Connect with us

Hi, what are you looking for?

News

ကသာတွင် PDFနှင့် KIAတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်မှ ၄၀ဦးခန့်သေ

စက်တင်ဘာ ၂၀ရက်နေ့လည် ၁၁ခန့်တွင် ပြည်သူ့ကာ ကွယ်ရေးတပ်မတော် ကသာခရိုင် တပ်ရင်း(၁)၊ ကချင်လက်နက်ကိုင်အဖွဲ့(KIA) ပူးပေါင်းအဖွဲ့ နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း ကသာမြို့နယ် မိုးဒါး တိုက်နယ်အတွင်း၌ ယနေ့ ဖြစ်ပွားသည့် တိုက်ပွဲ၌ စစ်ကောင်စီဘက်မှ ၄၀ဦးခန့် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန၏ နေ့စဉ်စစ်ရေးသတင်း ဖော်ပြချက်၌ ပါရှိသည်။

စက်တင်ဘာ ၂၀ရက်နေ့လည် ၁၁ခန့်တွင် ပြည်သူ့ကာ ကွယ်ရေးတပ်မတော် ကသာခရိုင် တပ်ရင်း(၁)၊ ကချင်လက်နက်ကိုင်အဖွဲ့(KIA) ပူးပေါင်းအဖွဲ့ နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ယင်းတိုက်ပွဲ၌ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် KIA ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဟုလည်း ဖော်ပြထား သည်။

ကသာ-ဗန်းမော် လမ်းရှိ မိုးဒါးဒေသ၌ တိုက်ပွဲဖြစ်ပွား သည်ကို ကြားသိရကြောင်း ဒေသခံတစ်ဦးက ပြော သည်။

Public Service Announcement

Public Service Announcement

“အထိအခိုက်တွေက စစ်ဘက်က ဗိုလ်မှူးကြီးလားမသိဘူး ကျဆုံးသွားတယ်ကြားတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကလည်း မြစ်ကြီးနားသွားတဲ့လမ်းဘက်မှာ ဆီကားတွေကို ကားတစ်စီးကို ငွေ ငါးသောင်းတောင်းလို့ဆိုပြီး PDFက ပစ်ခတ်လို့ အရာရှိတစ်ဦးနဲ့မော်တော်ပီကယ် တစ်ယောက်ကျဆုံးတာလည်း ရှိတယ်”ဟု ၎င်းက ဆိုသည်။

ကသာမြို့နယ်တွင် ယခင်ကလည်း စစ်ကောင်စီတပ်ကို ဒေသခံ PDFနှင့် KIA ပူးပေါင်းပြီးခုခံတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။