Connect with us

Hi, what are you looking for?

News

ဆူပူအောင်လှုံဆော်တယ်ဆိုတဲ့စွပ်စွဲချက်ကို သမ္မတ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ကိုယ်တိုင်ထုချေမယ်

အောက်တိုဘာလ ၁၂ ရက်ရုံးချိန်းမှာ သမ္မတ က ဦးဝင်းမြင့်က ထုချေမှာဖြစ်ပြီ ၊အောက်တိုဘာလ ၂၆ ရက် ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ထုချေမှာပါ။

နိုင်ငံ ဆူပူအောင်လှုံဆော်တယ်ဆိုပြီး ရာဇသတ်ကြီး ပုဒ်မ၅၀၅(ခ) နဲ့ တရားစွဲတဲ့အမှုကို လာမယ့်ရုံးချိန်းတွေမှာ သမ္မတဦးဝင်းမြင့် နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ ကိုယ်တိုင် ထုချေကြမယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် ထံက သိရပါတယ်။

ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နဲ့ သမ္မတဦးဝင်းမြင့် ၊နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် တို့ကို စစ်ကောင်စီက တရားစွဲထားတာပါ။

ဒီစွပ်စွဲချက်ကို စွပ်စွဲခံရသူ ၃ဦးလုံးက ကိုယ်တိုင်ထုချေမှာဖြစ်ပါတယ်။

Public Service Announcement

အောက်တိုဘာလ ၁၂ ရက်ရုံးချိန်းမှာ သမ္မတ က ဦးဝင်းမြင့်က ထုချေမှာဖြစ်ပြီ ၊အောက်တိုဘာလ ၂၆ ရက် ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ထုချေမှာပါ။

Public Service Announcement

Public Service Announcement

ဒေါက်တာမျိုးအောင်က နိုဝင်ဘာလ ၂ ရက် ရုံးချိန်မှာ ထုချေမယ်လို့ ရှေ့နေတွေဆီကသိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် NLDပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက် ၂ စောင်နဲ့ပတ်သက်ပြီး ဆူပူအောင်လှုံဆော်တယ်ဆိုကာ တရားစွဲဆိုထားတာဖြစ်ပါတယ်။

အဲဒီကြေညာချက်တွေကတော့ စစ်ကောင်စီ ကိုအသိအမှတ်မပြုဖို့နဲ့ စစ်ကောင်စီက ထုတ်ပြန်တဲ့ ဥပဒေတွေဟာ တရားမဝင်တဲ့အကြောင်း ဆိုထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒီစာက မွေးနေ့ရှင်အတွက် ရေးတဲ့စာပါ။ အခြားမွေးနေ့တွေထက် ဒီနှစ်မွေးနေ့က ထူးခြားတဲ့မွေးနေ့အခါမို့ ရေးဖြစ်တာဆိုရင်လည်း မမှားပါဘူး။

သတင်း

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှောက်ပင်ကျေးရွာက စစ်တပ်စခန်းတိုက်ခိုက်ရာ ၃ ဦး သေဆုံးပြီး သေနတ် ၅လက် သိမ်းဆည်းရရှိတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို ပြည်လုံးကျွတ်လှုပ်ရှားမှာဖြစ်ပြီး ပြည်သူအားလုံး ​ဘေးကင်းတဲ့နည်းလမ်း​တွေနဲ့ပါဝင်ကြဖို့ သပိတ်​ခေါင်း​ဆောင်​တွေ ၊​သပိတ်အဖွဲ့နဲ့​တော်လှန်​​ရေးအင်အားစု​တွေက နှိုး​ဆော်​ပါတယ်။