Connect with us

Hi, what are you looking for?

LuduNwayOo

News

ကျန်းမာရေးကြောင့် အမှုတွေကိုအပတ်စဉ်မစစ်ဆေးဖို့ ဒေါ်အောင်ဆန်းစုကြည် တရားရုံးကိုတင်ပြ

NLD အပြတ်အသတ်အနိုင်ရတဲ့ ၂၀၂၀ရွေးကောက်ပွဲ မှာ မဲမသမာမှု ရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်တပ်ဟာ အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီးအာဏာသိမ်းလိုက်တာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က သူ့ကိုစွပ်စွဲထားတဲ့အမှုတွေကို ရက်သတ္တပတ်တိုင်း မစစ်ဆေးဘဲ ရက်သတ္တပတ် ၂ ပတ် ကို ၁ ကြိမ် ပြောင်းစစ်ဖို့ ကျန်းမာရေးအခြေအနေ အရ တရားရုံး ကို တင်ပြခဲ့တယ်လို့ ရှေ့နေတွေဆီကသိရပါတယ်။

ဒီနေ့ နေပြည်တော် မှာ စစ်ဆေးတဲ့ရုံးချိန်းမှာတင်ပြခဲ့တာဖြစ်ပြီး တရားသူကြီးက လာမယ့်အပတ် ရုံးချိန်းမှာ ဆုံးဖြတ်ပေးမယ်လို့ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အပတ်စဉ် နေ့တိုင်းနီးပါး ရုံးထုတ်ခံနေရတဲ့အတွက် ကျန်းမာရေးအခြေအနေ ထိခိုက်နေပုံရတယ်လို့ ရှေ့နေ တွေက ပြောပါတယ်။

ပုံမှန်အားဖြင့် တပတ်ကို ပုံမှန် ၄ ရက်နီးပါး ရုံးထုတ်ထွက်နေရပါ။

Public Service Announcement

Public Service Announcement

ဒေါ်အောင်ဆန်းစုကြည်ဟာ ပုဒ်မ ၁၁ ခုနဲ့ တရားစွဲခံထားရတာဖြစ်ပြီး ပုဒ်မ ၅၀၅(ခ) နဲ့ သဘာဝဘေး ဥပဒေ နဲ့စွဲဆိုထားတဲ့အမှု တွေကို အပတ်စဉ် တနလာင်္နဲ့ အင်္ဂါနေ့တွေမှာစစ်ဆေးတာပါ။

ကြာသပတေးနေ့မှာ အစိုးရလျှို့ဝှက်ချက်ဥပဒေ နဲ့စွဲဆိုထားတဲ့အမှုကိုစစ်ဆေးပါတယ်။

အဂတိပုဒ်မ နဲ့ စွပ်စွဲခံရတဲ့အမှုကို တပတ်ခြားတခါ သောကြာနေ့တိုင်းစစ်ဆေးဖို့ တရားရုံးက ဆုံးဖြတ်ထားတာပါ။

NLD အပြတ်အသတ်အနိုင်ရတဲ့ ၂၀၂၀ရွေးကောက်ပွဲ မှာ မဲမသမာမှု ရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်တပ်ဟာ အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီးအာဏာသိမ်းလိုက်တာပါ။

အဲဒီနောက် ပုဒ်မအမျိုးမျိုးတပ်ကာ တရားစွဲဆိုတာပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

လွိုင်ကော်တက္ကသိုလ်မှ ကယ်တင်ခေါ်ထုတ်လာခဲ့သည့် Non-CDM ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များကို Non-CDM ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ ဖြင့် စိစစ်ဆောင်ရွက်ခဲ့ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)က ကနဦး အသိပေးသည်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်လွတ်မြောက်ရေး ပိုမိုအားထုတ်ပေးရန် နိုင်ငံတကာနှင့် တော်လှန်ရေးအင်အားစုများအား မေတ္တာရပ်ခံ

သတင်း

သြဂုတ် ၁၀ရက် ညနေ ၃နာရီခန့်က မုံရွာမြို့၊ ထန်းတောကျွန်းဆွယ်ရပ်ကွက်၊ နယ်မြေ (၄)တွင် လက်နက်ကိုင်လူတစ်စုက ကိုယ်ဝန်ဆောင်အမျိုးသမီးမအေးငြိမ်းသူအား သတ်ဖြတ်ကာ ဓားပြတိုက်သည့်ဖြစ်စဥ် ဖြစ်ပွားခဲ့သည်။