Connect with us

Hi, what are you looking for?

LuduNwayOo

News

အဂတိအမှု သက်သေထွက်ဆိုချက်တွေဟာ အဓိပ္ပာယ်မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည် တုံ့ပြန်

တရားလိုသက်သေ ရဲ့ထွက်ဆိုချက်တွေအပေါ် ဒေါ်အောင်ဆန်းစုကြည်က အင်္ဂလိပ်လို ” All absurd ” လို့ ရှေ့နေတွေကိုပြောပြခဲ့တာပါ။

[REUTERS / Cathal McNaughton / File Foto]

အဂတိပုဒ်မ နဲ့ စွပ်စွဲထားတဲ့အမှုမှာ တရားလိုပြသက်သေ ရဲ့ ထွက်ဆိုချက်တွေဟာ အဓိပ္ပာယ် မရှိတဲ့အကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က တုံ့ပြန်တယ်လို့ ရှေ့နေတွေဆီကသိရပါတယ်။ဒီနေ့ နေပြည်တော် ၊ ဇဗ္မူသီရိ အထူးတရားရုံး ရုံးထုတ်စစ်ဆေးမှုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ရှေ့နေတွေဟာ မနက် ၉ နာရီခွဲကစတင်ပြီး နာရီဝက်ကျော်ကြာ တွေ့ဆုံခဲ့ကြတာပါ။

အဲဒီလိုတွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က တရားလိုပြသက်သေရဲ့ ထွက်ဆိုချက်တွေဟာ အဓိပ္ပာယ် မရှိတဲ့အကြောင်း ပြောခဲ့တာလို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ဆီကသိရပါတယ်။

တရားလိုသက်သေ ရဲ့ထွက်ဆိုချက်တွေအပေါ် ဒေါ်အောင်ဆန်းစုကြည်က အင်္ဂလိပ်လို ” All absurd ” လို့ ရှေ့နေတွေကိုပြောပြခဲ့တာပါ။

ပြီးခဲ့တဲ့ သောကြာနေ့က ရုံးချိန်းမှာ တရားလိုပြသက်သေအဖြစ် ဦးဖြိုးမင်းသိန်း က ထွက်ဆိုရာမှာ သူရဲ့လုပ်ငန်းတွေအဆင်ပြေစေဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ရွှေချောင်းနဲ့ အမေရိကန်ဒေါ်လာတွေပေးခဲ့ရတယ်လို့ ထွက်ဆိုခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဒါပေမယ့်အဲဒီရုံးချိန်းမှာ ဦးဖြိုးမင်းသိန်း ဟာ ဒေါ်အောင်ဆန်းစုကြည်ကို မျက်နှာချင်းမဆိုင်ရဲခဲ့ဘူးလို့လည်း ရှေ့နေတွေဆီကသိရပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်လွတ်မြောက်ရေး ပိုမိုအားထုတ်ပေးရန် နိုင်ငံတကာနှင့် တော်လှန်ရေးအင်အားစုများအား မေတ္တာရပ်ခံ

သတင်း

စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးချုပ်နှောင်ထားမှုကနေ ပြန်မလွှတ်ပေးတာကိုလည်း သားငယ်ဖြစ်သူက ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။

သတင်း

သမ္မတကြီးဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ အတွက် ထောင်ဒဏ်နှစ် နှစ်၊ ပုဒ်မ ၅၀၅(ခ) အတွက် ထောင်ဒဏ် နှစ်နှစ် စုစုပေါင်းလေးနှစ်ချမှတ်ခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခဲ့သည့် ဒီဇင်ဘာ ၆ ရက်တွင် စုစုပေါင်းပြစ်ဒဏ်လေးနှစ်အနက် နှစ်နှစ်ကို လျှော့ပေါ့ခဲ့သည်။