Connect with us

Hi, what are you looking for?

News

မြောင်မြို့နယ်တွင် CDM ဝင်ရန်ကြေညာထားသောနောက်ဆုံးရက်ရောက်ပြီဖြစ်ရန် CDM မဝင်သူများကိုပြည်သူ့ဆန္ဒအတိုင်း ဆောင်ရွက်မည်ဟု ကြေညာ

ပြည်သူ့ရင်ခွင်ခိုလှုံမည့် CDMသမားများအား CDMအဖွဲ့အစည်းများနှင့်ချိတ်ဆက်ပေးပြီးNUG အစိုးရမှ တရား ဝင်ပေးသော CDM Number အမှတ်စဉ်ရမည်ဖြစ်ကြောင်း၊လိုအပ်သောထောက့်ပံ့ကူညီပေးမည်ဖြစ်ပြီး လုံခြုံရေးကိုလည်း တာဝန်ယူမည်ဖြစ်သည်ဟုဆိုသည်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာမည့် ဝန်ထမ်းများနှင့် တွေ့ဆုံပြီးဖြစ်ပြီး ကျန်ရှိသူများအား ပြည်သူ့ဆန္ဒအတိုင်း လုပ်ဆောင်သွားမည်ဟု မြောင်မြိုနယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့က အသိပေးကြေညာသည်။

မြောင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ အုပ် ချုပ်ရေး ယန္တရားများလည်ပတ်ရန် ထောက်တိုင်အဖြစ် လုပ်ဆောင်ပေးနေသော ဌာန အသီးသီးရှိ အကြမ်းဖက်စစ်ကောင်စီ ကျေးကျွန် ၊ အသုံးချခံ ဝန်ထမ်းများအနေဖြင့် CDM လှုပ်ရှားမှုတွင်ပြည်သူနှင့်အတူ ပူးပေါင်းပါဝင်ပေးကြရန် နောက်ဆုံးသက်မှတ်ပေးသည့်စက်တင်ဘာ ၃၀ ရက် ရောက်ရှိလာပြီဖြစ်ကြောင်း၊လက်ရှိတွင် ပူးပေါင်းပါဝင်လိုကြသော ပြည်သူ့ဝန်ထမ်းများနှင့်လည်းတွေ့ဆုံပြီးဖြစ်ပြီး ကျန်ရှိသူများ စာရင်းကိုလည်းအတိ အကျ ရထားပြီးဖြစ်ကြောင်း မြောင်မြိုနယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့က အသိပေးသည်။

ပြည်သူ့ရင်ခွင်ခိုလှုံမည့် CDMသမားများအား CDMအဖွဲ့အစည်းများနှင့်ချိတ်ဆက်ပေးပြီးNUG အစိုးရမှ တရား ဝင်ပေးသော CDM Number အမှတ်စဉ်ရမည်ဖြစ်ကြောင်း၊လိုအပ်သောထောက့်ပံ့ကူညီပေးမည်ဖြစ်ပြီး လုံခြုံရေးကိုလည်း တာဝန်ယူမည်ဖြစ်သည်ဟုဆိုသည်။

ရဲနှင့် စစ်သားများဖြစ်ပါက စစ်ရေးနည်းနာစည်းကမ်းချက်များအတိုင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

မြောင်မြိုနယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့က သတိပေးကြေညာခဲ့ပြီးနောက် မြောင်မြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှုးများသာမက ကျန်ရှိနေသေးသည့် ပညာရေးဝန်ထမ်းများပါ CDM ပြုလုပ်လာကြကြောင်း၊ အချို့မှာ CDM ပြုလုပ်ထားသော်လည်း အဖမ်းခံရမည်စိုး၍ အင်တာနက်ပေါ်မတင်ကြခြင်းဖြစ် ကြောင်း မြောင်ဒေသခံအချို့က ပြောသည်။

စက်တင်ဘာ ၃၀ရက် ကျော်လွန်ပါက သတိပေးခြင်းကို လိုက်နာဆောင်ရွက်ခြင်း မရှိဘဲ ပျက်ကွက်သူများအား ပြည်သူ့ဆန္ဒအတိုင်း လုပ်ဆောင်သွားမည် ဖြစ်ပြီး မည့်သို့သော အကြောင်းပြချက်မှ ထောက်ထားစာနာသွားမည် မဟုတ်ကြောင်းလည်း မြောင်မြိုနယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့က သတိပေးထားသည်။

(ဓာတ်ပုံ- CDM ပြုလုပ်လာသူအချို့၏ နုတ်ထွက်စာများ)

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ကို စစ်တပ်က ဒရုန်းတွေ နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

သတင်း

၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ ဒီကနေ့အထိ ပြည်သူ့ဆန္ဒကို ကိုယ်စားပြုနေဆဲဖြစ်ကြောင်း ဖက်ဒရယ်ဒီမိုကေရစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အလှည့်ကျ သဘာပတိ ခူဦးရယ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ ဂျင်ဝိုင်းနဲ့ ကြက်ဝိုင်းအပါအဝင် လောင်းကစားဝိုင်းတွေ ပေါများနေကြောင်း ဒေသခံတွေက ပြောပါတယ်။