နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ ကျန်းမာရေးအတော်သက်သာပုံပေါ်ပေမယ့် နည်းနည်းမူးနောက်နေသေးတယ်လို့ပြောကြောင်း သူ့ရဲ့ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။
ဒီနေ့ နေပြည်တော် အထူးတရားရုံးကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ကြားနာခဲ့ပြီးရှေ့နေ့အဖွဲ့နဲ့လည်း တွေ့ဆုံစကားပြောခဲ့တယ်လို့ ဦးခင်မောင်ဇော်က ထုတ်ပြန်ပါတယ်။
“မနက် ၈ ခွဲမှာ ရှေ့နေတွေဟာ တရားပြိုင်သုံးဦးစလုံးနဲ့တွေ့ဆုံခဲ့ပါတယ်။ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်က တော် တော်သက်သာလာပုံပါပဲ။ ဒါပေမဲ့ သူမ နည်းနည်းမူးနောက်နေသေးတယ်လို့ ပြောပါတယ်” လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။

မနေ့က ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာ ရေးအခြေအနေကြောင့် ခွင့်တိုင်ကြားခဲ့တာပါ။

Public Service Announcement
ရှေ့နေတွေနဲ့ ဒီနေ့တွေ့ဆုံမှုမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှု ၅ ခုအပေါ် ရှေ့နေပါဝါလွှဲပြောင်းမှုကို ရယူခဲ့ပြီး ၄ မှုဟာ မန္တလေးတိုင်းတရားလွှတ်တော်မှာ စွဲဆိုခဲ့ကာ တစ်မှုက ရန်ကုန်တိုင်းတရားလွှတ်တော်မှာ စွဲဆိုခဲ့တာဖြစ်ပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည် တော်အထူးတရားရုံးမှာ အမှုခြောက်ခုကို ရင်ဆိုင်နေရတာ လည်းဖြစ်ပါတယ်။


















































