Connect with us

Hi, what are you looking for?

News

ခရမ်းတွင် ဗုံးခွဲမှုနှင့် ပစ်ခတ်မှုများဖြစ်ပွား စစ်ကောင်စီတပ်မှ ငါးဦးသေ၊ ပစ်ခတ်မှုတွင် လူငယ်နှစ်ဦးကျဆုံးပြီးဒဏ်ရာဖြင့်တစ်ဦးအဖမ်းခံရ

ပစ်ခတ်မှုဖြစ်စဉ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့မှ လူငယ်နှစ်ဦးကျဆုံးကာ ဒဏ်ရာရလူငယ်တစ်ဦးကိုယ်မူ အရှင်ဖမ်းမိသွားသည်ဟု ဒေသသတင်းရင်းတစ်ခုဖြစ်သည့် Khayan Channal က ဖော်ပြသည်။

People's Spring
People's Spring

ရန်ကုန်တိုင်း ခရမ်းမြို့နယ်တွင် ဗုံးခွဲတိုက်ခိုက်မှုအ ပါအဝင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် မှ ငါးဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ပစ်ခတ်မှုဖြစ်စဉ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့မှ လူငယ်နှစ်ဦးကျဆုံးကာ ဒဏ်ရာရလူငယ်တစ်ဦးကိုယ်မူ အရှင်ဖမ်းမိသွားသည်ဟု ဒေသသတင်းရင်းတစ်ခုဖြစ်သည့် Khayan Channal က ဖော်ပြသည်။

ခရမ်းမြို့ပေါ် တွင် ယနေ့ညနေ ၆ နာရီခန့်မှစ၍ မြို့နယ်အားကစားရုံ ၊မြို့မရဲစခန်း
စသည့်နေရာများအနီး ပေါက်ကွဲမှုများဆက်တိုက်ဖြစ်ပွားခဲ့သည့်အပြင် နယ်မြေလှည့်ကင်းဆောင်ရွက် သည့် စစ်ကောင်စီယာဉ်အား ဗုံးခွဲတိုက်ခိုက်မှုလည်းရှိခဲ့သည်ဟု စုံစမ်းသိရှိရသည်။ စစ်ကောင်စီယာဥ်အား ဗုံးခွဲတိုက်ခိုက်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်များက လိုက်လံပစ်ခတ်ရင်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိ့ရသည်။

Public Service Announcement

ထိုဖြစ်စဉ်များကြောင့် စစ်ကောင်စီတပ်မှ ယနေ့ညပိုင်းတွင် မြို့အဝင်အထွက်ဂိတ်များအား ပိတ်ဆို့ထားကာ မြို့တွင်း၌လည်း ရပ်ကွက်များအတွင်းဝင်ရောက်၍ အကြောင့်မဲ့ပစ်ခတ်မှုများကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်လျက်ရှိကြောင်းဒေသခံအချို့ကပြောသည်။

Public Service Announcement

Public Service Announcement

ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် သံလျှင်မြို့နယ်နှင့် ရန်ကုန်မြို့ထဲမှ စစ်ကောင်စီကားများပါ ခရမ်းမြို့နယ်ဘက်သို့ လိုက်သွားကြောင်းလည်းဒေသခံအချို့ကပြောသည်။

ထိုအပြင် ယနေ့ည ၈ နာရီဝန်းကျင်တွင်
အင်းစိန်အကျဉ်းဦးစီးရှေ့ နှင့် ခလရ ၁၆ တပ်စွဲထားသောနေရာ ၊ ရွှေပြည်သာမြို့နယ်တွင် စစ်ကောင်စီတပ်များတပ်စွဲထားသောရွှေပြည်သာ ရုပ်ရှင်ရုံဝန်းအနီး ၊ မြောက်ဥက္ကလာပမြို့နယ်တွင် မဂ်လာဒုံလေဆိပ်သွားသောလမ်းပေါ် ၊ မြောက်ဒဂုံ ၊ပုဇွန်တောင် စသောနေရာများတွင် ဗုံးများဆက်တိုက်ပေါက်ကွဲခဲ့ကြောင်းဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...

ဆောင်းပါး

စစ်အာဏာသိမ်းမှုကြောင့် လူ့ဘဝတစ်ခုလုံး စုတ်ပြတ်သွားလိမ့်မယ်လို့ မထင်ခဲ့မိကြောင်း အ သက် ၃၀စွန်းစအရွယ် စာရင်းကိုင်လူငယ်တစ်ဦးက ပြောတယ်။

ဆောင်းပါး

​အရင်က ကျေးလက်ဒေသတွေ၊ မြို့ငယ်တွေနဲ့ တိုင်းရင်းသားဒေသတွေမှာသာ ကြားလေ့ရှိတဲ့ "ပေါ်တာဆွဲတယ်" ဆိုတဲ့ ကြောက်မက်ဖွယ် စကားလုံးဟာ အခုဆိုရင် ရန်ကုန်မြို့ပြကြီးရဲ့ နေအိမ်တွေထဲအထိ ဝင်ရောက်လာပြီး ဧည့်ခန်းမှာ မိန့်မိန့်ကြီး နေရာယူလိုက်ပါပြီ။ မိဘတွေဟာ ကိုယ့်အိမ်ထဲမှာတင် ကိုယ့်သားသမီး ဘယ်အချိန် အဖမ်းခံရမလဲဆိုတဲ့ သောကနဲ့ ညစဉ် အိပ်မပျော်နိုင်ကြတော့ပါဘူး။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။