Connect with us

Hi, what are you looking for?

News

သံအမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်လက်ခန့်ထားရေး ပြည်တွင်း၊ပြည်ပ အရပ်ဖက်အဖွဲ့အစည်း ၃၅၈ ဖွဲ့က ကုလအဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆို

မြန်မာနဲ့ နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်း ၃၅၈ ဖွဲ့တို့ဟာ ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA)ရဲ့ အဖွဲ့ဝင်တွေကို ပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာ တောင်းဆိုဖော်ပြတာလည်းဖြစ်ပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဟာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လက်ရှိအတိုင်း ဆက်လက်ထားရှိဖို့ မြန်မာနဲ့ နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်း ၃၅၈ ဖွဲ့တို့က တောင်းဆိုထားပါတယ်။

မြန်မာနဲ့ နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်း ၃၅၈ ဖွဲ့တို့ဟာ ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA)ရဲ့ အဖွဲ့ဝင်တွေကို ပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာ တောင်းဆိုဖော်ပြတာလည်းဖြစ်ပါတယ်။

“UN အဖွဲ့ဝင်တွေက သူတို့အဆင်ပြေဖို့ အဓိကထားပြီး မလုပ်မရှုပ်သဘောနဲ့ ဆုံးဖြတ်ခဲ့ရင် မြန်မာပြည်သူတွေရဲ့ စစ်မှန်တဲ့ ကိုယ်စားပြုမှုအသံကို UN မှာ လုယူခံလိုက်ရတာမျိုး၊ တစ်နည်းအားဖြင့် ပြည်သူကို အညှာအတာမဲ့ သတ်ဖြတ်နှိပ်စက်နေတဲ့ စစ်အုပ်စုကိုပဲ သူတို့သတ်နေတဲ့ ပြည်သူကို ကိုယ်စားပြုဖို့ ရွေးချယ်သတ်မှတ်လိုက်မျိုး ဖြစ်ပေါ်စေမယ့် အန္တရာယ်ရှိနေပါတယ်။ အဲဒါကြောင့် ကျမတို့အနေနဲ့ လူသားဆန်မှု၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့ကို တန်ဖိုးထားပြီး ပြည်သူ့ဆန္ဒကို လေးစားတဲ့ UN အဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုချင်တာက မြန်မာပြည်သူတွေ ပြတ်ပြတ်သားသား တောင်းဆိုနေတဲ့အတိုင်း စစ်အုပ်စုနဲ့ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဆန့်ကျင်ပြီး ဦးကျော်မိုးထွန်းနဲ့ NUG ကို လူသိရှင်ကြား ထောက်ခံရပ်တည်ပေးဖို့ ဖြစ်ပါတယ်” လို့ ရှေ့ပြေးအသံအဖွဲ့ (PV) တည်ထောင်သူ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။

စစ်အုပ်စု အာဏာသိမ်းဖို့ ကြိုးပမ်းခဲ့ချိန်ကစလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ မြန်မာပြည်သူတွေနဲ့ ၎င်းတို့ရဲ့ တရားဝင်အစိုးရဖြစ်တဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အတွက် အလွန်အရေးပါတဲ့ ကိုယ်စားပြုမှုအသံကို ကုလသမဂ္ဂမှာ ပေးနေခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီလ အာဏာသိမ်းဖို့ ကြိုးပမ်းချိန်ကစလို့ စစ်အုပ်စုဟာ လူဦးရေ ၁,၀၅၈ ဦးကို သတ်ဖြတ်ခြင်း၊ ၇,၉၉၂ ဦးကို ဖမ်းဆီးခြင်း၊ ကလေး ၁၀၄ ဦး အပါအဝင် ၆,၃၄၃ ဦးကို ထိန်းသိမ်းခြင်း၊ ၁၁၈ ဦးကို မျက်ကွယ် ပြစ်ဒဏ် ချမှတ်ခြင်း၊ ၃၉ ဦးကို မျက်ကွယ်သေဒဏ်ချမှတ်ခြင်းနဲ့ မရေတွက်နိုင်တဲ့ ညှဉ်းပန်းနှိပ်စက်ခြင်းများ၊ လိင်ပိုင်းဆိုင်ရာစော်ကားခြင်းများကို ကျူးလွန်လုပ်ဆောင်နေပါတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက ထုတ်ပြန် ပါတယ်။

