Connect with us

Hi, what are you looking for?

News

အဂတိအမှု သက်သေထွက်ဆိုချက်တွေဟာ အဓိပ္ပာယ်မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည် တုံ့ပြန်

တရားလိုသက်သေ ရဲ့ထွက်ဆိုချက်တွေအပေါ် ဒေါ်အောင်ဆန်းစုကြည်က အင်္ဂလိပ်လို ” All absurd ” လို့ ရှေ့နေတွေကိုပြောပြခဲ့တာပါ။

[REUTERS / Cathal McNaughton / File Foto]

အဂတိပုဒ်မ နဲ့ စွပ်စွဲထားတဲ့အမှုမှာ တရားလိုပြသက်သေ ရဲ့ ထွက်ဆိုချက်တွေဟာ အဓိပ္ပာယ် မရှိတဲ့အကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က တုံ့ပြန်တယ်လို့ ရှေ့နေတွေဆီကသိရပါတယ်။ဒီနေ့ နေပြည်တော် ၊ ဇဗ္မူသီရိ အထူးတရားရုံး ရုံးထုတ်စစ်ဆေးမှုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ရှေ့နေတွေဟာ မနက် ၉ နာရီခွဲကစတင်ပြီး နာရီဝက်ကျော်ကြာ တွေ့ဆုံခဲ့ကြတာပါ။

အဲဒီလိုတွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က တရားလိုပြသက်သေရဲ့ ထွက်ဆိုချက်တွေဟာ အဓိပ္ပာယ် မရှိတဲ့အကြောင်း ပြောခဲ့တာလို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ဆီကသိရပါတယ်။

တရားလိုသက်သေ ရဲ့ထွက်ဆိုချက်တွေအပေါ် ဒေါ်အောင်ဆန်းစုကြည်က အင်္ဂလိပ်လို ” All absurd ” လို့ ရှေ့နေတွေကိုပြောပြခဲ့တာပါ။

ပြီးခဲ့တဲ့ သောကြာနေ့က ရုံးချိန်းမှာ တရားလိုပြသက်သေအဖြစ် ဦးဖြိုးမင်းသိန်း က ထွက်ဆိုရာမှာ သူရဲ့လုပ်ငန်းတွေအဆင်ပြေစေဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ရွှေချောင်းနဲ့ အမေရိကန်ဒေါ်လာတွေပေးခဲ့ရတယ်လို့ ထွက်ဆိုခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဒါပေမယ့်အဲဒီရုံးချိန်းမှာ ဦးဖြိုးမင်းသိန်း ဟာ ဒေါ်အောင်ဆန်းစုကြည်ကို မျက်နှာချင်းမဆိုင်ရဲခဲ့ဘူးလို့လည်း ရှေ့နေတွေဆီကသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။