Connect with us

Hi, what are you looking for?

News

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကို ပုဒ်မ ၅၀၅ (ခ) နဲ့စွဲချက်တင်

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၃ ဦးလုံးက သူတို့မှာအပြစ်မရှိကြောင်း တရားရုံးကို ပြောခဲ့တယ်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

ဆူပူအောင်လှုံဆော်တယ်ဆိုပြီး သမ္မတ ဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ကို တရားစွဲထားတဲ့ ပုဒ်မ ၅၀၅ (ခ) နဲ့စွဲချက် တင်လိုက်ပါတယ်။

ဒီနေ့ နေပြည်တော်မှာပြုလုပ်တဲ့ ရုံးချိန်မှာ စစ်ကောင်စီက စွဲဆိုထားတဲ့ ပုဒ်မအတိုင်း တရားရုံးက စွဲချက်တင်အမိန့်ချလိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၃ ဦးလုံးက သူတို့မှာအပြစ်မရှိကြောင်း တရားရုံးကို ပြောခဲ့တယ်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

ရှေ့နေအဖွဲ့ကတော့ ဒီအမှုနဲ့ပတ်သက်ပြီး ပြန်ခေါ်သက်သေ ၂ ဦး ကို စစ်ဆေးပေးဖို့ တရားကို တင်ပြပြီး လာမယ့် ရုံးချိန်းမှာအဲဒီသက်သေ တွေကို စစ်မယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းပြီးတဲ့နောက် ရက်ပိုင်းအကြာ မှာ ထုတ်ပြန်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ကြေညာချက် ၂ ချက်နဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင်တို့ကို စစ်ကောင်စီက ၅၀၅ (ခ) နဲ့ တရားစွဲတာပါ။

အဲဒီကြေညာချက် တွေကတော့ စစ်ကောင်စီနဲ့ ပူးပေါင်းမဆောင်ရွက်ဖို့ ၊ သမ္မတဦးဝင်းမြင့်သာ တရားဝင်အစိုးရ ဖြစ်ကြောင်း ကုလသမဂ္ဂ ၊ သံရုံးတွေ ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကို အသိပေးတဲ့ကြေညာချက်နဲ့ အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်တဲ့ အမိန့်၊ညွှန်ကြားချက်တွေ ၊ဥပဒေတွေဟာတရားမဝင်ကြောင်း ကြေညာထားတာဖြစ်ပါတယ်။

ဒီကြေညာချက်တွေဟာ နိုင်ငံမတည်မငြိမ်ဖြစ်အောင်လုပ်ဆောင်တယ်ဆိုပြီး ပုဒ်မ ၅၀၅ (ခ) နဲ့ စွဲထားတာ ပါ။

ပုဒ်မ ၅၀၅ (ခ) ဟာ ထောင်ဒဏ် ၂ နှစ်အထိချနိုင်တဲ့ပုဒ်မဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။