Connect with us

Hi, what are you looking for?

News

CDMရဲများကို ​​NUG ဒုဝန်ကြီးဒေါ်အိသဉ္ဇာမောင်က ကျပ်၁၀ သိန်းထောက်ပံ့

“ကျနော်တို့ကို NUG ဒုတိယဝန်ကြီးက ငွေဆယ်သိန်းထောက်ပံ့ပါတယ်။ ငွေကြေး လိုအပ်ချက်တွေရှိနေပေမယ့် ကျွန်တော်တို့ကြိုးစားနေပါတယ်။ တော်လှန်ရေးအောင်မြင်တဲ့အထိ ကျနော်တို့ CDMရဲတပ်ဖွဲ့ဝင်တွေ ကြိုးစားသွားပါမယ်”ဟု CDM ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်သည် CDM ပြုလုပ်နေသည့်ရဲတပ်ဖွဲ့ဝင်များထံသို့ ထောက်ပံ့ငွေကျပ်ဆယ်သိန်းပေးအပ်လှူဒါန်းခဲ့သည်။

ပြည်သူလူထုဘက်က ရပ်တည်နေသည့် ရဲတပ်ဖွဲ့ဝင်များ စားဝတ်နေရေးပြေလည်စေရေးအတွက် ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်က ငွေကြေးလှူဒါန်းခဲ့သည့်သတင်းကို CDM ပြုလုပ်နေသည့်ရဲတပ်ဖွဲ့ဝင်များကယနေ့(စက်တင်ဘာ ၁၁) သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

“ကျနော်တို့ကို NUG ဒုတိယဝန်ကြီးက ငွေဆယ်သိန်းထောက်ပံ့ပါတယ်။ ငွေကြေး လိုအပ်ချက်တွေရှိနေပေမယ့် ကျွန်တော်တို့ကြိုးစားနေပါတယ်။ တော်လှန်ရေးအောင်မြင်တဲ့အထိ ကျနော်တို့ CDMရဲတပ်ဖွဲ့ဝင်တွေ ကြိုးစားသွားပါမယ်”ဟု CDM ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး ပြည်သူထံ ပူးပေါင်းပါဝင်လာကာCDM ပြုလုပ်နေသည့် ရဲတပ်ဖွဲ့ဝင်အရေအတွက်သည် ၆၀၀၀ ခန့်အထိ ရှိနေပြီဖြစ်သည်။

Public Service Announcement

Public Service Announcement

CDM ပြုလုပ်နေသည့်ရဲတပ်ဖွဲ့ဝင်များထံသို့ ထောက်ပံ့ငွေဆယ်သိန်းပေးအပ်လှူဒါန်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး ဆောင်ရွက်နေသည့် အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲနှင့် အတုအယောင်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား အတူတကွရပ်တည် ဆန့်ကျင်ကြရန် တော်လှန်ရေးအင်အားစုများထံ မေတ္တာရပ်ခံ ပန်ကြားချက် တစောင်ကို ပေးပို့ခဲ့ကြောင်း NUCCနှင့် NUG တို့၏ ပူးပေါင်းကော်မတီက ယနေ့ ထုတ်ပြန်သည်။

သတင်း

ထိုင်းနိုင်ငံအတွင်း နေထိုင်နေကြသည့် မြန်မာနိုင်ငံသားများအား အသိပေး မေတ္တာရပ်ခံချက် ထုတ်ပြန်

သတင်း

ဆေးရုံအချို့ကို စတင်တည်ဆောက်နေပြီဟုဆို

သတင်း

ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပါတီအားလုံးပေါင်း လွှတ်တော်နေရာ ၁၀ရာခိုင်နှုန်းပင် မရှိတဲ့၊ လူထုထောက်ခံမှုမရှိတဲ့ နိုင်ငံရေးပါတီတွေက အာဏာသိမ်းစစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ဖို့ လုပ်ဆောင်နေကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်ပါတယ်။