Connect with us

Hi, what are you looking for?

သတင်း

မဲဆောက်မှာအွန်လိုင်းလောင်းကစားမှုနဲ့ဆက်စပ်ပြီးမြန်မာအမျိုးသမီးနှစ်ဦးကိုဖမ်းဆီး

ထိုင်းနိုင်ငံ၊ မဲဆောက်ခရိုင်မှာ အွန်လိုင်း လောင်းကစားဝက်ဘ်ဆိုက် တစ်ခုအတွက် အလုပ်လုပ်ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာ အမျိုးသမီး နှစ်ဦးကို ဆိုက်ဘာ လုံခြုံရေး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ဇွန် – ၃၀ ၊၂၀၂၆

ထိုင်းနိုင်ငံ၊ မဲဆောက်ခရိုင်မှာ အွန်လိုင်း လောင်းကစားဝက်ဘ်ဆိုက် တစ်ခုအတွက် အလုပ်လုပ်ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာ အမျိုးသမီး နှစ်ဦးကို ဆိုက်ဘာ လုံခြုံရေး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

တက်ခ်ပြည်နယ်၊ မဲဆောက်ခရိုင်၊ မယ်ပါ့ ခရိုင်ခွဲထဲက နေအိမ်တစ်လုံးကို ဇွန်လ ၃၀ ရက်နေ့မှာ ဝင်ရောက်စီးနင်း ရှာဖွေခဲ့ကြောင်း ဆိုက်ဘာ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေအရ အဲဒီအိမ်ဟာ Las Vegas LV177ဆိုတဲ့ အွန်လိုင်း လောင်းကစား ဝက်ဘ်ဆိုက်နဲ့ ဆက်စပ်နေတယ်လို့ သိရှိထားတာကြောင့် အခုလို ဝင်ရောက် စစ်ဆေးခဲ့တာလို့ ရဲတွေက ပြောပါတယ်။

Las Vegas LV177ဟာ လက်ရှိ ကမ္ဘာ့ဖလား ကာလနဲ့ တိုက်ဆိုင်ပြီး လှုပ်ရှားနေတဲ့ အွန်လိုင်း လောင်းကစား ဝက်ဘ်ဆိုက်လို့လည်း ဆိုက်ဘာ ရဲတပ်ဖွဲ့က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အွန်လိုင်း ရာဇဝတ်မှုတွေ တိုက်ဖျက်ရေး၊ ပြည်သူလူထု အကျိုးစီးပွား နစ်နာထိခိုက်နိုင်တဲ့ ကျူးလွန်မှုတွေကို တားဆီးတိုက်ဖျက်ရေး မူဝါဒတွေနဲ့အညီ ထိုင်းရဲတပ်ဖွဲ့ဟာ အခုစစ်ဆင်ရေးကို အကောင်အထည် ဖော်ခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းရဲတပ်ဖွဲ့ဟာ နေအိမ်ကို ဝင်မစီးခင်မှာ လိုအပ်တဲ့ သက်သေ အထောက်အထားတွေ ကြိုတင်စုဆောင်းထားခဲ့ပြီး တရားရုံးဆီက ဝရမ်းကိုလည်း တောင်းယူခဲ့ပါတယ်။ နေအိမ်ကို စီးနင်းပြီးချိန်မှာတော့ ဝက်ဘ်ဆိုက်ကို ကွပ်ကဲနေတဲ့ အသက် ၂၇ နှစ်အရွယ် သက်စန္ဒာနဲ့ အသက် ၂၆ နှစ်အရွယ် ဆည်းဆာနွေးဆိုတဲ့ မြန်မာ အမျိုးသမီး နှစ်ဦးကို ဆိုက်ဘာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ ဝက်ဘ်ဆိုက်ရဲ့ administratorတွေအဖြစ် အလုပ်လုပ်နေခဲ့ပြီး ဝက်ဘ်ဆိုက် သုံးစွဲသူတွေရဲ့ မေးမြန်းမှုတွေကို တုံ့ပြန်ဖြေကြားတာ၊ တခြားလိုအပ်တဲ့ အကူအညီ ပေးတာမျိုးတွေကို တာဝန်ယူထားတယ်လို့ ဆိုပါတယ်။

အမျိုးသမီး နှစ်ဦးဟာ ဝက်ဘ်ဆိုက် administrator အဖြစ် တာဝန်ယူထားတဲ့အတွက် လစာ ဘတ် ၃ သောင်းဝန်းကျင်စီ ရရှိတယ်လို့လည်း ထွက်ဆိုခဲ့ကြပါတယ်။ အဲဒီ ဝက်ဘ်ဆိုက်ဟာ ပျမ်းမျှ တစ်လကို ငွေကြေးအဝင်အထွက် ဘတ်သန်း ၇၀ လောက်ထိ ပုံမှန်လည်ပတ်မှု ရှိတယ်လို့လည်း ထိုင်းရဲတွေက စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

နေအိမ်ထဲမှာတော့ ကွန်ပျူတာတွေ၊ ဖုန်းတွေ၊ iPadတွေ၊ အင်တာနက် ကွန်ရက် ချိတ်ဆက်မှု ကိရိယာတွေ၊ ငွေသား ဘတ် ၃၅,၀၀၀၊ ရွှေထည်တွေနဲ့လက်ဝတ်လက်စားတွေ၊ငွေစုစာအုပ်တချို့ကိုသက်သေအထောက်အထားတွေအဖြစ် သိမ်းဆည်း ရမိခဲ့ပါတယ်။

ရဲတွေက အဲဒီ အွန်လိုင်း လောင်းကစား ပလက်ဖောင်းနဲ့ ဆက်စပ်နေတဲ့ တခြားကြံရာပါတွေကို ဆက်လက် ခြေရာခံ စုံစမ်းနေကြောင်း ပြောပါတယ်။

အဖမ်းခံရသူတွေနဲ့ သက်သေတွေကို မဲဆောက်ရဲစခန်းဆီ လွှဲပြောင်းပေးထားပြီး မြန်မာ အမျိုးသမီး နှစ်ဦးဟာ တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်း လည်ပတ်မှု၊ တခြားအသုံးပြုသူတွေကို သိမ်းသွင်းဆွဲဆောင်မှုတွေအတွက် အမှုရင်ဆိုင်ရာမှာ ဖြစ်ပါတယ်။

အွန်လိုင်းလောင်းကစားမှုတွေက ထိုင်းနိုင်ငံမှာ တရားမဝင် လုပ်ငန်းဖြစ်ကြောင်းနဲ့ ဆက်နွှယ်ပတ်သက်မိရင် ဆိုးရွားတဲ့ ငွေကြေးဆုံးရှုံးမှုတွေ၊ ကိုယ်ရေးအချက်အလက် ချိုးဖောက်ခံရမှုတွေ၊ လိမ်လည်ခံရနိုင်ခြေတွေ ကြုံတွေ့နိုင်ကြောင်းလည်း ထိုင်းဆိုက်ဘာ ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းမိုင်မှာ ခွင့်ပြု လုပ်ငန်းလိုင်စင် မရှိဘဲ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်နေတယ်ဆိုပြီးမြန်မာ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

၂၀၂၁ ခုနှစ် နွေဦးကာလကစလို့ မြန်မာနိုင်ငံရဲ့ လမ်းမတွေပေါ်မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ရဲရဲဝံ့ဝံ့ ကြွေးကြော်ခဲ့ကြတဲ့ လူငယ်တွေထဲမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ အထူးပဲ ထင်ရှားခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။

သတင်း

​လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးဝင်းတင်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။