Connect with us

Hi, what are you looking for?

News

Mytel နဲ့စစ်တပ်ပိုင်ထုတ်ကုန် အမှတ်တံဆိပ်တွေကို ဖေ့စ်ဘွတ်ခ်ကနေဖယ်ရှားပေးဖို့ အွန်လိုင်းလက်မှတ်ရေးထိုးလှုပ်ရှားမှုစတင်

အဲဒီလက်မှတ်ရေးထိုးလှုပ်ရှားမှုကို https://bit.ly/3BMlzKH အင်တာနက်စာမျက်နှာကတစ်ဆင့် မြန်မာပြည်သူတွေ ပါဝင်ပေးဖို့ Justice for Myanmar က ဒီနေ့တိုက်တွန်းလိုက်ပါတယ်။

Mytel အပါအဝင် စစ်တပ်ထုတ်ကုန်တွေနဲ့ အမှတ်တံဆိပ်တွေကို မြှင့်တင်ပေးနေတဲ့ ဖေ့စ်ဘွတ် စာမျက်နှာအားလုံးကို Facebookက အရေးယူဖယ်ရှားပေးဖို့ လက်မှတ်ရေးထိုးလှုပ်ရှားမှုကို Burma Campaign UK က စတင်နေပါတယ်။

အဲဒီလက်မှတ်ရေးထိုးလှုပ်ရှားမှုကို https://bit.ly/3BMlzKH အင်တာနက်စာမျက်နှာကတစ်ဆင့် မြန်မာပြည်သူတွေ ပါဝင်ပေးဖို့ Justice for Myanmar က ဒီနေ့တိုက်တွန်းလိုက်ပါတယ်။

အကြမ်းဖက်စစ်တပ်က တရားမ၀င် အာဏာသိမ်းကြိုးပမ်းမှု ​နောက်ပိုင်း (၇) လကြာ ကာလအတွင်း ပိတ်ထားခဲ့တဲ့ Mytel ဖေ့စ်ဘွတ် ပင်မစာမျက်နှာဟာ ယခုရက်သတ္တပတ်အတွင်း ပြန်လည်အသက်ဝင်လာခဲ့ပါတယ်။

Mytel ဟာ မြန်မာစစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေကို အဓိကပံ့ပိုးပေးတဲ့ ဝင်ငွေအရင်းအမြစ်တစ်ခုဖြစ်သလို၊ နည်းပညာ လွှဲပြောင်းပေးခြင်းဖြင့် အကြမ်းဖက်စစ်တပ်ကို ကူညီနေတဲ့ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ လုပ်ငန်း အဖွဲ့အစည်းတစ်ခုလည်း ဖြစ်တယ်လို့ Justice for Myanmarက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

Mytel လို ဝင်ငွေအရင်းအမြစ်တွေဟာ စစ်ဗိုလ်ချုပ်ကြီးတွေကို ပိုမိုအာဏာရစ်မူးစေသလို၊ စစ်အုပ်စုအနေနဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် စစ်ဆင်ရေးတွေ ဆက်လက်ကျူးလွန်နိုင်အောင် ထောက်ပံ့ကူညီနေတဲ့ ထောက်တိုင်တွေသဖွယ် ဖြစ်စေတယ်လို့ ဆိုပါတယ်။

အသိပေးဖော်ထုတ်သူများဖြစ်တဲ့ Distributed Denial of Secrets အဖွဲ့ရဲ့ ဖွင့်ချမှုကြောင့် ပေါက်ကြားလာတဲ့ လျို့ဝှတ်စာရွက်စာတမ်းတွေအရ Mytel ဟာ စစ်ဗိုလ်ချုပ်ကြီးများအတွက် ဆယ်စုနှစ် ကာလအတွင်း အမြတ်ငွေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် ရှာဖွေပေးမှာဖြစ် တယ်လို့လည်း Justice For Myanmar က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ညသန်းခေါင်အချိန် ပေါ်တာဆွဲခံရမှာစိုးရိမ်လို့ စိတ်ဝင်စားမှုနည်း

ဆောင်းပါး

ပြီးခဲ့တဲ့ ဇွန်လ ပထမပတ်က သတင်းဌာန Page တစ်ခုမှာ စစ်ခေါင်းဆောင် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးရဲ့သတင်းတစ်ခု တက်လာပါတယ်။ အဲဒီသတင်းအောက်မှာ အမျိုးသမီးတစ်ယောက်က "ဇော်မဲလုံး ညီမလား"လို့ မှတ်ချက်(Comment)ရေးသားခဲ့ပါတယ်။ စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းနေရာ ဝင်လာခဲ့တဲ့အတွက် အဲဒီလို မန့်လိုက်တာပါ။

သတင်း

ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ထုတ်လွှင့်ခွင့်ရရှိထားတဲ့ စစ်တပ်ပိုင် စီးပွါးရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Mytel က အွန်လိုင်းကနေ ကမ္ဘာ့ဖလားပွဲစဉ်တွေ ထုတ်လွှင့်ပြသတာမျိုးတွေရှိရင် တည်ဆဲဥပဒေတွေအပါအဝင် နိုင်ငံတကာဥပ‌ဒေတွေနဲ့ အရေးယူမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ ကမ္ဘာ့ဖလားထုတ်လွှင့်ခွင့်ရရှိထားတဲ့ အာဏာသိမ်းစစ်တပ် နဲ့ ဗီယက်နမ်စစ်တပ် ပူး​ပေါင်းပိုင်တဲ့ Mytel ရဲ့ TV360 စာမျက်နှာကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar-JFM က အသိပေးထားပါတယ်။