့ရှေ့နေတွေနဲ့ လက်ရှိမှာ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

အတည်ပြုနိုင်ဖို့ ဒါမှမဟုတ် စုံစမ်းဖော်ထုတ်နိုင်ဖို့ အရေးယူလုပ်ဆောင်နိုင်တဲ့ဒေတာ ဒါမှမဟုတ် အသေးစိတ်သတင်းအချက်အလက် Htoo Group of Companies မှာ မရှိသေးလို့လည်း ဆိုပါ တယ်။

ဒါပေမဲ့ Htoo Group of Companies နဲ့ ကုမ္ပဏီတည်ထောင်သူ ဦးတေဇတို့ဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအုပ်ချုပ်တဲ့ စစ်အစိုးရလက်ထက်ကတည်းက မြန်မာစစ်တပ်နဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်၊ လုပ်ပိုင်ခွင့်အများအပြားရရှိတဲ့လုပ်ငန်းရှင်အဖြစ် မြန်မာပြည်သူတွေက သိရှိထားကြပါတယ်။

ဒါ့အပြင် ဦးတေဇဟာ လက်ရှိအကြမ်းဖက်မြန်မာစစ်တပ် အာဏာသိမ်းအပြီး မေလမှာ စစ်တပ်ထိပ်တန်းအရာရှိတွေရဲ့ ရုရှားနိုင်ငံခရီးစဉ်ကို လိုက်ပါခဲ့တယ်လို့ သတင်းမီဒီယာအချို့မှာ ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အသက် ၁၆ နှစ်အရွယ် ကလေးတွေကို လူမှုကွန်ရက် မီဒီယာ အသုံးပြုခွင့် ပိတ်ပင်မယ့်အကြောင်း ဗြိတိန် အစိုးရက တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အိန္ဒိယ သမုဒ္ဒရာ အလယ်မှာ တည်ရှိပြီး ဗြိတိန် အစိုးရက လက်လွှတ်ဖို့ စီစဉ်နေတဲ့ ကျွန်းစုတစ်ခုကို အမေရိကန် အစိုးရက ဝယ်ယူဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

လေ့ကျင့်ပျံသန်းရင်း ဗြိတိန် တော်ဝင်ရေတပ် ရဟတ်ယာဉ် ပျက်ကျခဲ့တာကြောင့် ၃ ဦး သေဆုံးခဲ့ပါတယ်။