Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်ကောင်စီရဲ့ အင်တာနက်ဖြတ်တောက်ထားမှုအပေါ် NUG ဝေဖန်

အကြမ်းဖက်စစ်တပ်က ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းအတွင်းက မြို့နယ် ၂၅ ခုမှာ အင်တာနက်ဖြတ်တောက်ထားတာနဲ့ ပတ်သက်လို့ ဝန်ကြီးဦးအောင်မျိုးမင်းက သုံးသပ်ရေးသားထားတာ ဖြစ်ပါတယ်။

အင်တာနက်ဖြတ်တောက်ထားခြင်းဟာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သလို တခြားသော လူ့အခွင့်အရေးတွေကို ဆက်လက်ချိုးဖောက်ဖို့ ဖန်တီးတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဦးအောင်မျိုးမင်းက ပြောပါတယ်။

အကြမ်းဖက်စစ်တပ်က ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းအတွင်းက မြို့နယ် ၂၅ ခုမှာ အင်တာနက်ဖြတ်တောက်ထားတာနဲ့ ပတ်သက်လို့ ဝန်ကြီးဦးအောင်မျိုးမင်းက သုံးသပ်ရေးသားထားတာ ဖြစ်ပါတယ်။

“အင်တာနက်ဖြတ်ပြီး သတင်းအမှောင်ချမယ်။ အင်တာနက်ဖြတ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်မယ်။ ရခိုင်မှာ အင်တာနက်ဖြတ်ခံရပြီးနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရှိန်မြင့် ကျူးလွန်ခဲ့တာကို တွေ့နိုင်တယ်”လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ ကချင်ပြည်နယ်က ဖားကန့်၊ ချင်းပြည်နယ်က ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ မတူပီ၊ ကန်ပက်လက်၊ မင်းတပ်၊ ပလက်၀ စတဲ့မြို့ နယ် ၈ ခုတို့မှာ အင်တာနက်ဖြတ်တောက်ထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်းမှာဆိုရင် ယင်းမာပင်၊ ပုလဲ၊ ရေဦး၊ ကနီ၊ တန့်ဆည်၊ အရာတော်၊ ဘုတလင်၊ ပင်လည်ဘူး၊ ဝန်းသိုနဲ့ ကောလင်းစတဲ့ မြို့နယ် ၁၀ ခုနဲ့ မန္တလေးတိုင်းက မြင်းခြံနဲ့ မိုးကုတ်၊ မကွေးတိုင်းက တောင်တွင်းကြီး၊ မြိုင်၊ ထီးလင်း၊ ဂန့်ဂေါတို့မှာ အင်တာနက်ဖြတ်တောက်ခံထားရတယ်လို့ Infosheet 4 Human Rights:Myanmar အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

အဲဒီမြို့နယ်တွေထဲက အချို့မြို့နယ်တွေမှာ အင်တာနက်ရံဖန်ရံခါ ရရှိတဲ့မြို့နယ်တွေ ပါဝင်ပေ မယ့် အကြမ်းဖက်စစ်ကောင်စီက အပြည့်အ၀ထိန်းချုပ်ကာ ကန့်သတ်ပိတ်ပင်ထားတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

အဲဒီလို အကြမ်းဖက်စစ်ကောင်စီရဲ့ အင်တာနက်ဖြတ်တောက်တဲ့လုပ်ရပ်ဟာ ပြည်တွင်းဥပဒေတွေ၊ နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းတွေကို ချိုးဖောက်ဆန့်ကျင်နေတယ်လို့ Infosheet 4 Human Rights:Myanmar အဖွဲ့ကထောက်ပြထားပါတယ်။

“လွတ်လပ်စွာတွေးခေါ်ယုံကြည်ခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ သတင်းအချက်အလက် ရရှိခွင့် တို့ဟာ လူသားတွေအတွက်အဓိကကျတဲ့ ရရှိပိုင်ခွင့်ရှိကိုရှိရမယ့် အခွင့်အရေးဖြစ်ပါတယ်။စစ်အာဏာသိမ်းကာလတွေမှာ တွေးခေါ်ယုံကြည်ခွင့်တွေ၊ ထုတ်ဖော်ပြောဆိုခွင့်တွေ အကြမ်းမဖက် ဆန္ဒပြမှုတွေကို ပုံစံမျိုးစုံ၊ နည်းလမ်းမျိုးစုံသုံးပြီး ပိတ်ပင်တားဆီးကန့်သတ်ခဲ့ကြပါတယ်” လို့ Infosheet 4 Human Rights:Myanmar အဖွဲ့က ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူသိန်းချီအကူအညီလိုအပ်နေတဲ့ စစ်ကိုင်းတိုင်းရေဘေးကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ-NUG နဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ "အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)" ကို ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်