Connect with us

Hi, what are you looking for?

News

မြန်မာ-တရုတ်ကုန်သွယ်​ရေးတွင် ဒုတိယအကြီးဆုံးချင်း​ရွှေ​​ဟောဂိတ်ကို တရုတ်က ​မနက်ဖြန်စပိတ်မည်

ကိုဗစ်ကာကွယ်ရေးပစ္စည်းများအပ ကျန်ကုန်ပစ္စည်းများကို တင်ပို့ ၊တင်သွင်းခွင့်ပြုတော့မည်မဟုတ်ကြောင်း တရုတ်နိုင်ငံဘက်က မြန်မာနိုင်ငံမှ အာဏာသိမ်းစစ်ကောင်စီ၏ ကုန်သွယ်ရေးဦးစီးဌာနကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး၏ ဒုတိယအကြီးဆုံး ကုန်သွယ်ရေးစခန်းဖြစ်သည့် ချင်းရွှေဟော်ကို အောက်တိုဘာ ၆ (မနက်ဖြန်)တွင် စတင်ပိတ်သိမ်းမည်ဖြစ်ကြောင်း တရုတ်နိုင်ငံက ကြေငြာလိုက်သည်။

ကိုဗစ်ကာကွယ်ရေးပစ္စည်းများအပ ကျန်ကုန်ပစ္စည်းများကို တင်ပို့ ၊တင်သွင်းခွင့်ပြုတော့မည်မဟုတ်ကြောင်း တရုတ်နိုင်ငံဘက်က မြန်မာနိုင်ငံမှ အာဏာသိမ်းစစ်ကောင်စီ၏ ကုန်သွယ်ရေးဦးစီးဌာနကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ နယ်စပ်ဂိတ်ပိတ်ပင်လိုက်ခြင်းကြောင့် တရုတ်- မြန်မာနယ်စပ်ကုန်သွယ်ရေး တရုတ်-မြန်မာနယ်စပ်ကုန်သွယ်မူ လုံးဝရပ်ဆိုင်းသွားပြီဖြစ်သည်။

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်မှုအားလုံး ရပ်ဆိုင်းသွားပြီဖြစ်သည်။

Public Service Announcement

Public Service Announcement

ချင်းရွှေဟော် နယ်စပ်ဂိတ်မှ ပဲအမျိုးမျိုး၊ကြက်သွန်၊ ငါးခြောက်စသည့် လယ်ယာထွက်ကုန်များကိုမြန်မာနိုင်ငံက တင်ပို့နေခြင်းဖြစ်သည်။တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံသို့ ဆပ်ပြာမှုန့်အပါအဝင် လူသုံးကုန်ပစ္စည်းများ တင်သွင်းနေခြင်းဖြစ်သည်။

“ဒီလိုဆိုရင် မြန်မာဘက်က စိုက်ပျိုးရေးထုတ်ကုန်တွေ ပို့လို့မရတော့ဘူး။ တောင်သူတွေ ဈေးကောင်းမရတော့ဘဲ။ ဈေးကွက်ပျက်သွားနိုင်တယ်”ဟု ကုန်သည်တစ်ဦးကပြောသည်။

ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းက ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ကျော်ကုန်သွယ်ခဲ့ပြီး မြန်မာဘက်က သန်း၄၀၀ ကျော်ဖိုး ကုန်ပစ္စည်းများတင်ပို့နိုင်ခဲ့သည်။

မြန်မာနိုင်ငံတွင် နယ်စပ်ကုန်သွယ်ရေးမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မူ ဒေါ်လာ ၁၀ ဘီလီယံကျော်ရှိသည်။ ၎င်းတို့အနက် တရုတ်နိုင်ငံနှင့် အများဆုံးကုန်သွယ်မှုလုပ်ငန်ခဲ့ပြီး ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၆ ဘီလီယံခန့်ရှိခဲ့သည်။

ချင်းရွှေဟော်နယ်စမ်ကုန်သွယ်ရေးစခန်းသည် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းပြီးနောက် ဒုတိယအကြီးဆုံးကုန်သွယ်ရေးဂိတ်ဖြစ်သည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင်အရေးပါသည့် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းရှိ ကျင်စန်းကျော့ဂိတ်၊ ဝမ်တိန်ဂိတ်၊ မန်ဝန်းဂိတ်၊ ဆင်ဖြူဂိတ်နှင့် နန်းတော်ဂိတ်တို့ကို ဇူလှိုင် ၈ရက်တွင် တရုတ်နိုင်ငံက ပိတ်ခဲ့ခြင်းဖြစ်သည်။

ကျယ်ဂေါင်တွင် မြန်မာနိုင်ငံသို့ တင်ပို့ရန် ကျန်ရှိသည့် ကုန်ပစ္စည်းများကို အောက်တိုဘာကုန်အပြီး သယ်ယူရန်လည်း တရုတ်ဘက်က အကြောင်းကြားထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံဘက်ကို လူငယ်တွေအများအပြားထွက်ခွာကြတယ်။ အရင်ခေတ် နှစ်ပေါင်းများစွာ ကတော့ “ထိုင်းဘက်သွားရင် အလုပ်ရမယ်” ဆိုတဲ့ အကြောင်းပြချက်ကိုအဓိကကြားရတယ်။တောင်ပေါ်သွားကြတယ်ဆိုတာကို မကြာခဏကြားရနေကျ။ ကိုယ့်ရပ်ရွာ၊ ကိုယ့်နိုင်ငံမှာထက် အလုပ်ပိုရှိလို့၊လုပ်အားခပိုကောင်းလို့၊ မိသားစုကို ပိုကောင်းကောင်း ထောက်ပံ့ချင်လို့ နယ်စပ်ဖြတ်ကြတယ်။

သတင်း

စူပါအယ်လ်နီညိုကြောင့်မြန်မာနိုင်ငံမှာလည်း​ခြောက်လအတွင်း (၂၀၂၆ ဇွန်လက​နေ ၂၀၂၇ ​ဖေ​ဖော်ဝါရီ လအထိ)လူ​ပေါင်း (၁၂၀၀ ​) ဝန်းကျင်​သေဆုံးနိူင်တယ်လို့ ကမ္ဘာ့ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေစုပေါင်းရေးသားပြုစုထားတဲ့ Climate Impact Lab ကခန့်မှန်းတွက်ချက်ထားပါတယ်။

နိုင်ငံတကာ

ဗြိတိန် သုတေသန လုပ်ငန်းတွေမှာ ငွေကြေးထည့်ဝင် ထောက်ပံ့ပြီး သူလျှိုလုပ်ငန်းတွေအတွက် အသုံးချနေနိုင်ကြောင်း ဗြိတိန် ထောက်လှမ်းရေးဌာန MI5က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန်က တရုတ်ဆီကို တကယ်တမ်း လက်နက်ရောင်းဖို့ အစီအစဉ် မရှိပါဘူးလို့ အိမ်ဖြူတော်က ရှင်းလင်းခဲ့ပါတယ်။

Trending

Facebook