Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်တပ်က သုံးကြိမ်တိုင်ရွာမီးရှို့၍ ထွက်​ပြေး​နေရ​သော ထယ်​လှော်ရွာသားများ အကူအညီလိုအပ်​နေ

အောက်တိုဘာ ၂ရက်က အကြမ်းဖက်စစ်တပ်၏ သုံးကြိမ်မြောက် ဖျက်စီးခံရမှုဖြစ်စဥ်တွင် ထယ်လှော်ကျေးရွာဘုန်ကြီးကျောင်းမှ ကားနှစ်စီးနှင့်ကျေးရွာရှိ ဆိုင်ကယ်များပါ ခိုးယူသွားသည်ဟု ဆိုသည်။

ဂန့်ဂေါမြို့နယ်ရှိ ထယ်လှော်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်များ သုံးကြိမ်ထက်မနည်း ဝင်ရောက်သောင်းကျန်းမီးရှို့ခဲ့၍ ထွက်ပြေးနေရသော ရွာခံများအတွက် အထောက်အပံ့များအ​ရေးပေါ်လိုအပ်နေကြောင်း ထယ်လှော်ရွာ- ပြန်လည်ထူထောင်ရေးအဖွဲ့က ပြောသည်။

အောက်တိုဘာ ၂ရက်က အကြမ်းဖက်စစ်တပ်၏ သုံးကြိမ်မြောက် ဖျက်စီးခံရမှုဖြစ်စဥ်တွင် ထယ်လှော်ကျေးရွာဘုန်ကြီးကျောင်းမှ ကားနှစ်စီးနှင့်ကျေးရွာရှိ ဆိုင်ကယ်များပါ ခိုးယူသွားသည်ဟု ဆိုသည်။

“ကျွန်တော်ရွာမှာ လူဦးရေ စုစုပေါင်း ၁၀၀၀ နီးနီးရှိတယ်။အားလုံးလိုလိုက ထွက်ပြေးနေရတာပါ။ အခု အလိုအပ်ဆုံးက စားနပ်ရိက္ခာနဲ့ ဆေးဝါးပဲဗျ။ကူညီကြဖို့လည်း မေတ္တာရပ်ခံပါတယ်”ဟု ထယ်လှော်ရွာ- ပြန်လည် ထူထောင်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ​ပြောသည်။

လက်ရှိတွင် နေအိမ်စုစုပေါင်း အိမ်၂၉လုံးမီးရှို့ဖျက်ဆီးခံခဲ့ရပြီး အိမ်အလုံး၅၀ ထက်မနည်း ဖျက်ဆီးခံထားရကြောင်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ထယ်လှော်ရွာ- ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့လိုပါက 09454596775၊09442354516 နှင့် 09400286315 သို့ဆက်သွယ်ပေးရန် မေတ္တာရပ်ခံထားသည်။

ထို့အပြင် ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျွန်းဒတ်ရွာ၊ နှမ်းခါးရွာ၊မြင်သားရွာ၊သာလင်းရွာနှင့် ရှာတောရွာများကိုလည်း အကြမ်းဖက်စစ်ကောင်စီက ရွာလုံးကျွတ်မီးရှို့မှုများနှင့် အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြသည်။

စစ်ကောင်စီ၏ ထိုးစစ်ဆင်ရာဒေသများဖြစ်သော စစ်ကိုင်း၊ချင်း နှင့် ကယားပြည်နယ်များအတွင်း၌လည်း လူနေအိမ်များမီးရှို့ဖျက်ဆီးမှုအပါအဝင် စစ်ရာဇဝတ်မှုပေါင်းများစွာကျူးလွန်နေသည်ဟု လူမှုအဖွဲ့အစည်းများက ထောက်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

လွန်ခဲ့တဲ့ ၁၇ နှစ်တုန်းက လူ ၅ ဦး သေဆုံးစေခဲ့တဲ့ ဂိမ်းဆိုင် မီးရှို့မှု တရားခံကို ဂျပန်က သေဒဏ်စီရင် ကွပ်မျက်ခဲ့ပါတယ်။