Connect with us

Hi, what are you looking for?

LuduNwayOo

News

သံအမတ်ကြီးတွေအပါအဝင် အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ နိုင်ငံခြားရေးဝန်ထမ်းတွေကို NUG အမည်ပျက်စာရင်းသွင်း

အမည်ပျက်စာရင်းသွင်းခံလိုက်ရသူတွေထဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်း၀န် ဦးချမ်းအေးက စလို့ ညွှန်ကြားရေးမှူးချုပ်တွေ၊ အဆင့်ဆင့်သောဝန်ထမ်းတွေ ပါဝင်ပါတယ်။

People's Spring
People's Spring

သံအမတ်ကြီးတွေအပါအဝင် အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ဝန်ထမ်းတွေကို အမည်ပျက်စာရင်းသွင်းပြီးပြင်းထန်စွာသတင်းပေးလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ထုတ်ပြန်ပါတယ်။

ပြည်သူနဲ့အတူရပ်တည်ပြီး အာဏာဖီဆန်ခဲ့ကြတဲ့ CDM ဝန်ထမ်းတွေကို ဖမ်းဆီးထောင်ချခြင်း၊ အရပ်သားအစိုးရကို ထောက်ခံတဲ့ ဝန်ထမ်းတွေကို ဌာနတွင်းနေရာပြောင်းရွှေ့ခြင်း၊ CDM လှုပ် ရှားမှာမပါဝင်ဖို့ သတင်း ပေးခြိမ်းခြောက်ခြင်းနဲ့ ဝန်ထမ်းအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးတွေကို ချိုးဖောက်ခြင်းစတာတွေကို အကြမ်းဖက်စစ်ကောင်စီခန့်အပ်တဲ့ ဝန်ကြီးဝဏ္ဏမောင်လွင်ရဲ့ လက်ပါးစေတွေက လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အရပ်သားအစိုးရလက်ထက်မှာ ဝန်ထမ်းတွေကို အတိုးမဲ့ ချေးငွေ ၂ လစာ ထုတ်ချေးခဲ့ပြီး NUG က ပြန်ဆပ်ရန် မလိုအပ်တဲ့ ချီးမြှင့်ငွေအဖြစ် သတ်မှတ်ပေးခဲ့ပေမယ့် အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ပါးစေတွေက CDM ဝန်ထမ်းတွေကို အဲဒီ ချီးမြှင့်ငွေများကို ၆ လအတွင်း ပြန်လည် ပေးဆပ်ဖို့နဲ့ မပေးဆပ်ပါက တရားစွဲ ဆိုဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

အလားတူ အရပ်သား အစိုးရလက်ထက်မှာ ပြည်ပကို ပညာတော်သင် သွားရောက်ခဲ့ပြီး မိခင်ဝန်ကြီးဌာနမှာ ပြန်လည်တာဝန်ထမ်းဆောင်ရမယ့် သတ်မှတ်ကာလမပြည့်မီ စစ်ကောင်စီကို ဆန့်ကျင်ကာ ပြည်သူ့ဘက်က ရပ်တည်ခဲ့တဲ့ CDM ဝန်ထမ်းတွေကိုလည်း လျော်ကြေးငွေပေးသွင်းဖို့နဲ့ လျော်ကြေးငွေ မပေးသွင်းပါက တရားစွဲဆိုမယ်လို့ ခြိမ်းခြောက်နေတယ်လို့ NUG နိုင်ငံ ခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

အမည်ပျက်စာရင်းသွင်းခံလိုက်ရသူတွေထဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်း၀န် ဦးချမ်းအေးက စလို့ ညွှန်ကြားရေးမှူးချုပ်တွေ၊ အဆင့်ဆင့်သောဝန်ထမ်းတွေ ပါဝင်ပါတယ်။

နောက်ပြီး ပြည်ပမှာ တာဝန်ထမ်းဆောင်နေတဲ့ သံအမတ်ကြီးတွေထဲမှာ အမေရိကန်၊ ဝါရှင်တန်က ဦးအောင်လင်းက စလို့ သံရုံးယာယီတာဝန်ခံ၊ ကောင်စစ်ဝန်ချုပ်တွေ၊ သံမှူးကြီး၊ သံမှူး၊ ပထမအတွင်းဝန်၊ ဒုတိယအတွင်းဝန်၊ တတိယအတွင်းဝန် စသဖြင့် ရာထူးအဆင့်ဆင့် ပါဝင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။