Connect with us

Hi, what are you looking for?

News

ပြည်သူတွေရဲ့ သဘောထားဆန္ဒတွေကို ဘယ်တော့မှ ဆန့်ကျင်မှာမဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြော

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူတွေရဲ့ လက်ရှိဆောင်ရွက်ချက်တွေကို သဘောမတူဘူးလို့ ကောလာ ဟလတွေ အပြင်ထွက်ပေါ်နေတဲ့အကြောင်း ရှေ့နေအဖွဲ့က ပြောကြားခဲ့ရာမှာ အဲဒီကောလာဟလတွေ မှန်ကန်ခြင်းမရှိဘူးလို့ ကာယကံရှင်က ပြောကြားခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ - Chair NLD

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူတွေရဲ့ သဘောထားဆန္ဒတွေကို ဘယ်တော့မှ ဆန့်ကျင်မှာမဟုတ်ကြောင်း ဒီနေ့ပြောဆိုတယ်လို့ ရှေ့နေအဖွဲ့က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူတွေရဲ့ လက်ရှိဆောင်ရွက်ချက်တွေကို သဘောမတူဘူးလို့ ကောလာ ဟလတွေ အပြင်ထွက်ပေါ်နေတဲ့အကြောင်း ရှေ့နေအဖွဲ့က ပြောကြားခဲ့ရာမှာ အဲဒီကောလာဟလတွေ မှန်ကန်ခြင်းမရှိဘူးလို့ ကာယကံရှင်က ပြောကြားခဲ့တာဖြစ်ပါတယ်။

“ပြည်သူတွေရဲ့လက်ရှိဆောင်ရွက်နေမှုအချို့အပေါ် သူ့အနေနဲ့ သဘောထားကွဲလွဲတယ်လို့ ထုတ်ဖော်ပြောဆိုတယ်ဆိုပြီး ကောလာဟလတွေထွက်နေတဲ့အကြောင်း ရှေ့နေအဖွဲ့က သူ့ကို ပြောခဲ့ပါတယ်။ သူပြောတာက ပြည်သူတွေရဲ့ဆန္ဒတွေကို ဘယ်တော့မှ ဆန့်ကျင်သွားမှာမဟုတ် ပါဘူးတဲ့”လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတစ်ဦးက ပြောပါတယ်။

ဒီနေ့ နေပြည်တော်အထူးတရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်စစ်ကောင်စီက စွဲဆိုထားတဲ့အမှုတွေ အနက် ၃ မှုကို စစ်ဆေးခဲ့ပြီး မနက်ဖြန်မှာ အမှု ၂ မှုကို ဆက်လက်စစ်ဆေးဖို့ ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။