Connect with us

Hi, what are you looking for?

News

NUG နဲ့ တရားဝင်သံတမန်အဆက်အသွယ်ထူထောင်ဖို့ နော်ဝေးအစိုးရကို ဝန်ကြီးဦးအောင်မျိုးမင်းတိုက်တွန်း

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက နော်ဝေးအစိုးရကို ပေးပို့တဲ့ သဝဏ်လွှာမှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)ကို ထောက်ခံကူညီမှုအား ဆက်လက်ထိန်းသိမ်းဖို့နဲ့ တိုက်တွန်းထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တရားဝင်သံတမန်အဆက်အသွယ်ထူထောင်ဖို့ နော်ဝေးအစိုးရကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက နော်ဝေးအစိုးရကို ပေးပို့တဲ့ သဝဏ်လွှာမှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)ကို ထောက်ခံကူညီမှုအား ဆက်လက်ထိန်းသိမ်းဖို့နဲ့ တိုက်တွန်းထားပါတယ်။

နော်ဝေးစီးပွားရေးလုပ်ငန်းတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီထိန်းချုပ်မှုအောက်ရောက်နေတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေ၊ စစ်ကောင်စီနဲ့ တစ်နည်းနည်း ဆက်စပ်တဲ့ လုပ်ငန်းတွေ စတာတွေနဲ့ ငွေကြေးဆိုင်ရာ ကူညီထောက်ပံ့မှု၊ ပူးပေါင်းဆောင်ရွက်မှု မလုပ်ဖို့လည်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် လာမယ့် ၂၀၂၂ ဇန်နဝါရီမှာ နော်ဝေးဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ယူချိန်မှာ မြန်မာ့အရေးကို ဖြေရှင်းလုပ်ဆောင်ဖို့၊ စစ်တပ်ခေါင်းဆောင်ပိုင်း ကို ပစ်မှတ်ထားအရေးယူတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရေး ဦးစားပေးသင့်တယ်လို့ တိုက်တွန်း ထားပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး အကြမ်းဖက်စစ်ကောင်စီကို လက်နက်တင်သွင်းခွင့် ပိတ်ပင်ရေး၊ ပြစ်မှုကျူးလွန်သူ တွေကို တာဝန်ခံမှုရှိစေရေးနဲ့ ဒီမိုကရေစီပြန်လည်အသက်သွင်းရေး၊ ဖမ်းဆီးခံနိုင်ငံရေးအကျဉ်း သားတွေ ပြန်လွှတ်ပေးရေးတို့ကို တောင်းဆိုလုပ်ဆောင်ပေးဖို့ နော်ဝေးအစိုးရကို တိုက်တွန်း ပါတယ်။

ဒီတောင်းဆိုချက်တွေဟာ လူ့အခွင့်အရေးကာကွယ်သူတွေအပေါ် နော်ဝေးအစိုးရရဲ့ ကမ္ဘာလုံး ဆိုင်ရာ ခေါင်းဆောင်မှုနဲ့ ကိုက်ညီမှုရှိတယ်လို့ ဝန်ကြီးဦးအောင်မျိုးမင်းက ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။