Connect with us

Hi, what are you looking for?

News

သံအမတ်ကြီးတွေအပါအဝင် အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ နိုင်ငံခြားရေးဝန်ထမ်းတွေကို NUG အမည်ပျက်စာရင်းသွင်း

အမည်ပျက်စာရင်းသွင်းခံလိုက်ရသူတွေထဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်း၀န် ဦးချမ်းအေးက စလို့ ညွှန်ကြားရေးမှူးချုပ်တွေ၊ အဆင့်ဆင့်သောဝန်ထမ်းတွေ ပါဝင်ပါတယ်။

People's Spring
People's Spring

သံအမတ်ကြီးတွေအပါအဝင် အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ဝန်ထမ်းတွေကို အမည်ပျက်စာရင်းသွင်းပြီးပြင်းထန်စွာသတင်းပေးလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ထုတ်ပြန်ပါတယ်။

ပြည်သူနဲ့အတူရပ်တည်ပြီး အာဏာဖီဆန်ခဲ့ကြတဲ့ CDM ဝန်ထမ်းတွေကို ဖမ်းဆီးထောင်ချခြင်း၊ အရပ်သားအစိုးရကို ထောက်ခံတဲ့ ဝန်ထမ်းတွေကို ဌာနတွင်းနေရာပြောင်းရွှေ့ခြင်း၊ CDM လှုပ် ရှားမှာမပါဝင်ဖို့ သတင်း ပေးခြိမ်းခြောက်ခြင်းနဲ့ ဝန်ထမ်းအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးတွေကို ချိုးဖောက်ခြင်းစတာတွေကို အကြမ်းဖက်စစ်ကောင်စီခန့်အပ်တဲ့ ဝန်ကြီးဝဏ္ဏမောင်လွင်ရဲ့ လက်ပါးစေတွေက လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အရပ်သားအစိုးရလက်ထက်မှာ ဝန်ထမ်းတွေကို အတိုးမဲ့ ချေးငွေ ၂ လစာ ထုတ်ချေးခဲ့ပြီး NUG က ပြန်ဆပ်ရန် မလိုအပ်တဲ့ ချီးမြှင့်ငွေအဖြစ် သတ်မှတ်ပေးခဲ့ပေမယ့် အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ပါးစေတွေက CDM ဝန်ထမ်းတွေကို အဲဒီ ချီးမြှင့်ငွေများကို ၆ လအတွင်း ပြန်လည် ပေးဆပ်ဖို့နဲ့ မပေးဆပ်ပါက တရားစွဲ ဆိုဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

အလားတူ အရပ်သား အစိုးရလက်ထက်မှာ ပြည်ပကို ပညာတော်သင် သွားရောက်ခဲ့ပြီး မိခင်ဝန်ကြီးဌာနမှာ ပြန်လည်တာဝန်ထမ်းဆောင်ရမယ့် သတ်မှတ်ကာလမပြည့်မီ စစ်ကောင်စီကို ဆန့်ကျင်ကာ ပြည်သူ့ဘက်က ရပ်တည်ခဲ့တဲ့ CDM ဝန်ထမ်းတွေကိုလည်း လျော်ကြေးငွေပေးသွင်းဖို့နဲ့ လျော်ကြေးငွေ မပေးသွင်းပါက တရားစွဲဆိုမယ်လို့ ခြိမ်းခြောက်နေတယ်လို့ NUG နိုင်ငံ ခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

အမည်ပျက်စာရင်းသွင်းခံလိုက်ရသူတွေထဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်း၀န် ဦးချမ်းအေးက စလို့ ညွှန်ကြားရေးမှူးချုပ်တွေ၊ အဆင့်ဆင့်သောဝန်ထမ်းတွေ ပါဝင်ပါတယ်။

နောက်ပြီး ပြည်ပမှာ တာဝန်ထမ်းဆောင်နေတဲ့ သံအမတ်ကြီးတွေထဲမှာ အမေရိကန်၊ ဝါရှင်တန်က ဦးအောင်လင်းက စလို့ သံရုံးယာယီတာဝန်ခံ၊ ကောင်စစ်ဝန်ချုပ်တွေ၊ သံမှူးကြီး၊ သံမှူး၊ ပထမအတွင်းဝန်၊ ဒုတိယအတွင်းဝန်၊ တတိယအတွင်းဝန် စသဖြင့် ရာထူးအဆင့်ဆင့် ပါဝင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook