Connect with us

Hi, what are you looking for?

LuduNwayOo

News

ကသာတွင် PDFနှင့် KIAတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်မှ ၄၀ဦးခန့်သေ

စက်တင်ဘာ ၂၀ရက်နေ့လည် ၁၁ခန့်တွင် ပြည်သူ့ကာ ကွယ်ရေးတပ်မတော် ကသာခရိုင် တပ်ရင်း(၁)၊ ကချင်လက်နက်ကိုင်အဖွဲ့(KIA) ပူးပေါင်းအဖွဲ့ နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း ကသာမြို့နယ် မိုးဒါး တိုက်နယ်အတွင်း၌ ယနေ့ ဖြစ်ပွားသည့် တိုက်ပွဲ၌ စစ်ကောင်စီဘက်မှ ၄၀ဦးခန့် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန၏ နေ့စဉ်စစ်ရေးသတင်း ဖော်ပြချက်၌ ပါရှိသည်။

စက်တင်ဘာ ၂၀ရက်နေ့လည် ၁၁ခန့်တွင် ပြည်သူ့ကာ ကွယ်ရေးတပ်မတော် ကသာခရိုင် တပ်ရင်း(၁)၊ ကချင်လက်နက်ကိုင်အဖွဲ့(KIA) ပူးပေါင်းအဖွဲ့ နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ယင်းတိုက်ပွဲ၌ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် KIA ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဟုလည်း ဖော်ပြထား သည်။

ကသာ-ဗန်းမော် လမ်းရှိ မိုးဒါးဒေသ၌ တိုက်ပွဲဖြစ်ပွား သည်ကို ကြားသိရကြောင်း ဒေသခံတစ်ဦးက ပြော သည်။

Public Service Announcement

Public Service Announcement

“အထိအခိုက်တွေက စစ်ဘက်က ဗိုလ်မှူးကြီးလားမသိဘူး ကျဆုံးသွားတယ်ကြားတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကလည်း မြစ်ကြီးနားသွားတဲ့လမ်းဘက်မှာ ဆီကားတွေကို ကားတစ်စီးကို ငွေ ငါးသောင်းတောင်းလို့ဆိုပြီး PDFက ပစ်ခတ်လို့ အရာရှိတစ်ဦးနဲ့မော်တော်ပီကယ် တစ်ယောက်ကျဆုံးတာလည်း ရှိတယ်”ဟု ၎င်းက ဆိုသည်။

ကသာမြို့နယ်တွင် ယခင်ကလည်း စစ်ကောင်စီတပ်ကို ဒေသခံ PDFနှင့် KIA ပူးပေါင်းပြီးခုခံတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီလက်အောက်ခံလူမှုကွန်ရက်စာမျက်နှာများ၌ အမ်း၊ ဘူးသီးတောင်၊မောင်တောမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်​နေကြောင်း၊စစ်ကူ​ပေးရန် ၊​လေ​ကြောင်းမှညအပြင်းအထန်တိုက်ခိုက်ရန် တိုက်တွန်း ရေးသား​နေကြသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။