Connect with us

Hi, what are you looking for?

News

အဂတိပုဒ်မနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှုမှာ ဦးဖြိုးမင်းသိန်း သက်သေအဖြစ် ထွက်ဆို

အဲဒီအရပ်သားသက်သေ ဟာ ဦးဖြိုးမင်းသိန်း ဖြစ်နေတာကိုတွေ့ရပြီးစိတ်ဓာတ်ကျဆင်းနေပုံရကာ ဒေါ်အောင်ဆန်းစုကြည်ရှေ့က ဖြတ်လျှောက်သွားချိန်မှာတောင် လှည့် ကြည့်သွားတာမျိုး မရှိဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

အဂတိပုဒ်မ နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံထားရတဲ့အမှု ကို ဒီနေ့ နေပြည်တော်မှာစစ်ဆေးရာ တရားလိုသက်သေအဖြစ် ဦးဖြိုးမင်းသိန်း လာရောက်ပြီး ထွက်ဆိုသွားတယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော် ဆီကသိရပါတယ်။ဒီနေ့အမှုကိုစစ်ဆေးရာမှာ အရပ်သားသက်သေတဦးကို သက်သေထွက်ဆိုဖို့ရှိတယ်ဆိုကာ တရားခွင်ထဲကို တရားသူကြီးက ဝင်ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။

အဲဒီအရပ်သားသက်သေ ဟာ ဦးဖြိုးမင်းသိန်း ဖြစ်နေတာကိုတွေ့ရပြီးစိတ်ဓာတ်ကျဆင်းနေပုံရကာ ဒေါ်အောင်ဆန်းစုကြည်ရှေ့က ဖြတ်လျှောက်သွားချိန်မှာတောင် လှည့် ကြည့်သွားတာမျိုး မရှိဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

ဦးဖြိုးမင်းသိန်းရဲ့ထွက်ဆိုချက်တွေကတော့စစ်ကောင်စီရဲ့ဝါဒဖြန့် မြဝတီမီဒီယာမှာ ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံဖိုင်ထဲက အတိုင်းဖြစ်တယ်လို့ သိရပါတယ်။

အဲဒီရုပ်သံဖိုင်မှာတော့ ဦးဖြိုးမင်းသိန်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရွှေချောင်းနဲ့ ဒေါ်လာတွေပေးခဲ့တယ်လို့ ပြောထားတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။