ဥရောပသမဂ္ဂဟာ အင်ဒို-ပစိဖိတ် မဟာဗျူဟာသစ်ကို မြန်မာနိုင်ငံမှာ ဒီမိုကရေစီအလျင်အမြန် ပြန်လည်ဖော် ဆောင်ရေးအတွက် အသုံးချကြိုးပမ်းဆောင်ရွက်သွားမယ်လို့ မနေ့က ထုတ်ပြန်ကြေညာပါတယ်။
ဥရောပသမဂ္ဂဟာ အင်ဒို – ပစိဖိတ်ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာသစ်တစ်ရပ်ကို မနေ့က စတင် မိတ်ဆက်လိုက်ပြီး ဒေသတွင်း ချိတ်ဆက်ဆောင်ရွက်မှုတွေကို အရှိန်အဟုတ်တိုးမြှင့်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဥရောပသမဂ္ဂရဲ့ မဟာဗျူဟာသစ်ဟာ ဒေသတွင်း တည်ငြိမ်မှု၊ လုံခြုံဘေးကင်းမှု၊ ကြီးပွားချမ်းသာမှု နဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဒီမိုကရေစီ အခြေခံမူများ၊ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးများ၊ နိုင်ငံတကာ ဥပဒေတွေနဲ့အညီ ဖော်ဆောင်ရာမှာ အထောက်အကူပြုဖို့ ရည်ရွယ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ပါတယ်။
အင်ဒို – ပစိဖိတ်ဒေသရဲ့ စီးပွားရေး၊ လူနေမှုဘဝနဲ့ နိုင်ငံရေးဆိုင်ရာ ဩဇာသက်ရောက်မှုတို့ တိုးပွားလာတာနဲ့အညီ စည်းမျဉ်းစည်းကမ်းတွေကို အခြေခံတဲ့ နိုင်ငံတကာ ဖွဲ့စည်းပုံစနစ်များကို ပုံဖော်ဖို့၊ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများ ကို ရင်ဆိုင်ဖြေရှင်းဖို့တို့မှာ အဓိကကျတဲ့ ဒေသတစ်ခု ဖြစ်လာတယ်လို့ဆိုပါတယ်။

Public Service Announcement


















































