Connect with us

Hi, what are you looking for?

News

ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၅၀၅ (ခ) နဲ့ စွဲချက် တင်မတင် မနက်ဖြန်အမိန့်ချမယ်

ဒီနေ့ ရုံးချိန်းမှာတော့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေ နဲ့စွဲဆိုထားတဲ့အမှုကို စစ်ဆေးဖို့ရှိပေမယ့် တရားလို သက်သေ မလာတဲ့အတွက် လာမယ့် စက်တင်ဘာလ ၂၇ ရက်ကို ရုံးချိန်း ချိန်းဆိုလိုက်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှု ၁၁ မှုအနက် ပုဒ်မ ၅၀၅ (ခ) နဲ့စွဲဆိုထားတဲ့အမှုကို စွဲချက် တင်မတင် မနက်ဖြန် စက်တင်ဘာလ ၂၁ ရက်မှာ အမိန့်ချမယ်လို့ ရှေ့နေ ဆီကသိရပါတယ်။

ဒီနေ့ ရုံးချိန်းမှာတော့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေ နဲ့စွဲဆိုထားတဲ့အမှုကို စစ်ဆေးဖို့ရှိပေမယ့် တရားလို သက်သေ မလာတဲ့အတွက် လာမယ့် စက်တင်ဘာလ ၂၇ ရက်ကို ရုံးချိန်း ချိန်းဆိုလိုက်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

ဒါအပြင် ပို့ကုန်သွင်းကုန်ဥပဒေ နဲ့စွဲဆိုထားတဲ့အမှု ဟာလည်း စစ်ဆေးစရာ တရားလိုပြသက်သေ ကုန်သွားတဲ့အတွက် နှစ်ဖက်လျှောက်လဲချက်ပေးဖို့ စက်တင်ဘာလ ၂၇ ရက်ကို ချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။

ဒီနေ့ ရုံးချိန်းမှာ သမ္မတဦးဝင်းမြင့် ကိုသဘာဝဘေးအန္တရာဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေနဲ့စွဲထားတဲ့အမှုကိုလည်း စစ်ဆေးခဲ့ပြီး အဲဒီအမှုမှာ စစ်ဆေးစရာ သက်သေကုန်သွားပြီလို့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒေါ်အောင်ဆန်းစုကြည် ဟာ ဆက်သွယ်ရေးဥပဒေ ၊ ပို့ကုန်သွင်းကုန်ဥပဒေ ၊သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ၊ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ ၊ အဂတိဥပဒေ တွေနဲ့ စစ်ကောင်စီရဲ့ တရားစွဲဆိုခြင်းကိုခံနေတာပါ။

မနက်ဖြန်မှာတော့ အဲဒီအမှုတွေထဲက ရာဇသတ်ကြီး ပုဒ်မ၅၀၅(ခ) နဲ့ စွဲထားတဲ့အမှုကို စွဲချက်တင် မတင် အမိန့်ချမယ်လို့ သိရပါတယ်။

ဆူပူအောင်လှုံဆော်တယ်ဆိုကာ စွဲဆိုထားတဲ့ ၅၀၅ (ခ) ပုဒ်မဟာ ထောင် ၂ နှစ် ချနိုင်တဲ့ ပုဒ်မလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။