Connect with us

Hi, what are you looking for?

News

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ကရင်နီဒေသခံ ၁၀၀ ကျော်သေဆုံးပြီး ၁၄၀ကျော် ဖမ်းခံထားရ

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီဒေသ၌ သေဆုံးသူ အနည်းဆုံး ၁၀၁ ဦးရှိပြီး ဖမ်းဆီးခံထားရသူ ၁၄၇ဦးကျော်ရှိကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)က ယနေ့ ထုတ်ပြန်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီဒေသခံများနေထိုင်ရာ ဒီးမော့ဆို၊ လွိုင်ကော်၊ ဖယ်ခုံ၊ လွိုင်လင်လေး၊ မိုးဗြဲ၊ ဘောလခဲ၊ ဖရူဆို၊ ဖားဆောင်း စသည့်ဒေသများ၌ တိုက်ပွဲဖြစ်ပွားမှု၊ ဒေသခံများသေဆုံးမှုနှင့် ဖမ်းဆီးခံရမှု အခြေအနေများကို PKPF က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကရင်နီဒေသခံ သေဆုံးမှု အခြေအနေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ပြန်သည့် သပိတ်အတွင်း၌ သေဆုံးသူ ၂ဦး၊ စစ်ကောင်စီမှ အရပ်သားများအား သတ်ဖြတ်ခြင်းကြောင့် သေဆုံးသူ ၇၂ဦး၊ တိုက်ပွဲဖြစ်စဉ်အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသူ ၆ဦး၊ စစ်ကောင်စီတပ်ကို ရရာလက်နက်စွဲကိုင်ခုခံတော်လှန်စဉ်ကျဆုံးခဲ့သူ ၂၁ဦး ဖြစ်သည်ဟု ဆိုသည်။

ပုဒ်မအမျိုးမျိုးတပ်၍ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သူ ၁၄၇ဦး ရှိသည်ဟုလည်း ဖော်ပြထားသည်။

PKPF မှတ်ထုတ်ပြန်သည် ဒေသခံ သေဆုံးမှုနှင့်ဖမ်းဆီးခံရမှုသည် စာရင်းအပြင် အခြားမည်သူမှ မသိဘဲ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သူ၊ သတ်ဖြတ်ခံရသူများရှိနိုင်ကြောင်း ဒီးမော့ဆိုမြို့နယ်စစ်ရှောင် ကူညီရေး တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“ အဲဒီထက် ပိုနိုင်သေးတယ် သေဆုံးမှုစာရင်းက။ သူတို့ လူသားတိုင်းလုပ်ဖို့ ဖမ်းထားတဲ့သူတွေ ကိစ္စက ပြန်လွတ်လား မလွတ်လား မသိရဘူး။ သေချာတာကတော့ မလွတ်ဖို့များတယ်။ ကျွန်တော်တို့ အနေနဲ့တော့ တကယ် စိုးရိမ်ပူပန်မိတယ်။ အဲဒီလို လူသားဒိုင်းကာ လုပ်ခံရတာ စိတ်လည်းမကောင်းဘူး။ အဲဒီလို မဖြစ်သင့်ဘူးလို့လည်း ယူဆတယ်။ အခု ဖမ်းခံထားရတဲ့ ၁၄၇ဦး စာရင်းမှာ အဲဒီလူသားဒိုင်းလုပ်ခံရတဲ့ သူတွေမပါသေးဘူး”ဟု ၎င်းကပြောသည်။

ဖယ်ခုံမြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်၌ ကရင်နီလက်နက် ကိုင်ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီတပ်က ၎င်းတို့ စစ်ကြောင်းလုံခြုံရေးအတွက် ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းများရှိသည်ဟု ကရင်နီလက်နက်ကိုင် အဖွဲ့များက ဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီဒေသရှိ မြို့နယ်များ၌ တိုက်ပွဲပေါင်း ၇၉ကြိမ်ဖြစ်ခဲ့သည်ဟုလည်း PKPFက ထုတ်ပြန်ထားပြီး တိုက်ပွဲအများဆုံးဖြစ်ပွားသည့်မြို့နယ်မှာ ဒီးမော့ဆိုမြို့နယ်ဖြစ်သည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။