Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာအမျိုးသမီး ၃ ဦး တိုင်းမ်မဂ္ဂဇင်းရဲ့ ကမ္ဘာ့လွှမ်းမိုးမှု အရှိဆုံး လူ ၁၀၀ စာရင်းမှာပါဝင်

အဲဒီအမျိုးသမီး ၂ ဦးကတော့ အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ အမျိုးသမီး ၊လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်နဲ့ ကချင်အမျိုးသမီး Esther Ze Naw Bamvo တို့ပဲဖြစ်ပါတယ်။

ရန်ကုန်မှာနွေဦးတော်လှန်ရေးကို ဦးဆောင်ခဲ့သူ အမျိုးသမီး ၂ ဦးဟာ ကမ္ဘာကျော်တိုင်းမ်မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့လွှမ်းမိုးမှု အရှိဆုံးလူ ၁၀၀ စာရင်းမှာပါဝင်လာပါတယ်။

အဲဒီအမျိုးသမီး ၂ ဦးကတော့ အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ အမျိုးသမီး ၊လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်နဲ့ ကချင်အမျိုးသမီး Esther Ze Naw Bamvo တို့ပဲဖြစ်ပါတယ်။

သူတို့ ၂ဦးဟာ ရန်ကုန်မှာ လူထုလမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အစောဆုံး ဆန္ဒထုတ်ဖော်မှုကို ဖေဖော်ဝါရီလ ၆ ရက် က ဦးဆောင်ခဲ့သူတွေပါ။

ကချင်အမျိုးသမီး Esther Ze Naw Bamvo ကတော့ အခုလို တိုင်းမ်မဂ္ဂဇင်းရဲ့ စာရင်းမှာပါဝင်ခွင့်ရလို့ ဂုဏ်ယူတဲ့အကြောင်း လူမှုကွန်ရက်မှာ ရေးသားထားတာတွေ့ရပါတယ်။

သူတို့ ၂ ဦးအပြင်အင်္ဂါဂြိုဟ်ပေါ်မှာ လေ့လာနိုင်အောင် ဟယ်လီကော်ပတာပါ စက်ရုပ်ယာဉ် ကို ဦးဆောင်တီထွင်ခဲ့တဲ့ နာဆာ က မြန်မာနွယ်ဖွား အင်ဂျင်နီယာ ဒေါ်မီမီအောင်လည်း ၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့လွှမ်းမိုးမှု အရှိဆုံးလူ ၁၀၀ စာရင်းမှာ ပါဝင်တာကိုတွေ့ရပါတယ်။

You May Also Like

News

အသက် ၂၆ နှစ်အရွယ် အဲဒီမြန်မာအမျိုးသမီးကို ဘန်ကောက်မြို့ရဲ့ Suan Luang ခရိုင်၊ Pakamas အိမ်ရာရဲ့ ၁၁လမ်းရှိ ​နေအိမ်တစ်လုံးမှာ ဖမ်းဆီးထိန်းသိမ်းကာ အဓမ္မအလုပ်စေခိုင်းခံရတာဖြစ်ပါတယ်။