Connect with us

Hi, what are you looking for?

News

ကိုးကန့်ဒေသတွင် MNDAAနှင့် တိုက်ပွဲဖြစ်၍ စစ်ကောင်စီတပ်သား ၇ဦးသေ၊ လက်နက်အချို့ရဟုဆို

MNDAAနှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင်လဆန်းမှစ၍ မူဆယ်မြို့နယ် မုံးကိုးဒေသ၌ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေရာ ယခုလတွင် ၂၀၁၅ ခုနှစ်က တိုက်ပွဲပြင်းထန်ခဲ့သော ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ တိုက်ပွဲဖြစ်ပွားမှုအချို့ရှိလာခဲ့သည်။

ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေရာ စစ်ကောင်စီတပ်မှ ၇ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းပိုက်နိုင်ခဲ့ကြောင်း ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)က ယမန်နေ့တွင် ထုတ်ပြန်သည်။

MNDAAနှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင်လဆန်းမှစ၍ မူဆယ်မြို့နယ် မုံးကိုးဒေသ၌ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေရာ ယခုလတွင် ၂၀၁၅ ခုနှစ်က တိုက်ပွဲပြင်းထန်ခဲ့သော ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ တိုက်ပွဲဖြစ်ပွားမှုအချို့ရှိလာခဲ့သည်။

စက်တင်ဘာ ၂၇ရက်က ကိုးကန့်ခရိုင် ကုန်ကြမ်း‌ ဒေသတွင် အခြေချသော စစ်ကောင်စီတပ်သည်

ဟုန်ရှင်းဒေသ ရှင်းထန်ရွာအုပ်စု ပေါ်ပေါ်ကျေးရွာအနောက်ဘက်ခြမ်းရှိ MNDAA ကိုဗစ်‌ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့ကို လာရောက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့၍ ၂နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ယင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့၀င် ၇ဦးကို ချေမှုန်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းအချို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်တို့သည် ၂၀၂၁ ဇူလိုင်မှစ၍ MNDAA အပေါ်ကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး သြဂုတ်လကုန်ပိုင်းတွင် နှစ်ဦးနှစ်ဖက်၏ တိုက်ပွဲများမှာ ပိုမိုပြင်းထန်လာခဲ့သည်။

ထို့ပြင် စစ်ကောင်စီတပ်တို့၏ တပ်အင်အား အဆက်မပြက်ဖြည့်တင်းခြင်း နှင့် တိုက်ပွဲများဖော်ဆောင်ဖြင်းတို့ကြောင့် လားရှိုး၊ မုံးကိုး၊ ပန်ဆိုင်း နှင့် ကိုးကန့်‌‌ဒေသများ၌လည်း တိုက်ပွဲများ ဖြစ်ပွားနေကြောင်း MNDAA က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။