Connect with us

Hi, what are you looking for?

News

တောင်ကုတ်မြို့နယ် NLD အမတ်ဟောင်းနဲ့ပါတီဝင်၁ ဦးကို ထောင်ဒဏ် ၂ နှစ်ကျော်ချလိုက်

ရခိုင်ပြည်နယ် အခြေစိုက်နိရဉ္စရာသတင်းဌာနရဲ့ဖော်ပြချက်အရ ဦးမင်းအောင်နဲ့အတူ NLDပါတီဝင် ကိုသန့်ဇင်ဖြိုးကိုပါ တောင်ကုတ်မြို့နယ်တရားရုံးက ထောင်ဒဏ်ချလိုက်တာပါ။

အာဏာသိမ်းတာကိုဆန့်ကျင်ဆန္ဒပြတာကြောင့် ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် NLD အမတ်ဟောင်း ဦးမင်းအောင် ကို ဒီနေ့မှာအလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်ကျော် ချမှတ်လိုက်တယ်လို့သိရပါတယ်။

ရခိုင်ပြည်နယ် အခြေစိုက်နိရဉ္စရာသတင်းဌာနရဲ့ဖော်ပြချက်အရ ဦးမင်းအောင်နဲ့အတူ NLDပါတီဝင် ကိုသန့်ဇင်ဖြိုးကိုပါ တောင်ကုတ်မြို့နယ်တရားရုံးက ထောင်ဒဏ်ချလိုက်တာပါ။

သူတို့၂ ဦးကို စစ်ကောင်စီက ငြိမ်းစုစီ ဥပဒေပုဒ်မ၁၉ ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၅ တို့နဲ့တရားစွဲဆိုထားတာဖြစ်ပါတယ်။

အဲဒီနောက် ဒီနေ့မှာတော့ ၂ ဦး လုံးကို ငြိမ်းစုစီပုဒ်မ ၁၉နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ပုဒ်မ၂၅ နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ လ အသီးသီးစီ ချလိုက်တာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရဲ့ စည်ပင်ဝန်ကြီးဟောင်းဖြစ်ခဲ့သူ ဦးမင်းအောင် ကို စစ်ကောင်စီဟာ အဂတိပုဒ်မ နဲ့လည်း အမှုဖွင့်ထားပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်နဲ့ရခိုင်ပြည်နယ်ကို ကြည်းရေလေစစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်​ပေမယ့် ဧရာဝတီမြစ်​ကြောင်းတိုက်ပွဲမှာစစ်ရှုံးခဲ့ပြီး​နောက်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ကြီးကိုကိုဦး ကိုပြည်ထဲရေးဝန်ကြီးအဖြစ် အရပ်ဖက်ရာထူးပူးတွဲခန့်အပ်လိုက်ပါတယ်။

အတွေးအမြင်

ဇာတ်လမ်းရဲ့ အစမှာ ကိန်းဂဏန်းတွေ မြင်နေရပါတယ်။စစ်အုပ်စုကအခြေခံလူတန်းစားကို ဆင်းရဲတွင်းထဲ တွန်းပို့ထားတဲ့ နှစ်လုံးထီလောင်းကစားအတွက် ဒီဂဏန်းတွေကို အသုံးမချဖို့မေတ္တာရပ်ခံပါတယ်။ ခေတ်သစ်ကမ္ဘာမှာ သူရဲဘောအကြောင်ဆုံး စစ်ဆင်ရေးတစ်ခု မြန်မာနိုင်ငံမှာ ရှိနေတဲ့အကြောင်း သိစေလိုခြင်းဖြစ်ပါတယ်။

ရသစာတမ်းငယ်

ဂျိတ္တောဆိုတာ သံတွဲလေဆိပ်ကနေ ငပလီကမ်းခြေတလျှောက် လာလိုက်ရင် ငပလီကမ်းခြေရဲ့ အစွန်ဆုံး။ ဟိုးတုန်းကတော့ ဂျိတ္တောတံငါရွာလေးပေါ့။ နောက်ကျတော့ငပလီကိုမြို့သတ်မှတ်တဲ့အခါ ဂျိတ္တောရပ်ကွက်ဆိုပြီး ဖြစ်လာတယ်။တချို့က ရပ်ကွက်ဆိုတာကို သဘောကျကြတယ်။ တချို့က ရွာလို့ပဲ ဆက်ပြီး ခေါ်ချင်ကြတယ်။ "ဂျိတ္တောတံငါရွာလေး" လို့ ဆိုလိုက်ရင် နှလုံးသားကို ပိုပြီး နွေးထွေးစေတယ်လေ။

သတင်း

စစ်ကြာင်း​တွေတပ်ဆုတ်ပြေးနေရပြီး ​ဒေသအချို့မှာတိုက်စစ်က​နေ ခံစစ်ဖြစ်​နေ