Connect with us

Hi, what are you looking for?

News

ဖျက်ဆီးရသည့် Mytel တာဝါတိုင်အနီးရှိ ရွာကို စစ်ကောင်စီဝင်စီးပြီး လူငယ်နှစ်ဦးကိုသတ်၊ လေးဦးကို ဖမ်းဆီး

တော်လှန်ရေးစိတ်ဓာတ်ချင်းတူညီသည့် ပြည်သူ့ရဲဘော်၊ ရဲဘက်များအတွက် သွေကြွေးပြန်လည် ပေးဆပ်ပါမည်ဟုလည်း ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဆိုသည်။

People's Spring
People's Spring

မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် တောင်လျောင်းရွာရှိ လူငယ်နှစ်ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး လေးဦးကိုဖမ်းဆီးသွားကြောင်း ဒေသခံနှင့် ဗိဿနိုးနယ်မြေပြည်သူ့ ကာကွယ် ရေးတပ်က ပြောသည်။

စက်တင်ဘာလ ၁၂ ရက် နံနက်အစောပိုင်းအချိန်တွင် တောင်တွင်းကြီး မြို့နယ်၊ ကုက္ကိုလ်ကုန်းကျေးရွာအုပ်စု၊ ကုက္ကိုလ်ကုန်းကျေးရွာအနီးရှိ Mytel တာဝါတိုင်ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ အကြမ်းဖက်စစ်တပ်နှင့် ရဲများသည် တောင်တွင်းကြီးမြို့နယ် တောင်လျောင်းကျေးရွာနေ ကျေးရွာသူ၊ သားများအား ဖမ်းဆီးနှိပ်စက်ခြင်းများလုပ်ဆောင်ခဲ့ရာ လူငယ်နှစ် ဦးသေဆုံးခဲ့ပြီးလေးဦးအား ဖမ်းဆီးသွားကြောင်း ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က သတင်းထုတ်ပြန်သည်။

အသက်ခံရသည့် တောင်လျောင်းရွာခံနှစ်ဦးမှာ ကိုမြတ်စိုးလွင်နှင့် ညီဖြစ်သူ ကိုပြေကြီးတို့ ဖြစ်ကြောင်း ဒေသခံက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး သတ်ဖြတ်ခံရသူနှင့် ဖမ်းဆီးခံရသူများသည် ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ အဖွဲ့ဝင်များမဟုတ်သော်လည်း အသက်ပေးသွားသည့် လူငယ်နှစ်ဦးနှင့် ဖမ်းဆီးခံလူငယ် လေးဦးအတွက် ၎င်းတို့၏ မိသားစုဝင်များနှင့်ထပ်တူ အထူးဝမ်းနည်း ကြေကွဲရပြီး သူရဲကောင်းကြယ်ပွင့်များအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးစိတ်ဓာတ်ချင်းတူညီသည့် ပြည်သူ့ရဲဘော်၊ ရဲဘက်များအတွက် သွေကြွေးပြန်လည် ပေးဆပ်ပါမည်ဟုလည်း ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဆိုသည်။

စစ်ကောင်စီတပ်များသည် ဒေသအသီးသီးရှိ ကျေးရွာများသို့ ဝင်ရောက်စီးနင်းခြင်း၊ ဒေသခံပြည်သူများကို သတ်ဖြတ်ခြင်း၊ ပစ္စည်းများ ယူဆောင်ခြင်း၊ ရွာသူ၊ ရွာသားများ၏ နေအိမ်များကို ဖျက်ဆီးခြင်းများလုပ်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။