Connect with us

Hi, what are you looking for?

News

ခရမ်းတွင် စစ်​ကောင်စီလက်​အောက်ခံ ရဲနှစ်ဦး​သေနတ်ဖြင့်အပစ်ခံရ၍ ဒုရဲအုပ်​သေ၊ ရဲတပ်သားဒဏ်ရာအပြင်းအထန်ရ

ရိုးကြီးကျေးရွာတွင် ယနေ့ည ၇ နာရီခန့်က ဒုရဲအုပ်သက်လင်းအောင် နှင့် ရဲတပ်သားစိုင်းအောင် တို့နှစ်ဦးသည် ဆိုင်ကယ်ဖြင့်ပြန်လာရာ သေနတ် ဖြင့်သုံးချက်ပစ်ခတ်ခဲ့ခံရသည်ဟု ခရမ်းမြို့ခံတစ်ဦးက ပြောသည်။

ခရမ်းမြို့ ရိုးကြီးကျေးရွာတွင် ယနေ့ည ၇ နာရီခန့်က အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံရဲနှစ်ဦး​သေနတ်ဖြင့်ပစ်ခံရသဖြင့် ဒုရဲအုပ်သေဆုံးပြီးရဲတပ်သား
တစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု ​ဒေသခံအချို့က​ပြောသည်။

ရိုးကြီးကျေးရွာတွင် ယနေ့ည ၇ နာရီခန့်က ဒုရဲအုပ်သက်လင်းအောင် နှင့် ရဲတပ်သားစိုင်းအောင် တို့နှစ်ဦးသည် ဆိုင်ကယ်ဖြင့်ပြန်လာရာ သေနတ် ဖြင့်သုံးချက်ပစ်ခတ်ခဲ့ခံရသည်ဟု ခရမ်းမြို့ခံတစ်ဦးက ပြောသည်။

ဒုရဲအုပ်သက်လင်းအောင်မှာ နေရာမှာတင်ပွဲချင်းပြီး သေဆုံးသွားပြီး ရဲတပ်သားစိုင်းအောင်မှာ သေနတ်ဒဏ်ရာကြောင့် စိုးရိမ်ရသည့် အနေအထားရှိကြောင်း သိရသည်။

“အခုရိုးကြီးမှာ စစ်တပ်တွေရောက်လာပြီလို့ကြားတယ်” ဟု ခရမ်းမြို့နေသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ခရမ်းမြို့ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်ထုတွင်လည်း ယနေ့ည၌ စစ်ကောင်စီတပ်ကတပ်စွဲထားပြီး သေနတ်ပစ်​ဖောက်၍ ပြည်သူများကို​ခြောက်လှန့်​နေ​ကြောင်း ဒေသခံ လူမှုကွန်ရက်စာမျက်နှာများက ဖော်ပြသည်။

စက်တင်ဘာ ၁၇ ရက်က ခရမ်းမြို့တွင်း ပျောက်ကြားစစ် ဆင်နွှဲရမှ PDF နှစ်ဦးကျဆုံးခဲ့ပြီး တစ်ဦးဖမ်းဆီးခံခဲ့ရကာ ဖမ်းဆီးခံရ​သောပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်မှာလည်း ​နောက်ပိုင်းတွင်ကျဆုံးခဲ့သည်။အကြမ်းဖက်စစ်ကောင်စီမှ ငါဦးသေဆုံးခဲ့ကြောင်း ခရမ်း PDF က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။