Connect with us

Hi, what are you looking for?

News

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်ကို KIAတိုက်ခိုက်

စက်တင်ဘာလအတွင်း၌ ကချင်ပြည်နယ် တနိုင်းမြို့နယ် အတွင်း၌ KIAနှင့် စစ်ကောင်စီတပ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့သည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လဝါးကျေးရွာအနီးတွင် စစ်ကောင်စီတပ်ကို ကချင်လက်နက်ကိုင်အဖွဲ့ (KIA)က တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသ ခံတစ်ဦးက ပြောသည်။

စက်တင်ဘာ ၂၅ရက် နံနက်အစောပိုင်း၌ စစ်ကောင်စီတပ်ကို KIAက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ဒီမနက်တော့ တော်တော်ထိခိုက်တယ်ထင်တယ်။ လဝါး ဘုန်းကြီးကျောင်းမရောက်ခင်မှာ။ KIA စောင့်နေတဲ့နေရာမှာ ကွက်တိမိသွားတာ။ (စစ်ကောင်စီဘက်က)ထိခိုက်မှုတော့ ရှိတယ်။ အရေအတွက်တော့ အတိအကျ မသိဘူး” ဟု ဒေသခံက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း မိုးကောင်းမြို့နယ် အတွင်း စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်ကို KIA က ခုခံတိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာလအတွင်း၌ ကချင်ပြည်နယ် တနိုင်းမြို့နယ် အတွင်း၌ KIAနှင့် စစ်ကောင်စီတပ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့သည်။

စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုလုပ်ဆောင်လာပါက တိုက်ပွဲများဆက်ဖြစ်မည်ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက စက်တင်ဘာ ၂၄ရက်တွင် ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။