Connect with us

Hi, what are you looking for?

News

UN မှာ ကိုယ်စားပြုခွင့်အတွက်ကြားအဖြေတခုထွက်လာနိုင်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဆို

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ရဖို့ NUG နဲ့ စစ်ကောင်စီက အပြိုင်တင်သွင်းထားတာကြောင့်ကိုယ်စားလှယ် စိစစ်ရေးကော်မတီက ဆုံးဖြတ်ရွေးချယ်ရမှာဖြစ်ပါတယ်။

ကုသမဂ္ဂကိုယ်စားလှယ်စိစစ်ရေးရွေးချယ်ရေးကော်မတီ ကနေ မြန်မာနိုင်ငံအတွက် ကြားအဖြေတခုထွက်လာနိုင်တဲ့အနေအထားရှိတယ်လို့ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် က ပြောပါတယ်။

တကမ္ဘာလုံးက စစ်အာဏာသိမ်း တာကိုဆန့်ကျင်ထားတဲ့အတွက် ကော်မတီဟာ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို လက်ံခံမှာမဟုတ်တဲ့အတွက် အဆိုးဆုံးအခြေအနေတော့ ဖြစ်လာဖို့မရှိကြောင်း ဝန်ကြီး က ဆိုပါတယ်။

“လက်ရှိအချိန်ထိတော့ဒီအဆိုးဆုံးအခြေအနေ ဖြစ်လာဖို့မရှိဘူးဆိုတာ နားလည်လို့ရတယ် မျှော်လင့်လို့ရတယ် ၊ဒါဆိုဘယ်အခြေအနေဖြစ်နိုင်လဲဆိုတော့ အကောင်ဆုံးအခြေအနေကတော့ NUG ကိုလည်းထောက်ခံ ဦးကျော်မိုးထွန်းလည်းဆက်ရှိနေမယ့်အနေအထားပေါ့ ၊ဒီအနေအထားကလည်း ဆက်လက်ပြီး ရုန်းကန်ရမယ့်အနေအထားဖြစ်တယ် ၊ကြားအဖြေတခု ထွက်လာနိုင်တဲ့အနေအထားမျိုး ရှိတယ်လို့ကျွန်မတို့သုံးသပ်ရပါတယ် ” ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

ဒါကြောင့် ကျင်းပဆဲ ကုလသမဂ္ဂအထွေထွေညီလာခံ ပြီးသွားရင် စစ်ကောင်စီကိုအသိအမှတ်မပြုဖို့ ၊ NUG ကိုသာ တရားဝင်အစိုးရအနေနဲ့ အသိအမှတ်ပြုဖို့ ဆက်လက်ကြိုးပမ်းရမယ်လို့လည်းပြောပါတယ်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ရဖို့ NUG နဲ့ စစ်ကောင်စီက အပြိုင်တင်သွင်းထားတာကြောင့်ကိုယ်စားလှယ် စိစစ်ရေးကော်မတီက ဆုံးဖြတ်ရွေးချယ်ရမှာဖြစ်ပါတယ်။

ကော်မတီရဲ့ ဆုံးဖြတ်ချက်ဟာ ဖြစ်နိုင်ခြေ ၄ မျိုးရှိနေပြီး အဲဒီ ဖြစ်နိုင်ခြေတွေကတော့ NUG ရဲ့ုကိုယ်စားလှယ်ကိုရွေးချယ်တာ ၊စစ်ကောင်စီ ကိုယ်စားလှယ်ကိုရွေးချယ်တာ ၊ ၂ ဖက်လုံးကို မရွေးချယ်ဘဲ လက်ရှိတာဝန်ထမ်းဆောင်ဆဲ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုပဲဆက်ခန့်တာ ၊ မြန်မာထိုင်ခုံကို အလွတ်ထား တာပဲဖြစ်ပါတယ်။

စက်တင်ဘာလ ၁၄ ရက် ကုလညီလာခံ စတင်တဲ့ နေ့မှာပဲ အမေရိကန် အခြေစိုက် မူဝါဒရေးရာ စာစောင် Foreign Policy က မြန်မာကိုယ်စားပြုခွင့်နဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို တက်ခွင့်မပေးဘဲ ဦးကျော်မိုးထွန်းကိုသာ တက်ခွင့်ပေးဖို့အမေရိကန်နဲ့ တရုတ်တို့ သဘောတူညီချက်ရခဲ့တယ်လို့ဆိုထားပါတယ်။

ဒါပေမယ့်အဲဒီသဘောတူညီချက်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ညီလာခံမှာ စကားပြောဆိုခွင့်ရမှာမဟုတ်ဘူးလို့လည်းဖော်ပြထားတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

မြန်မာဖက်ကနေ ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁.၂ သန်းကျော်ကြောင့် သူ့နိုင်ငံက ဖိစီးမှုတွေ အကြီးအကျယ် ကြုံတွေ့နေကြောင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

Facebook