Connect with us

Hi, what are you looking for?

News

အရာ​တော်မြို့နယ်မှ Mytel တာဝါတိုင်များ ဗုံးကွဲ၍ ပျက်စီး

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်ရှိ Mytel တာဝါတိုင်များ ယမန်နေ့ညက ဗုံး​ပေါက်ကွဲ၍ပျက်စီးသွားကြောင်း နယ်ခံများက ပြောသည်။

စက်တင်ဘာ၈ရက် ည၁၁နာရီခန့်မှ စ၍ အရာတော်မြို့နယ် ညောင်ပင်ရွာ၊ ထန်းတောကုန်းရွာ၊ နွားမသင်းကျေးရွာများအနီးမှ Mytel တိုင်များအပါအဝင် မြို့နယ်အတွင်းရှိ အာဏာသိမ်းစစ်​ကောင်စီပိုင် Mytel တာဝါတိုင်ခုနစ်တိုင်ခန့် ဗုံးဖြင့်ဖောက်ခွဲခံရပြီး ပျက်စီးသွားကြောင်း နယ်ခံများက ပြောသည်။

စက်တင်ဘာ၇ရက်လည်း စစ်ကိုင်းတိုင်းတိုင်းဒေသကြီးဘုတလင်မြို့နယ်အတွင်းရှိ Mytel တာဝါတိုင် ၁၁ တိုင်အား မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး မည်သည့်အဖွဲ့က ပြုလုပ်သွားသည်ကိုမှု မသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ညသန်းခေါင်အချိန် ပေါ်တာဆွဲခံရမှာစိုးရိမ်လို့ စိတ်ဝင်စားမှုနည်း

သတင်း

ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ထုတ်လွှင့်ခွင့်ရရှိထားတဲ့ စစ်တပ်ပိုင် စီးပွါးရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Mytel က အွန်လိုင်းကနေ ကမ္ဘာ့ဖလားပွဲစဉ်တွေ ထုတ်လွှင့်ပြသတာမျိုးတွေရှိရင် တည်ဆဲဥပဒေတွေအပါအဝင် နိုင်ငံတကာဥပ‌ဒေတွေနဲ့ အရေးယူမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ ကမ္ဘာ့ဖလားထုတ်လွှင့်ခွင့်ရရှိထားတဲ့ အာဏာသိမ်းစစ်တပ် နဲ့ ဗီယက်နမ်စစ်တပ် ပူး​ပေါင်းပိုင်တဲ့ Mytel ရဲ့ TV360 စာမျက်နှာကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar-JFM က အသိပေးထားပါတယ်။

သတင်း

​မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်မှာ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက်နဲ့ ကျေးရွာအုပ်စုအချို့က နေအိမ်တွေနဲ့ စာသင်ကျောင်းအချို့ ပျက်စီးခဲ့ပါတယ်။