Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာ ပြည်သူ​တွေရဲ့ ခုခံ​တော်လှန်စစ်ပွဲစတင်​ကြောင်း​ကြေညာချက် ကမ္ဘာ့မီဒီယာ​တွေအသား​ပေး​ဖော်ပြ

အမျိုးသားညီညွတ်​ရေးအစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက စက်တင်ဘာ ၇ ရက်နံနက်မှာစစ်အာဏာရှင်စနစ်ကိုတိုက်ထုတ်ဖို့ ပြည်သူ​တွေရဲ့ ခုခံတွန်းလှန်စစ်ပွဲ စတင်ပြီဖြစ်​ကြောင်း ​ကြေညာလိုက်တဲ့သတင်းကို ကမ္ဘာတစ်ဝန်းကသတင်းဌာန​တွေက အသား​ပေး​ဖော်ပြခဲ့ကြပါတယ်။

ဒီမိုကရေစီလိုလားတဲ့နိုင်ငံရေးသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာရဲ့ကိုယ်တိုင်ကြေညာထားတဲ့စင်ပြိုင်အစိုးရဟာ စစ်တပ်နဲ့ သူ့နေရာတွေကို အရပ်သားလက်နက်ကိုင်တပ်ဖွဲ့တွေက ပစ်မှတ်ထားတိုက်ခိုက်ဖို့တောင်းဆိုပြီး စစ်ကောင်စီကို ခုခံစစ်ပွဲဆင်နွှဲဖို့ ကြေညာလိုက်တယ်လို့ ဗြိတိန်ရဲ့ဩဇာကြီး The Guardian က ဖော်ပြပါတယ်။

အမေရိကန် ဝါရှင်တန်အခြေစိုက် Washington Examiner သတင်းဌာနက ‘ခုခံတော်လှန်လှုပ်ရှားမှုကို နိုင်ငံတစ်ဝန်းမြှင့်တင်ရေးတောင်းဆို’ ခေါင်းစဉ်နဲ့ မြန်မာရဲ့လက်ရှိစစ်အစိုးရကို ခုခံတော်လှန်ဖို့ စုစည်းနေတဲ့ မြေအောက်အစိုးရအဖွဲ့က လှည်းနေလှေအောင်မြင်းဇောင်မကျန် နိုင်ငံတစ်ဝန်းပုန်ကန်အုံကြွဖို့ အဖွဲ့ရဲ့ လက်ရှိ သမ္မတ ဒူဝါလရှီးလက အင်္ဂါနေ့မှာ ပြောကြားပါတယ်လို့ ဖော်ပြပါတယ်။

ကမ္ဘာကျော် CNN သတင်းဌာနက ‘မြန်မာ့အတိုက်အခံအစိုးရက စစ်ကောင်စီကို ပြည်သူတွေရဲ့ခုခံစစ်ပွဲကြေညာ’ ခေါင်းစဉ်နဲ့ နိုင်ငံတစ်ဝန်းလုံးက နိုင်ငံသားတွေ တော်လှန်ပုန်ကန်ဖို့ တိုက်တွန်းရင်း စစ်ကောင်စီကို ပြည်သူ့ခုခံ စစ်ပွဲကို မြန်မာ့အတိုက်အခံအစိုးရက ကြေညာလိုက်တယ်လို့ ဖော်ပြပါတယ်။

တရုတ်အစိုးရအာဘော်သတင်းဌာန Global Times ကတော့ အမေရိကန်နဲ့ အနောက်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ကို တွန်းအားပေးခြင်းကနေ ရှောင်ကြဉ်သင့်ကြောင်း အယ်ဒီတာ့အာဘော်ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

ဗြိတိန်ရဲ့ Sky News သတင်းဌာနကလည်း ‘စစ်တပ်ခေါင်းဆောင်တွေကို တစ်နိုင်ငံလုံးတွန်းလှန်ဖို့ အတိုက်အခံ အစိုးရတောင်းဆို’ ဆိုတဲ့ခေါင်းစဉ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရဟာ မြန်မာနိုင်ငံမှာ နိုင်ငံတစ်ဝန်းခုခံစစ်ပွဲစတင်ကြောင်းနဲ့ နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာပြီး တစ်နိုင်ငံလုံးက တွန်းလှန် ပုန်ကန်ဖို့ တောင်းဆိုတဲ့အကြောင်း သတင်းဖော်ပြပါတယ်။

ဝါရှင်တန်အခြေစိုက် The Diplomat သတင်းဌာနကတော့ ‘စစ်အုပ်ချုပ်ရေးကို နိုင်ငံတစ်ဝန်း အုံကြွမှုစတင် ကြောင်း မြန်မာအတိုက်အခံအစိုးရကြေညာ’ ခေါင်းစဉ်နဲ့ ဖေဖော်ဝါရီကတည်းက အာဏာသိမ်းခဲ့တဲ့ စစ်တပ် အကြမ်းဖက်သမားတွေကို အားလုံးပါဝင်ပြီးရုန်းကန်တိုက်ထုတ်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာ လိုက်ပြီလို့ ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။