Connect with us

Hi, what are you looking for?

News

အိမ်သို့လာဖမ်းစဉ် စစ်ကောင်စီတပ်နှင့် အပြန်အလှန်ပစ်ခတ်ခဲ့သည့် ပဲခူးမှလူငယ် ဆေးရုံတွင်ဆုံးပြီ

အဆိုပါပစ်ခတ်မှုကြောင့် ကိုစည်သူကောင်းမြတ်တွင် သေနတ်ဒဏ်ရာ သုံးချက်ရရှိပြီး ပဲခူးဆေးရုံ၌ ကုသမှုခံယူနေစဉ် သေဆုံးသွားခြင်းဖြစ်သည်ဟု ပဲခူးမြို့ခံတစ်ဦးက ပြောသည်။

နေအိမ်သို့လာရောက်ဖမ်းဆီးစဉ် စစ်ကောင်စီတပ် ဖွဲ့ဝင်များကို ပြန်လည်ခုခံပစ်ခတ်ခဲ့သည့် ပဲခူးမြို့မှလူငယ်တစ်ဦး ယနေ့ နေ့လည်ပိုင်းက ပဲခူးဆေးရုံကြီး၌ သေဆုံးသွားကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်အား ပြန်လည်ပစ်ခတ်ခဲ့သည့်လူငယ်မှာ ပဲခူးမြို့ ဟင်္သာကုန်းရပ်ကွက် ဇေယျာအောင်မြေလမ်းနေ အသက် ၂၅ နှစ်အရွယ် ကိုစည်သူကောင်းမြတ်ဖြစ်ပြီး စက်တင်ဘာ ၂၃ ရက် နံနက် ၁၀ နာရီခွဲတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါပစ်ခတ်မှုကြောင့် ကိုစည်သူကောင်းမြတ်တွင် သေနတ်ဒဏ်ရာ သုံးချက်ရရှိပြီး ပဲခူးဆေးရုံ၌ ကုသမှုခံယူနေစဉ် သေဆုံးသွားခြင်းဖြစ်သည်ဟု ပဲခူးမြို့ခံတစ်ဦးက ပြောသည်။

“အိမ်မှာလာပြီး ကောင်လေးကိုလာရှာတာ မတွေ့တော့ သူ့အမေကိုလက်ထိပ်ခတ် ဖမ်းတယ်။ ဒီမှာတင် သူ့အမေအဖမ်းခံရတာတွေ့တော့ ပုန်းနေရာကနေ သေနတ်နဲ့ပြန်ပစ်တာ။ ဟိုဘက်က ရဲတစ်ယောက်လည်း ဒဏ်ရာရတယ်။ ကောင်လေးကိုလည်း သုံးချက်ထိတယ်။ ပြီးတော့ သားအမိနှစ်ယောက်လုံး ဖမ်းသွားတယ်”ဟု ယင်းမြို့ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရရှိသည့် ကိုစည်သူကောင်းမြတ်အား ပဲခူးဆေးရုံသို့ပို့ဆောင်ကုသစေပြီး စစ်ဆေးမှုများလုပ်ဆောင်နေစဉ် ယနေ့(စက်တင်ဘာ ၂၄)မွန်းလွဲ ၁၂ နာရီကျော်တွင် ပဲခူးဆေးရုံကြီး၌ ဆုံးပါးခဲ့သည်။

သားဖြစ်သူနှင့်အတူ ဖမ်းဆီခံခဲ့ရသည့် အသက် ၅၁ အရွယ် ကိုစည်သူကောင်းမြတ်၏မိခင် ဒေါ်သန်းသန်းမြင့်အား စစ်ကောင်စီမှ ပြန်လွှတ်ပေးခြင်းမရှိသေးဘဲ ဆက် လက်ဖမ်းဆီးထားဆဲ ဖြစ်သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ရန်ကုန်မှာအခုရက်ပိုင်းအတွင်းပေါ်တာဆွဲတာတွေပိုဆိုးလာတာကြောင့် လူငယ်တွေဟာ အလုပ်သွား၊အလုပ်ပြန်ဖို့ကို​တောင် စိုးရိမ်​နေကြရပါတယ် ။