Connect with us

Hi, what are you looking for?

News

ထိုင်းမှာအလုပ်ရှာဖို့ ထားဝယ်ကနေသုံးရက်ကြာလမ်းလျှောက်လာခဲ့ရတဲ့ မြန်မာ ၁၄ ဦး ဖမ်းခံရ

ဖမ်းမိတဲ့မြန်မာနိုင်ငံသားတွေဟာ ခရီးသွားအထောက်အထားစာရွက်စာတမ်းတခုမှ ကိုင်ဆောင်လာတာ မရှိဘူးလို့ ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ၊ကန်ချနာဘူရီ ၊မြောင်ခရိုင်ထဲမှာ နယ်စပ်ကိုဖြတ်ကျော်ပြီး တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာ ၁၄ ဦးကို မနေ့က စက်တင်ဘာလ ၂၃ ရက်မနက် ပိုင်းမှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

အထူးတပ်ဖွဲ့ နဲ့ဒေသခံရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး ကင်းလှည့်ချိန်မှာ တောအုပ်ထဲမှာ ပုန်းနေတဲ့ မြန်မာနိုင်ငံသား ၁၄ ဦးကို တွေ့ရှိတာဖြစ်ပြီး ဒီထဲမှာ အမျိုးသား ၇ ဦးပါတယ်လို့သိရပါတယ်။

ဖမ်းမိတဲ့မြန်မာနိုင်ငံသားတွေဟာ ခရီးသွားအထောက်အထားစာရွက်စာတမ်းတခုမှ ကိုင်ဆောင်လာတာ မရှိဘူးလို့ ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။

ဖမ်းမိပြီးတဲ့နောက်မေးမြန်းချက်အရ သူတို့တွေဟာ တောလမ်းအတိုင်း ထားဝယ် ကနေ သုံးရက်ကြာ လမ်းလျှောက်လာတာဖြစ်တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement

အဲဒီနောက် အလုပ်ပွဲစားရဲ့ လမ်းညွှန်မှု နဲ့ လာရောက်ခေါ်ယူမယ့်နေရာမှာ စောင့်ဆိုင်းနေချိန်ဖမ်းခံရတာပါ။

အလုပ်ပွဲစားဟာသူတို့ကို ထိုင်းနိုင်ငံ ဆူရတ်ဌာနီ၊ ဖန်ဂ နဲ့ ဆန်ခလာ မှာ အလုပ်ရမယ်လို့ ပြောထားပြီး တဦးကို အလုပ်ရှာဖွေခအဖြစ် ဘတ်ငွေ ၁၅၀၀၀ ကနေ ၂၂၅၀၀ အထိ ပေးရတယ်လို့သိရပါတယ်။

ဖမ်းမိပြီးတဲ့နောက် ဥပဒေအတိုင်းအရေးယူဖို့နဲ့ #ပြည်နှင်ဒဏ် ပေးဖို့ အတွက် ကိုဗစ်ကူးစက်ခံရမှု ရှိ မရှိ စစ်ဆေးပြီး ရဲစခန်းကိုလွှဲပြောင်းပေးလိုက်တယ်လို့ ဘန်ကောက်ပို့စ်က ရေးသားထားပါတယ်။

ဖမ်းမိထားတဲ့မြန်မာနိုင်ငံသားတွေကို ထိုင်းစစ်သားတဦးက မေးမြန်းနေစဉ်
ဓာတ်ပုံ − ဘန်ကောက်ပို့စ်

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နေ့ကလေးထိန်း ကျောင်းအဆောက်အအုံကို ကားတစ်စီးက ဝင်တိုက်မိပြီး လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် အန်နုတင် ချန်ဗီရာကူလ်က နွန်သဘူရီမြို့ကျောင်းတွင်းပစ်ခတ်မှုကြောင့် လူသေဆုံးခဲ့ရတဲ့ဖြစ်ရပ်အပေါ် အလွန်အမင်း ဝမ်းနည်းကြောင်းပြောကြားပြီး၊ ဒီဖြစ်ရပ်ဟာအလွန်ဆိုးရွားတဲ့ထိတ်လန့်ဖွယ် ဖြစ်ရပ်လို့​ပြောပါတယ် ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော် မြောက်ပိုင်းနားမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ သေနတ်သမား အပါအဝင် အနည်းဆုံး ၃ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။