အာဏာသိမ်းတာကိုဆန့်ကျင်ဆန္ဒပြတာကြောင့် ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် NLD အမတ်ဟောင်း ဦးမင်းအောင် ကို ဒီနေ့မှာအလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်ကျော် ချမှတ်လိုက်တယ်လို့သိရပါတယ်။
ရခိုင်ပြည်နယ် အခြေစိုက်နိရဉ္စရာသတင်းဌာနရဲ့ဖော်ပြချက်အရ ဦးမင်းအောင်နဲ့အတူ NLDပါတီဝင် ကိုသန့်ဇင်ဖြိုးကိုပါ တောင်ကုတ်မြို့နယ်တရားရုံးက ထောင်ဒဏ်ချလိုက်တာပါ။
သူတို့၂ ဦးကို စစ်ကောင်စီက ငြိမ်းစုစီ ဥပဒေပုဒ်မ၁၉ ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၅ တို့နဲ့တရားစွဲဆိုထားတာဖြစ်ပါတယ်။
အဲဒီနောက် ဒီနေ့မှာတော့ ၂ ဦး လုံးကို ငြိမ်းစုစီပုဒ်မ ၁၉နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ပုဒ်မ၂၅ နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ လ အသီးသီးစီ ချလိုက်တာလို့သိရပါတယ်။

Public Service Announcement
ဒါအပြင် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရဲ့ စည်ပင်ဝန်ကြီးဟောင်းဖြစ်ခဲ့သူ ဦးမင်းအောင် ကို စစ်ကောင်စီဟာ အဂတိပုဒ်မ နဲ့လည်း အမှုဖွင့်ထားပါသေးတယ်။
