Connect with us

Hi, what are you looking for?

News

မြန်မာ ပြည်သူ​တွေရဲ့ ခုခံ​တော်လှန်စစ်ပွဲစတင်​ကြောင်း​ကြေညာချက် ကမ္ဘာ့မီဒီယာ​တွေအသား​ပေး​ဖော်ပြ

အမျိုးသားညီညွတ်​ရေးအစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက စက်တင်ဘာ ၇ ရက်နံနက်မှာစစ်အာဏာရှင်စနစ်ကိုတိုက်ထုတ်ဖို့ ပြည်သူ​တွေရဲ့ ခုခံတွန်းလှန်စစ်ပွဲ စတင်ပြီဖြစ်​ကြောင်း ​ကြေညာလိုက်တဲ့သတင်းကို ကမ္ဘာတစ်ဝန်းကသတင်းဌာန​တွေက အသား​ပေး​ဖော်ပြခဲ့ကြပါတယ်။

ဒီမိုကရေစီလိုလားတဲ့နိုင်ငံရေးသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာရဲ့ကိုယ်တိုင်ကြေညာထားတဲ့စင်ပြိုင်အစိုးရဟာ စစ်တပ်နဲ့ သူ့နေရာတွေကို အရပ်သားလက်နက်ကိုင်တပ်ဖွဲ့တွေက ပစ်မှတ်ထားတိုက်ခိုက်ဖို့တောင်းဆိုပြီး စစ်ကောင်စီကို ခုခံစစ်ပွဲဆင်နွှဲဖို့ ကြေညာလိုက်တယ်လို့ ဗြိတိန်ရဲ့ဩဇာကြီး The Guardian က ဖော်ပြပါတယ်။

အမေရိကန် ဝါရှင်တန်အခြေစိုက် Washington Examiner သတင်းဌာနက ‘ခုခံတော်လှန်လှုပ်ရှားမှုကို နိုင်ငံတစ်ဝန်းမြှင့်တင်ရေးတောင်းဆို’ ခေါင်းစဉ်နဲ့ မြန်မာရဲ့လက်ရှိစစ်အစိုးရကို ခုခံတော်လှန်ဖို့ စုစည်းနေတဲ့ မြေအောက်အစိုးရအဖွဲ့က လှည်းနေလှေအောင်မြင်းဇောင်မကျန် နိုင်ငံတစ်ဝန်းပုန်ကန်အုံကြွဖို့ အဖွဲ့ရဲ့ လက်ရှိ သမ္မတ ဒူဝါလရှီးလက အင်္ဂါနေ့မှာ ပြောကြားပါတယ်လို့ ဖော်ပြပါတယ်။

ကမ္ဘာကျော် CNN သတင်းဌာနက ‘မြန်မာ့အတိုက်အခံအစိုးရက စစ်ကောင်စီကို ပြည်သူတွေရဲ့ခုခံစစ်ပွဲကြေညာ’ ခေါင်းစဉ်နဲ့ နိုင်ငံတစ်ဝန်းလုံးက နိုင်ငံသားတွေ တော်လှန်ပုန်ကန်ဖို့ တိုက်တွန်းရင်း စစ်ကောင်စီကို ပြည်သူ့ခုခံ စစ်ပွဲကို မြန်မာ့အတိုက်အခံအစိုးရက ကြေညာလိုက်တယ်လို့ ဖော်ပြပါတယ်။

တရုတ်အစိုးရအာဘော်သတင်းဌာန Global Times ကတော့ အမေရိကန်နဲ့ အနောက်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ကို တွန်းအားပေးခြင်းကနေ ရှောင်ကြဉ်သင့်ကြောင်း အယ်ဒီတာ့အာဘော်ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

ဗြိတိန်ရဲ့ Sky News သတင်းဌာနကလည်း ‘စစ်တပ်ခေါင်းဆောင်တွေကို တစ်နိုင်ငံလုံးတွန်းလှန်ဖို့ အတိုက်အခံ အစိုးရတောင်းဆို’ ဆိုတဲ့ခေါင်းစဉ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရဟာ မြန်မာနိုင်ငံမှာ နိုင်ငံတစ်ဝန်းခုခံစစ်ပွဲစတင်ကြောင်းနဲ့ နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာပြီး တစ်နိုင်ငံလုံးက တွန်းလှန် ပုန်ကန်ဖို့ တောင်းဆိုတဲ့အကြောင်း သတင်းဖော်ပြပါတယ်။

ဝါရှင်တန်အခြေစိုက် The Diplomat သတင်းဌာနကတော့ ‘စစ်အုပ်ချုပ်ရေးကို နိုင်ငံတစ်ဝန်း အုံကြွမှုစတင် ကြောင်း မြန်မာအတိုက်အခံအစိုးရကြေညာ’ ခေါင်းစဉ်နဲ့ ဖေဖော်ဝါရီကတည်းက အာဏာသိမ်းခဲ့တဲ့ စစ်တပ် အကြမ်းဖက်သမားတွေကို အားလုံးပါဝင်ပြီးရုန်းကန်တိုက်ထုတ်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာ လိုက်ပြီလို့ ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

Facebook