Connect with us

Hi, what are you looking for?

News

ခင်ဦးတွင် စစ်ယာဉ်တန်း ထပ်မံတိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ဦးထက်မနည်းသေဆုံး ဒဏ်ရာရဟု NUG ထုတ်ပြန်

စက်တင်ဘာ ၂၆ရက်ကလည်း ခင်ဦးစခန်းမှ ထွက်ခွာလာသည့် စစ်ကောင်စီတပ်များ မှန်တောရွာနှင့် အောင်သာရွာ အကြား သွားရောက်မွှေနှောက်ပြီးအပြန်လမ်း တွင် နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ၍ ကားတစ်စီးမီး လောင်ပြီး အနည်းဆုံး ငါးဦးထိခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် ယနေ့ (စက်တင်ဘာ ၂၇ရက်)က စစ်ကောင်စီယာဉ်တန်း ထပ်မံတိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ဦးထက်မနည်းသေဆုံးဒဏ်ရာရခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၏ နေ့စဉ်စစ်ရေးသတင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယနေ့တွင် ခင်ဦးမြို့နယ်အတွင်း ဝင်ရောက်လာသော စစ်ကောင် စီယာဉ်တန်းကို ခင်ဦးပြည်သူ့ကာကွယ်ရေးတပ်က မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စက်တင်ဘာ ၂၆ရက်ကလည်း ခင်ဦးစခန်းမှ ထွက်ခွာလာသည့် စစ်ကောင်စီတပ်များ မှန်တောရွာနှင့် အောင်သာရွာ အကြား သွားရောက်မွှေနှောက်ပြီးအပြန်လမ်း တွင် နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ၍ ကားတစ်စီးမီး လောင်ပြီး အနည်းဆုံး ငါးဦးထိခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ယနေ့နံနက် အစောပိုင်းတွင် မုံရွာမြို့နယ်ရှိ မုံရွေးနှင့် ကြေးမုံရွာတို့အား အင်အား ၅၀ခန့်ဖြင့် ၀ိုင်းဝန်း ပိတ်ဆို့ အကြမ်းဖက်ရှာဖွေခဲ့ကြောင်း၊
စစ်ကောင်စီတပ်များ ဝင်ရောက်လာချိန် ပြည်သူများ ထွက်ပြေးတိမ်းရှောင်ချိန်မရလိုက်၍ တစ်ဦး ပစ်သတ်ခံခဲ့ရပြီး ၁၀ဦး ဖမ်းဆီးခံရကြောင်း NUGက ထုတ်ပြန် သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်သည် ပစ်ခတ်ခံရ၍ သေဆုံးခဲ့သူ၏ အပေါ်သို့လည်း ကားဖြင့်တက်ကြိတ်သွားသည်ဟု ဖော်ထြားသည်။ ဖမ်းဆီးခံရသော အပြစ်မဲ့ ကျေးရွာသားများကို မုံရွာမြို့သို့ ခေါ်ဆောင်သွားကာ ရွာမှ ပြည်သူပိုင်ကား ၂စီး ဆိုင်ကယ် ၂စီးကိုလည်း မတရား သိမ်းယူသွားကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူသိန်းချီအကူအညီလိုအပ်နေတဲ့ စစ်ကိုင်းတိုင်းရေဘေးကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ-NUG နဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ "အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)" ကို ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ကျေးရွာ ၁၈ ရွာဟာ ရေဘေးကြုံတွေ့နေရပြီး ဒေသခံတွေ အကူအညီလိုအပ်နေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ မူးမြစ်ရေကြီးမှုကြောင့် ကျေးရွာ ၁၄ ရွာထက်မနည်း နေရာရွှေ့ပြောင်းနေရပါတယ်။