Connect with us

Hi, what are you looking for?

News

ဝ အမျိုးသားပါတီရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် အကြမ်းဖက် ဥပဒေနဲ့အမှုဖွင့်ခံရ

ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝ အမျိုးသားပါတီကို ကိုယ်စားပြုပြီး ဒေါက်တာအမ်ဇော်လတ်ဟာ မိုင်းတုံ မြို့နယ် ပြည်နယ်လွှတ်တော် အမှတ် ( ၂ ) မဲဆန္ဒနယ်ကနေ ဝင်ပြိုင်ရာမှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဝအမျိုးသားပါတီရဲ့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ် ဖြစ်တဲ့ ဒေါက်တာအမ်ဇော်လတ် ကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) နဲ့အမှုဖွင့်လိုက်ကြောင်း ဝဒေသအခြေစိုက် Wa Channel က ဖော်ပြထားပါတယ်။ ဒေါက်တာအမ်ဇော်လတ် ဟာ ဝ အမျိုးသားပါတီရဲ့အတွင်းရေးမှူးအဖွဲ့ဝင်တဦးဖြစ်ကာ စက်တင်ဘာလ ၂၀ ရက်က အမှုဖွင့်ခံရတာလို့သိရပါတယ်။

NUG၊ CRPH တို့နဲ့အဆက်အသွယ်ရှိတယ်ဆိုပြီး အမှုဖွင့်ခံရတာဖြစ်တယ်လို့ Wa Channel က ဖော်ပြထားတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝ အမျိုးသားပါတီကို ကိုယ်စားပြုပြီး ဒေါက်တာအမ်ဇော်လတ်ဟာ မိုင်းတုံ မြို့နယ် ပြည်နယ်လွှတ်တော် အမှတ် ( ၂ ) မဲဆန္ဒနယ်ကနေ ဝင်ပြိုင်ရာမှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ကသာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံရတဲ့ နစ်နာသူ ဖြစ်နေတာလို့ အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းက ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားသွားပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တုံ့ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ဆီးရီးယားကို အကြမ်းဖက်အားပေး နိုင်ငံတွေ စာရင်းကနေ အမေရိကန်က ဖယ်ရှားပေးလိုက်ပါတယ်။

နိုင်ငံတကာ

အိန္ဒိယက ကျောထောက်နောက်ခံ ပေးထားတဲ့ စစ်သွေးကြွ အကြမ်းဖက်သမား ၁၄၅ ဦးကို ရှင်းလင်း သုတ်သင်ခဲ့ကြောင်း ပါကစ္စတန်က ကြေညာခဲ့ပါတယ်။

သတင်း

ပြည်ထောင်စုအဆင့်ရွေးကော်အဖွဲ့ဝင်တွေကိုသာမက ပြည်နယ်၊တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ကော်မရှင်အဖွဲ့ဝင်တွေကို အမည်နဲ့တကွ ကြေညာမယ်လို့ ထုတ်ပြန်

Trending

Facebook