Connect with us

Hi, what are you looking for?

News

လားရှိုးနှင့်မုံးကိုးတို့တွင် စစ်ကောင်စီတပ်နှင့် MNDAA တိုက်ပွဲဖြစ်

လားရှိုး – သိန်နီပြည်ထောင်စုလမ်းမတွင် စက်တင်ဘာ ၂၆ရက်က ဖြစ်သည့် တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၃ဦးသေဆုံးပြီး ၆ဦးဒဏ်ရာရရှိခဲ့သည်ကြောင်း၊ MNDAA ဘက်မှအကျအဆုံးမရှိကြောင်း ဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီနှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)တို့သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးနှင့် မုံးကိုးဒေသများ၌တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း MNDAAက ယနေ့ ထုတ်ပြန်သည်။

လားရှိုး – သိန်နီပြည်ထောင်စုလမ်းမတွင် စက်တင်ဘာ ၂၆ရက်က ဖြစ်သည့် တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၃ဦးသေဆုံးပြီး ၆ဦးဒဏ်ရာရရှိခဲ့သည်ကြောင်း၊ MNDAA ဘက်မှအကျအဆုံးမရှိကြောင်း ဖော်ပြထားသည်။

စက်တင်ဘာ ၂၇ရက်ကလည်း အဆိုပါလမ်းပိုင်း၌တိုက် ပွဲဖြစ်ပွားခဲ့ကြောင်း MNDAAက ထုတ်ပြန်ခဲ့ပြီး ယင်းတိုက်ပွဲ၌ နှစ်ဖက် ထိခိုက်ကျဆုံးမှုအခြေအနေကို ဖော်ပြမထားပေ။

ထို့ပြင် စက်တင်ဘာ၂၅ရက်နှင့် ၂၆ကလည်း မုံးကိုးခရှိင်အတွင်းသို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီနှင့် MNDAAတို့သည် ဇွန်လမှစ၍ ကွတ်ခိုင်၊ မူဆယ် မုံးကိုး/ပန်ဆိုင်းဒေသ၊ လားရှိုးဒေသတို့၌ တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့သည်။မုံးကိုးဒေသတိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှု များပြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။