Connect with us

Hi, what are you looking for?

News

ထိုင်း − မြန်မာနယ်စပ်မှာ လက်နက်မှောင်ခိုတားဖြစ်ဖို့ ထိုင်းဒုတိယဝန်ကြီးချုပ်ညွှန်ကြား

စစ်တပ်သုံးလက်နက် တွေ မြန်မာနိုင်ငံထဲကို တင်သွင်းနေတယ်ဆိုတဲ့သတင်းတွေအရ နယ်စပ်မှာ လုံခြုံရေးတင်းကြပ်ဖို့ ထိုင်းဒုတိယဝန်ကြီးချုပ်က အခုလို ညွှန်ကြားလာတာလို့ ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြထားပါတယ်။

မဲဆောက်ဘက်ခြမ်းတွင် ကင်းစောင့်နေတဲ့ ထိုင်းစစ်သားတဦး ဓာတ်ပုံ − ဘန်ကောက်ပို့စ်

လက်နက်မှောင်ခို တင်သွင်းတာကိုကာကွယ်တားမြစ်ဖို့ ထိုင်း − မြန်မာ နယ်စပ်တလျောက်မှာ လုံခြုံရေးတင်းကြပ်ဖို့ ထိုင်းဒုတိယဝန်ကြီးချုပ် က ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ညွှန်ကြားလိုက်ပါတယ်။

စစ်တပ်သုံးလက်နက် တွေ မြန်မာနိုင်ငံထဲကို တင်သွင်းနေတယ်ဆိုတဲ့သတင်းတွေအရ နယ်စပ်မှာ လုံခြုံရေးတင်းကြပ်ဖို့ ထိုင်းဒုတိယဝန်ကြီးချုပ်က အခုလို ညွှန်ကြားလာတာလို့ ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြထားပါတယ်။

လက်နက်တွေရှိနိုင်တဲ့နေရာ ၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း ၊ငွေကြေးစီးဆင်းမှုတွေကို သတင်းရရေး အာရုံစိုက်ကြဖို့ လည်း ထိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ညွှန်ကြားခံထားရပါတယ်။

မကြာသေးခင်က ဆတ်တာဟစ် ခရိုင် ချွန်ဘူရီ မှာ ဖမ်းမိတဲ့ လက်နက်မှောင်ခိုမှုမှာ ပြည်နယ်မှာ တာဝန်ရှိသူတွေနဲ့ ဆက်နွယ်တာကို ဖော်ထုတ်နိုင်ခဲ့ပြီး အသေးစိတ်ကိုတော့ ထိုင်းအာဏာပိုင်တွေ မထုတ်ပြန်သေးပါဘူး။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။