ဝအမျိုးသားပါတီရဲ့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ် ဖြစ်တဲ့ ဒေါက်တာအမ်ဇော်လတ် ကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) နဲ့အမှုဖွင့်လိုက်ကြောင်း ဝဒေသအခြေစိုက် Wa Channel က ဖော်ပြထားပါတယ်။ ဒေါက်တာအမ်ဇော်လတ် ဟာ ဝ အမျိုးသားပါတီရဲ့အတွင်းရေးမှူးအဖွဲ့ဝင်တဦးဖြစ်ကာ စက်တင်ဘာလ ၂၀ ရက်က အမှုဖွင့်ခံရတာလို့သိရပါတယ်။
NUG၊ CRPH တို့နဲ့အဆက်အသွယ်ရှိတယ်ဆိုပြီး အမှုဖွင့်ခံရတာဖြစ်တယ်လို့ Wa Channel က ဖော်ပြထားတာတွေ့ရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝ အမျိုးသားပါတီကို ကိုယ်စားပြုပြီး ဒေါက်တာအမ်ဇော်လတ်ဟာ မိုင်းတုံ မြို့နယ် ပြည်နယ်လွှတ်တော် အမှတ် ( ၂ ) မဲဆန္ဒနယ်ကနေ ဝင်ပြိုင်ရာမှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
