Connect with us

Hi, what are you looking for?

သတင်း

ဂျပန်မှာကလေးအလောင်းစွန့်ပစ်တဲ့စွပ်စွဲမှုနဲ့ မြန်မာအမျိုးသမီး အဖမ်းခံရ

ဂျပန်မှာ ကလေးရဲ့ ရုပ်အလောင်းကို စွန့်ပစ်ခဲ့ကြောင်း စွပ်စွဲခံရတဲ့ မြန်မာ အမျိုးသမီးငယ်တစ်ဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

သြဂုတ် – ၃၀ ၊၂၀၂၆

ဂျပန်မှာ ကလေးရဲ့ ရုပ်အလောင်းကို စွန့်ပစ်ခဲ့ကြောင်း စွပ်စွဲခံရတဲ့ မြန်မာ အမျိုးသမီးငယ်တစ်ဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

ဆိုင်တာမာဒေသက ဟီဂါရှီမတ်ဆူယာမာမြို့မှာရှိတဲ့ တိုက်ခန်းထဲမှာ သူ့ရဲ့ မွေးကင်းစကလေး ရုပ်အလောင်းကို အဲဒီ အသက် ၂၁ နှစ်အရွယ် မိန်းကလေးက စွန့်ပစ်ထားခဲ့တယ်လို့ သံသယရှိတဲ့အတွက် ရဲတွေက ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

အသက်မွေးသင်တန်းကျောင်း တစ်ခုမှာ တက်ရောက်နေတဲ့ မိန်းကလေးဟာ သားယောက်ျားလေးဖြစ်တဲ့ ကလေးငယ်ကို ဩဂုတ် ၁၆ ကနေ ၂၇ ရက်နေ့အတွင်း မွေးဖွားပြီး တိုက်ခန်းထဲမှာ စွန့်ပစ်ထားခဲ့တာလို့ ရဲတွေက ယုံကြည်နေပါတယ်။

Public Service Announcement

Public Service Announcement

ဩဂုတ် ၂၇ ရက်နေ့တုန်းက မီးယပ်သားဖွား ဆရာဝန် တစ်ဦးက ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ဆေးခန်းလာပြပေမယ့် သားအိမ်ထဲမှာ သန္ဓေသားကို မတွေ့ရတော့တဲ့နောက် ရဲတွေကို အကြောင်းကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဟာ မိန်းကလေးရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေပြီး မွေးကင်းစ ကလေးအလောင်းကို ရှာတွေ့ခဲ့ပါတယ်။

စစ်ဆေးမေးမြန်းတဲ့အခါ မိန်းကလေးက သူဟာ ကလေးကို မွေးဖွားပြီးတဲ့နောက် ပလတ်စတစ် အိတ်ထဲထည့်ပြီး တိုက်ခန်းထဲမှာ ချန်ထားခဲ့ကြောင်း၊ ဒါပေမဲ့ ဖုံးကွယ်ဖျောက်ဖျက်ဖို့၊ လွှင့်ပစ်ဖို့လည်း စိတ်ကူးမရှိခဲ့ကြောင်း ထွက်ဆိုထားပါတယ်။

ကလေးရဲ့ ရုပ်အလောင်းမှာ ပြင်ပဒဏ်ရာဒဏ်ချက်မျိုး မတွေ့ရပါဘူး။ ကလေး သေဆုံးရတဲ့ အကြောင်းရင်းကို ရဲတွေက ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ကိုးကား – Japan Today

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မဂ္ဂနီကျု ၅.၉ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးတဲ့နောက် တိုကျိုမြို့တော်နဲ့ ပိုမိုကျယ်ဝန်းတဲ့ ကန်တိုဒေသမှာ နေထိုင်သူတွေ အနေနဲ့ လာမယ့် သီတင်းပတ်တွေမှာပါ ပြင်းအားတူ ငလျင်တစ်ခု လှုပ်ခတ်နိုင်ခြေကို သတိထားကြဖို့ ဂျပန် အစိုးရက သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

ပိုင်နက် အငြင်းပွားရာ ကျွန်းစုတွေနားမှာ ဒုံးကျည် စမ်းသပ်ခဲ့တဲ့ လုပ်ရပ်ကို ဂျပန်က တရားဝင် ကန့်ကွက်ခဲ့ပါတယ်။

သတင်း

လွန်ခဲ့တဲ့ ၁၇ နှစ်တုန်းက လူ ၅ ဦး သေဆုံးစေခဲ့တဲ့ ဂိမ်းဆိုင် မီးရှို့မှု တရားခံကို ဂျပန်က သေဒဏ်စီရင် ကွပ်မျက်ခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန်မှာ ရထားတိုက်ခံရလို့ ဘူတာရုံက အလုပ်သမား ၄ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

Facebook