Connect with us

Hi, what are you looking for?

LuduNwayOo

News

ထိုင်းမှာအလုပ်ရှာဖို့ ထားဝယ်ကနေသုံးရက်ကြာလမ်းလျှောက်လာခဲ့ရတဲ့ မြန်မာ ၁၄ ဦး ဖမ်းခံရ

ဖမ်းမိတဲ့မြန်မာနိုင်ငံသားတွေဟာ ခရီးသွားအထောက်အထားစာရွက်စာတမ်းတခုမှ ကိုင်ဆောင်လာတာ မရှိဘူးလို့ ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ၊ကန်ချနာဘူရီ ၊မြောင်ခရိုင်ထဲမှာ နယ်စပ်ကိုဖြတ်ကျော်ပြီး တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာ ၁၄ ဦးကို မနေ့က စက်တင်ဘာလ ၂၃ ရက်မနက် ပိုင်းမှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

အထူးတပ်ဖွဲ့ နဲ့ဒေသခံရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး ကင်းလှည့်ချိန်မှာ တောအုပ်ထဲမှာ ပုန်းနေတဲ့ မြန်မာနိုင်ငံသား ၁၄ ဦးကို တွေ့ရှိတာဖြစ်ပြီး ဒီထဲမှာ အမျိုးသား ၇ ဦးပါတယ်လို့သိရပါတယ်။

ဖမ်းမိတဲ့မြန်မာနိုင်ငံသားတွေဟာ ခရီးသွားအထောက်အထားစာရွက်စာတမ်းတခုမှ ကိုင်ဆောင်လာတာ မရှိဘူးလို့ ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။

ဖမ်းမိပြီးတဲ့နောက်မေးမြန်းချက်အရ သူတို့တွေဟာ တောလမ်းအတိုင်း ထားဝယ် ကနေ သုံးရက်ကြာ လမ်းလျှောက်လာတာဖြစ်တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement

အဲဒီနောက် အလုပ်ပွဲစားရဲ့ လမ်းညွှန်မှု နဲ့ လာရောက်ခေါ်ယူမယ့်နေရာမှာ စောင့်ဆိုင်းနေချိန်ဖမ်းခံရတာပါ။

အလုပ်ပွဲစားဟာသူတို့ကို ထိုင်းနိုင်ငံ ဆူရတ်ဌာနီ၊ ဖန်ဂ နဲ့ ဆန်ခလာ မှာ အလုပ်ရမယ်လို့ ပြောထားပြီး တဦးကို အလုပ်ရှာဖွေခအဖြစ် ဘတ်ငွေ ၁၅၀၀၀ ကနေ ၂၂၅၀၀ အထိ ပေးရတယ်လို့သိရပါတယ်။

ဖမ်းမိပြီးတဲ့နောက် ဥပဒေအတိုင်းအရေးယူဖို့နဲ့ #ပြည်နှင်ဒဏ် ပေးဖို့ အတွက် ကိုဗစ်ကူးစက်ခံရမှု ရှိ မရှိ စစ်ဆေးပြီး ရဲစခန်းကိုလွှဲပြောင်းပေးလိုက်တယ်လို့ ဘန်ကောက်ပို့စ်က ရေးသားထားပါတယ်။

ဖမ်းမိထားတဲ့မြန်မာနိုင်ငံသားတွေကို ထိုင်းစစ်သားတဦးက မေးမြန်းနေစဉ်
ဓာတ်ပုံ − ဘန်ကောက်ပို့စ်

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

နိုင်ငံတကာ

နောက်ဆက်တွဲအဖြစ် ပါနစ်ချ်ဟာ ကောင်းမွန်စွာ နေထိုင်နေကြောင်း အာဏာပိုင်တွေဆီ ၁ နှစ်ကြာ ပုံမှန် သတင်းပို့ဖို့နဲ့ ယာဉ်မောင်းလိုင်စင် ၆ လ ဆိုင်းငံ့ခံရဖို့လည်း တရားရုံးက အမိန့်ချခဲ့ကြောင်း သိရပါတယ်။