Connect with us

Hi, what are you looking for?

News

ရဲနှင့်စစ်သားများ ပြည်သူနှင့်ပူးပေါင်းလျှင် ဆုငွေချီးမြှင့်မည်ဟု နေပြည်တော် PDF ဖတ်ခေါ်

“အာဏာလုအကြမ်းဖက်စစ်တပ်၏ လက်ပါးစေဘဝမှရုန်းထွက်ခဲ့လိုက်ပါ။ ပြည်သူ့ရင်ခွင် ပြည်သူ့ကာကွယ် ရေးတပ်မတော် (နေပြည်တော်) မှ သင့်အားကြိုဆိုရန်အသင့်”ဟု ထုတ်ပြန်သည်။

ရဲဝန်ထမ်းများနှင့်တပ်မတော်သားများ စစ်လက်နက် ပစ္စည်းအပြည့်အစုံဖြင့် ပြည်သူ့ထံအလင်းဝင်ရောက်မည်ဆိုပါက ပြည်သူများမှ ဆုချီးမြှင့်ငွေ ကျပ်သိန်း ၅၀ ချီးမြှင့်သွားမည့်အပြင် လုံခြုံစိတ်ချစွာခိုလုံနိုင်ရန် အပြည့်အဝကာကွယ်ပေးမည် ဟုနေပြည်တော် ပြည်သူ့ကာကွယ်ရေူအဖွဲ့ ( Nay Pyi DawPDF )က ယနေ့ ကြေငြာသည်။

“အာဏာလုအကြမ်းဖက်စစ်တပ်၏ လက်ပါးစေဘဝမှရုန်းထွက်ခဲ့လိုက်ပါ။ ပြည်သူ့ရင်ခွင် ပြည်သူ့ကာကွယ် ရေးတပ်မတော် (နေပြည်တော်) မှ သင့်အားကြိုဆိုရန်အသင့်”ဟု ထုတ်ပြန်သည်။

နေပြည်တော် PDFကဲ့သို့ပင် အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဒေသဆိုင်ရာ PDF များကလည်း ယင်းကဲ့သို့ ကြေငြာပြီး CDM စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များကို ပြည်သူနှင့်ပူးပေါင်းရန်ကြိုဆိုနေကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။