ဒါ့အပြင် စစ်အုပ်စုဟာ အစိုးရလုပ်ငန်းတွေ လည်ပတ်စေဖို့ တည်ဆောက်နိုင်ခြင်း မရှိသကဲ့သို့ မြန်မာနိုင်ငံရဲ့ နယ်မြေတွေကိုလည်း ထိရောက်စွာ ထိန်းချုပ်နိုင်ခြင်း မရှိဘူးလို့ ဖော်ပြပါတယ်။

နောက်ပြီး စစ်အုပ်စုဟာ COVID-19 ထိန်းချုပ်မှုကို ကြိုးပမ်လုပ်ဆောင်ရမယ့်အစား ဆေးဘက်ဆိုင်ရာပစ္စည်း တွေကို သိမ်းပိုက်ခြင်း၊ အောက်စီဂျင်ကို သိုလှောင်ခြင်း၊ ကျန်းမာရေးလုပ်သားများကို ညှဉ်းဆဲခြင်းနဲ့ အကူအညီတောင်းဆိုတဲ့ လူအုပ်စုများကို ပစ်ခတ်ခြင်း တို့ကြောင့် ရောဂါကပ်ဆိုးကြီးကို မထိန်းချုပ်နိုင်ဘဲ ကမ္ဘာလုံးဆိုင်ရာ ရောဂါထိန်းချုပ်ဖို့ ကြိုးပမ်းမှုကို ထိခိုက်ပျက်စီးစေခဲ့တယ်လို့ ဆိုပါတယ်။

“စစ်အုပ်စုဟာ ကုလသမဂ္ဂရဲ့ အဓိက တန်ဖိုးတွေဖြစ်တဲ့ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ တရားမျှတမှုနဲ့ လူမှုတိုးတက်ရေးတွေနဲ့ အလွန်ဆန့်ကျင်နေတယ်။ သူတို့ကို UN မှာ နေရာယူခွင့် ပေးမယ်ဆိုရင် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ထပ်တွေ့နိုင်မယ့် အလားအလာကို ဖျက်ဆီး လိုက်ရုံသာမကဘဲ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ကုလသမဂ္ဂအပေါ် လေးစားယုံကြည်မှုကိုပါ ပျက်စီးသွားစေမှာ ဖြစ်ပါတယ်” လို့ ASEAN Parliamentarians for Human Rights (APHR) အဖွဲ့ရဲ့ ဘုတ်အဖွဲ့ဝင်၊ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟောင်း ကာဆစ် ပီရိုမျာက ပြောပါ တယ်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂက အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ ကျော်ရဲ့ နိုင်ငံ့အကြီးအကဲ၊ အစိုးရခေါင်းဆောင်၊ နိုင်ငံခြားရေးဝန်ကြီးတွေကို အသိအမှတ်ပြုစာရင်းထုတ်ပြန်ရာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံ့အကြီးအကဲနေရာမှာ သမ္မတဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးနေရာမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ဆက်လက်ထားရှိပါတယ်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာတင်သွင်းသူ(Special Rapporteur)အဖြစ် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌ အဆိုပြုခဲ့တဲ့ အမေရိကန်နိုင်ငံသူ မစ္စစ်ကယ်လီအန်းကို မတ်လ ၃၁ရက် မနေ့က အတည်ပြုခန့်အပ်လိုက်ပါတယ်။

သတင်း

မစ္စစ်ကယ်လီကာရီကိုရွေးချယ်မှုအ​ပေါ် မစ္စတာရှောင်တာနဲလ်က သတင်းကောင်းအဖြစ်ကြိုဆို

သတင်း

အာဏာသိမ်းပြီး ၅ နှစ် အကြာမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လုံခြုံရေးနဲ့ လူသားရေးရာ အကျပ်အတည်းတွေ ဆိုးသထက် ဆိုးလာနေကြောင်း ကုလသမဂ္ဂ အကြီးအကဲ က သတိပေး ပြောကြားလိုက်ပါတယ်။