Connect with us

Hi, what are you looking for?

LuduNwayOo

News

Mytel နဲ့စစ်တပ်ပိုင်ထုတ်ကုန် အမှတ်တံဆိပ်တွေကို ဖေ့စ်ဘွတ်ခ်ကနေဖယ်ရှားပေးဖို့ အွန်လိုင်းလက်မှတ်ရေးထိုးလှုပ်ရှားမှုစတင်

အဲဒီလက်မှတ်ရေးထိုးလှုပ်ရှားမှုကို https://bit.ly/3BMlzKH အင်တာနက်စာမျက်နှာကတစ်ဆင့် မြန်မာပြည်သူတွေ ပါဝင်ပေးဖို့ Justice for Myanmar က ဒီနေ့တိုက်တွန်းလိုက်ပါတယ်။

Mytel အပါအဝင် စစ်တပ်ထုတ်ကုန်တွေနဲ့ အမှတ်တံဆိပ်တွေကို မြှင့်တင်ပေးနေတဲ့ ဖေ့စ်ဘွတ် စာမျက်နှာအားလုံးကို Facebookက အရေးယူဖယ်ရှားပေးဖို့ လက်မှတ်ရေးထိုးလှုပ်ရှားမှုကို Burma Campaign UK က စတင်နေပါတယ်။

အဲဒီလက်မှတ်ရေးထိုးလှုပ်ရှားမှုကို https://bit.ly/3BMlzKH အင်တာနက်စာမျက်နှာကတစ်ဆင့် မြန်မာပြည်သူတွေ ပါဝင်ပေးဖို့ Justice for Myanmar က ဒီနေ့တိုက်တွန်းလိုက်ပါတယ်။

အကြမ်းဖက်စစ်တပ်က တရားမ၀င် အာဏာသိမ်းကြိုးပမ်းမှု ​နောက်ပိုင်း (၇) လကြာ ကာလအတွင်း ပိတ်ထားခဲ့တဲ့ Mytel ဖေ့စ်ဘွတ် ပင်မစာမျက်နှာဟာ ယခုရက်သတ္တပတ်အတွင်း ပြန်လည်အသက်ဝင်လာခဲ့ပါတယ်။

Mytel ဟာ မြန်မာစစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေကို အဓိကပံ့ပိုးပေးတဲ့ ဝင်ငွေအရင်းအမြစ်တစ်ခုဖြစ်သလို၊ နည်းပညာ လွှဲပြောင်းပေးခြင်းဖြင့် အကြမ်းဖက်စစ်တပ်ကို ကူညီနေတဲ့ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ လုပ်ငန်း အဖွဲ့အစည်းတစ်ခုလည်း ဖြစ်တယ်လို့ Justice for Myanmarက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

Mytel လို ဝင်ငွေအရင်းအမြစ်တွေဟာ စစ်ဗိုလ်ချုပ်ကြီးတွေကို ပိုမိုအာဏာရစ်မူးစေသလို၊ စစ်အုပ်စုအနေနဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် စစ်ဆင်ရေးတွေ ဆက်လက်ကျူးလွန်နိုင်အောင် ထောက်ပံ့ကူညီနေတဲ့ ထောက်တိုင်တွေသဖွယ် ဖြစ်စေတယ်လို့ ဆိုပါတယ်။

အသိပေးဖော်ထုတ်သူများဖြစ်တဲ့ Distributed Denial of Secrets အဖွဲ့ရဲ့ ဖွင့်ချမှုကြောင့် ပေါက်ကြားလာတဲ့ လျို့ဝှတ်စာရွက်စာတမ်းတွေအရ Mytel ဟာ စစ်ဗိုလ်ချုပ်ကြီးများအတွက် ဆယ်စုနှစ် ကာလအတွင်း အမြတ်ငွေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် ရှာဖွေပေးမှာဖြစ် တယ်လို့လည်း Justice For Myanmar က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာဖက်က အကြောင်းကြားထားတဲ့ ၆၁ ဦးဟာ ဗီယက်နမ် နိုင်ငံသားတွေဆိုတာ သေချာကြောင်း စိစစ်ပြီးတဲ့နောက် သံရုံးက သက်ဆိုင်ရာ ဒေသခံ အရာရှိတွေရဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာကြဖို့ အကြံပြုထားကြောင်း၊ သူတို့ကို ဗီယက်နမ်နိုင်ငံ အမြန်ဆုံး ပြန်လည်ခေါ်ယူနိုင်အောင် အစွမ်းကုန် ကြိုးစားပေးနေကြောင်းလည်း ဖန်က သတင်းထောက်တွေကို ပြောပါတယ်။

သတင်း

လူကုန်ကူးမှု ၏ သားကောင်များကို ဘေးကင်းလုံခြုံမှုပေးနိုင်ရန် နိုင်ငံတကာ၏ ကြိုးပမ်းအားထုတ်မှုများကို အထောက်အကူ ပေးသွားမည်ဟုလည်း NUG ကဆိုသည်။

သတင်း

ကုမ္ပဏီများကို အွန်လိုင်းတဆင့်မှတ်ပုံတင်ရန်နှင့် မှတ်ပုံတင်ထားသည့် ကုမ္ပဏီအမျိုးအစား၊ဒါရိုက်တာများ၊ ကုမ္ပဏီလိပ်စာများနှင့် ကုမ္ပဏီအကြောင်းအရာများ အများပြည်သူကြည့်ရှုနိုင်ရန် ဖော်ပြထားခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီသည် ၎င်းတို့ တရားဝင်မှု ရရှိရေးအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး လုပ်ငန်းစဥ်များကို အလွဲသုံးစားလုပ်ရန် အမြဲစဥ်းစားနေသည်ကို သတိပြုရန်လိုအပ်ကြောင်းတို့ကို ဝန်ကြီးများက UNOCHA အကြီးအကဲကို အလေးထား ပြောကြားခဲ့သည်ဟု ဆိုသည်။