Connect with us

Hi, what are you looking for?

News

အရပ်ဘက်ရုံးဌာနအားလုံးကို ဒီနေ့ကစပြီး ရက်အကန့် အသတ်မရှိ အလုပ်ပိတ်ရက်အဖြစ် NUG ကြေညာ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဟာ ဒီနေ့ကစပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူတို့ရဲ့ ခုခံတွန်းလှန်စစ်ဟာ စတင်နေပြီလို့ ကြေညာထားပါတယ်။

နိုင်ငံတော်အရေးပေါ်အခြေအနေမှာ စစ်ကောင်စီလက် အောက်ခံဖြစ်နေတဲ့အရပ်ဘက်ရုံးဌာနအားလုံးကို ဒီနေ့ကစပြီး ရက်အကန့်အသတ်မရှိ အလုပ်ပိတ်ရက်အဖြစ်ကြေညာကာ အလုပ် ဆင်းဖို့မလိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ညွှန်ကြားလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဟာ ဒီနေ့ကစပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူတို့ရဲ့ ခုခံတွန်းလှန်စစ်ဟာ စတင်နေပြီလို့ ကြေညာထားပါတယ်။

မင်းအောင်လှိုင်ဦးဆောင်တဲ့အကြမ်းဖက်စစ်အုပ်ချုပ်ရေးကို တနိုင်ငံလုံးအတိုင်းအတာနဲ့ လှည်းနေလှေအောင်း မြင်းစောင်းမကျန်တွန်းလှန်တိုက်ဖျက်ကြဖို့ မြန်မာပြည်သူအားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းကြေညာပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်ကောင်စီက နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကို လက်နက် အားကိုးနဲ့ အဓမ္မလုယူသိမ်းပိုက်ထားရုံသာမက ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ထိ ပါးအကြမ်းဖက် အန္တရာယ်ပြုနေခြင်း၊ ပြည်သူများကလည်း နည်းလမ်းစုံနဲ့ စစ်အာဏာရှင်အုပ်စိုး မှုကို ခုခံတွန်းလှန်နေခြင်း၊ တရားမဝင် စစ်အုပ်ချုပ်ရေးယန္တရားတစ်ခုလုံးကို အပြီးတိုင်ဖျက်သိမ်းဖို့ လိုအပ်လာခြင်း စတာတွေကြောင့် NUG က နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် ဒီနေ့ စတင်ကြောင်း ကြေညာခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook